cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

နယ်စပ်မှ တင်ပို့နိုင်ခြင်းမရှိသဖြင့် ရော်ဘာကုန်ကြမ်း ဝယ်လိုအားနည်းပြီး ဈေးကျဆင်း

. Market Price
နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်နေခြင်းကြောင့် ရော်ဘာ ကုန်သည်များ၏ ဝယ်လိုအား လျော့ နည်း သွားသဖြင့် ရော်ဘာ ကုန်ကြမ်းဈေးနှုန်းများ ကျဆင်းလာတယ်လို့ ရော်ဘာခြံပိုင်ရှင်အချို့က ပြောပါ တယ်။
  • ရော်ဘာကုန်ကြမ်း တင်ပို့နေသည့် မြန်မာ၊ တရုတ်နယ်စပ် မှုဆယ် ၊ချင်းရွှေဟော် တွင် တိုက်ပွဲများကြောင့် လမ်းပန်းဆက် သွယ်ရေး ပြတ်တောက်မှုနှင့် အခြားအခက်ခဲများ ဖြစ်နေသဖြင့် ကုန်သွယ်ရေး ရပ်ဆိုင်းနေ သဖြင့် ရော်ဘာကုန်ကြမ်းဈေး နှုန်းများ နိုဝင်ဘာလ ဆန်းပိုင်း မှ စတင်ကာ ဆက်တိုက်သလို ကျဆင်းလာ ပါတယ်။

    “ပုံမှန်လာဝယ်နေကြ exporterတွေ ကုန်သည်တွေလည်း လာရောက်ဝယ်ယူမှုသိပ်မ ရှိတော့ဘူး။ လာ ရောက်ဝယ်ယူမှု မရှိတော့ဒီဘက်မှာ ရော်ဘာဈေးက ဆက်တိုက်ဆိုသလို ဈေးကျသွားတယ် ” လို့ မော်လ မြိုင်မှ ရော်ဘာခြံပိုင်ရှင် တစ်ဦးက ပြောပါတယ်။

    ပြည်တွင်း ရော်ဘာကုန်ကြမ်း တစ်ပေါင်လျှင်ယခင် က ၁၇၀၀ကျော် မှ ၁၈၀၀ ဝန်းကျင်ထိ ရှိခဲ့ပြီး လက်ရှိတွင် တစ်ပေါင်ကို ၁၂၀၀ မှ ၁၅၀၀ ဝန်းကျင်သာရှိ ကာ ဒေသအလိုက်ဈေးနှုန်များ ကွာဟနေပါတယ်။

    ပြည်ပတင်ပို့သူများ အနေဖြင့် သယ်ယူပို့ဆောင်ရေး အခက်ခဲ ဖြစ်ကာ စရိတ် မြင့် နေသည့် အတွက် ပြည်ပသို့ တင်ပို့ ပါကလည်း တွက်ခြေကိုက် မည် မဟုတ်ကြောင်း ရော်ဘာလုပ်ငန်းရှင်အချို့ကပြောပါတယ်။

    “exporter တွေ က အရင် ဈေးမြင့်နေတုန်းကလဲ တစ်ဒေါ်လာ ၂၁၀၀နဲ့ တွက်ရလို့ မတင်ပို့နိုင်ဘူး။လက်ရှိ အခြေအနေ မှာလည်း လမ်းပိုင်းဆက်သွယ်ရေး အခက်ခဲတွေ နဲ့ သယ်ယူပို့ဆောင်ရေး စရိတ် မြင့် နေတော့ မသွားနိုင်ဘူး။ အဓိက “ လို့ရော်ဘာ တင်ပို့သူတစ်ဦး ကပြောပါတယ်။

    ထိုအပြင် နိုင်ငံရေး အခြေအနေမကောင်းသည့် အတွက် ရော်ဘာအစေးခြစ်လုပ်သားများ မှာလည်း မိမိနေရပ် ဒေသ သို့ ပြန်ကြသည့် အတွက် လုပ်သမား ရှား ပါး အခက်ခဲများကိုလည်း ရော်ဘာခြံပိုင်ရှင်များ ကြုံတွေ့နေရ ပါတယ်။

    ပြည်တွင်း၌ ရော်ဘာ သုံးစွဲမူ နည်း သော ကြောင်းပြည်တွင်း ရော်ဘာ ဈေးကွက် အနေဖြင့် ပြည်ပကိုသာ အား ထား တင်ပို့နေရပါတယ်။ရော်ဘာ တစ်နိုင်ငံ လုံ စိုက်ဧက တစ်သန်း ခြောက်သိန်း နှင့် လေး သောင်း ကျော် ထိ ရှိ ပြီး ရော်ဘာ အထွက်နှုန်း မှာ တစ်နှစ် နှင့် တစ်နှစ် အထွက်နှုန်း များတိုးတက်လာပါတယ်။

    ရော်ဘာကို မြန်မာနိုင်ငံ တောင် ပိုင်းဒေသများဖြစ်သည့် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့တွင် အ များ ဆုံး စိုက်ပျိုးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင် ပြည်နယ်မှာလည်း စိုက်ပျိုးပါ တယ်။

    ဖိုးချဲ (AMIA)

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes7comments0
views4085