cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ပြည်တွင်းဆန်ဈေးမြှင့် ရောင်းချခြင်းမပြုဖို့ တိုက်တွန်းကြောင်း MRF ထုတ်ပြန်ကြေငြာ

. Market Price
စပါးကို တောင်သူလယ်သမားထံမှ ရည်ညွှန်းဈေးနှုန်းနှင့် ဝယ်ယူသိုလှောင် ကြိတ်ခွဲထားခြင်းကြောင့် ဆန်ဈေး နူန်းကို သင့်တင့်မျှတမှု ဖြစ်စေရန်နှင့် စားသုံးသူ ပြည်သူလူထုအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် ဆန်စက်လုပ် ငန်းရှင်၊ ဆန်စပါးကုန်သည်တွေ အပါအဝင် ဆန်စပါးကုမ္ပဏီတွေအနေနဲ့ အထူးဦးစားပေး လိုက်နာဆောင်ရွက် ဖို့ လိုအပ်တယ်လို့ သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားပါတယ်။
  • နိုင်ငံခြားငွေလဲနှုန်း မူဝါဒ အပြောင်းအလဲကို အခွင့်ကောင်းယူပြီး ပြည်တွင်းဆန်ဈေးကွက်တွင်ဈေးမြှင့် ရောင်းချမှုများ မပြုလုပ်ဘဲ သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့် ရောင်းချပေးရန် တိုက်တွန်းကြောင်း ဒီဇင်ဘာ ၈ရက်တွင် မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ်(MRF)က ထုတ်ပြန်ကြေငြာလိုက်ပါတယ်။


    လက်ရှိ မိုးစပါးပေါ်ချိန်တွင် ပြည်တွင်းဆန်ဖူလုံမှုသည် လုံလောက်သည်ထက်ပိုလျှံမှုများရှိနေသဖြင့် စားသုံး သူပြည် သူများအနေဖြင့် ပုံမှန်အတိုင်း လိုအပ်သလောက်သာ ဝယ်ယူရန် MRFက တိုက်တွန်းထားပါတယ်။


     စပါးကို တောင်သူလယ်သမားထံမှ ရည်ညွှန်းဈေးနှုန်းနှင့် ဝယ်ယူသိုလှောင် ကြိတ်ခွဲထားခြင်းကြောင့် ဆန်ဈေး နူန်းကို သင့်တင့်မျှတမှု ဖြစ်စေရန်နှင့် စားသုံးသူ ပြည်သူလူထုအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် ဆန်စက်လုပ် ငန်းရှင်၊ ဆန်စပါးကုန်သည်တွေ အပါအဝင် ဆန်စပါးကုမ္ပဏီတွေအနေနဲ့ အထူးဦးစားပေး လိုက်နာဆောင်ရွက် ဖို့ လိုအပ်တယ်လို့ သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားပါတယ်။


    လတ်တလော ကြုံတွေ့နေရတဲ့ စက်မောင်းဆီဝယ်ယူရေး ဆိုင်ရာ အခက်အခဲကလည်း ရက်ပိုင်းအတွင်း ပြေ လည်နိုင်တဲ့ အခြေအနေဖြစ်ပြီး၊ နွေစပါးရာသီ အတွက်လည်း စက်မောင်းဆီ (ဒီဇယ်ဆီ) နဲ့ ဓါတ်မြေဩဇာကို သက်သာတဲ့ ဈေးနှုန်းနဲ့ လုံလောက်စွာ ရရှိရေး ညှိနှိုင်းစီစဉ် ဆောင်ရွက်နေပါတယ်။


    ဈေးနှုန်းမတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ပြီး ဈေးနိမ့်ဖြင့် ဝယ်ယူသှိလှောင်၍ ဈေးမြင့်ဖြင့် ပြန်ရောင်းချမှုများကို စုံ စမ်းဖေါ်ထုတ်ထိန်းကျောင်းရန် ဆောင်ရွက်နေတယ်လို့ MRF ဥက္ကဌ ဦးရဲမင်းအောင်က ပြည်တွင်းသတင်း မီဒီ ယာများကို ပြောထားပါတယ်။


    “ဈေးတင်ရောင်းတာရှိရင် ကျနော်တို့ ဈေးကစားတဲ့သူတွေကိုဖော်ထုတ်ပြီးတော့တားမြစ်တာ စည်းရုံးတာ ပ ညာ ပေးတာ မရဘူးဆိုရင်တော့ဥပဒေနဲ့အညီအရေးယူဖို့စီစဉ်တာတွေလုပ်ရမယ့်အနေအထားဖြစ်ပါတယ် တ ဖက် ကလည်းဒါကအရေးကြီးပါတယ် " လို့ MRF ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောပါတယ်။


    နိုဝင်ဘာလ အတွက် MRF က ထုတ်ပြန်ထားတဲ့ ဆန်ရည်ညွှန်းဈေးနူန်းတွေကတော့ ၁၀၈ပေါင်ရှိတဲ့ ၂၄ ပြည် ဆန်တစ်အိတ်ကို ဧည့်မထအုပ်စုဖြစ်တဲ့ ၂၅ မှတ်ဆန်အတွက် ၅၈၀၀၀ ကျပ်မှ ၆၀၀၀၀ သတ်မှတ်ထားပြီး ၁၅ မှတ်ဆန်အတွက် ၆၀၀၀၀ ကျပ်မှ ၆၂၀၀၀ ကျပ်အတွင်း ၁၀-၅ မှတ်ဆန်အတွက် ငွေကျပ် ၆၂၀၀၀ ကျပ်မှ ၆၄၀၀၀ ကျပ် သတ်မှတ်ထားပါတယ်။ 


     ဧရာမင်းဆန်၊ ဧရာပဒေသာ နှင့် အထူးဧည့်မထအုပ်စုများဖြစ်တဲ့ ၂၅ မှတ်ဆန်တစ်အိတ်ကို ၆၅၀၀၀ ကျပ် မှ ၇၀၀၀၀ အတွင်း၊ ၁၅ မှတ်ဆန်တစ်အိတ်ကို ၇၀၀၀၀ ကျပ်မှ ၇၅၀၀၀ အတွင်း၊ ၁၀-၅ မှတ်ဆန်တစ်အိတ်ကို ငွေကျပ် ၇၅၀၀၀ မှ ၈၀၀၀၀ အတွင်း သတ်မှတ်ထားပါတယ်။

     

    ချစ်ခွန်းချို(AMIA)

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes4comments0
views1246