cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ခရမ်းချဉ်စိုက်ခင်းမှာ ယင်ဖြူတွေကျတဲ့အခါ

. Pests Management
ယင်ဖြူဖျက်ပိုးအား ကာကွယ်နှိမ်နှင်းခြင်း
  • - အရွယ်ရောက် ယင်ဖြူကောင်သည် အဝါရောင် ကိုယ်ထည်ရှိပြီး အဖြူရောင် တောင်ပံ လေးခု ပါရှိပါသည်။

    - ယင်ဖြူအမများသည် အရွက်၏ အောက်ဘက်မျက်နှာပြင်တွင် ဥများ ဥလေ့ရှိသည်။

    - ပိုးမမည် ကောင်လေးများသည် အများအားဖြင့် အရွက်အောက်ဘက် မျက်နှာပြင်တွင် မရွေ့လျားဘဲ ရှိနေတတ်ပါသည်။

    ယင်ဖြူဖျက်ပိုးအား ကာကွယ်နှိမ်နှင်းခြင်း

    ဘက်စုံနည်းလမ်းဖြင့် ကာကွယ်နှိမ်နှင်းခြင်း

    - စိုက်ပျိုးရာသီအစတွင် ယင်ဖြူများ ကျရောက်မှုမှ ကာကွယ်ရန် အဝါရောင် စေးကပ်ထောင်ချောက်များကို အပင်များ၏ အပေါ်တွင် ချိတ်ဆွဲထားကာ ဖမ်းယူလေ့ရှိပါသည်။

    - ယင်ဖြူကျရောက်နေသည့် စိုက်ခင်းကို ရေပြင်းအားများသည့် ဆေးဖျန်းခေါင်းဖြင့် ပက်ဖျန်းခြင်းဖြင့် ယင်ဖြူများနှင့် ဥများကို အပင်ပေါ်မှ ဖယ်ရှားနိူင်ပါသည်။

    - ရောင်ပြန် ပလတ်စတစ် သို့မဟုတ် ရောင်ပြန် အလူမီနီယံပြာများကို ယင်ဖြူကျနိုင်ခြေရှိသည့် အပင်များ ပတ်ဝန်းကျင်တွင် ဖြန့်ကျက်ထားပါ။ ၎င်းတို့သည် ယင်ဖြူများအား အပင်များပေါ်တွင် နေထိုင်ရန် ခက်ခဲစေသည့်အပြင် ဥရာတွင်လည်း ခက်ခဲစေပါသည်။

    - ယင်ဖြူရန်မှ ကာကွယ်ရန် စိုက်ချိန်မှန် စိုက်ပျိုးပေးရန် လိုအပ်ပါသည်။ (ဆောင်းစိုက်ခင်း-အောက်တိုဘာလကုန်-နိုဝင်ဘာလဆန်းအတွင်း စိုက်ပျိုးပေးရမည်။)

    - ငှက်များ၊ ပင့်ကူများ၊ ဇာတောင်ပိုး၊ ပျစားယင်၊ ကျိုင်းကောင်စသည်တို့သည် ယင်ဖြူများကို စားသုံးနှိမ်နင်းပေးသော မိတ်ဆွေပိုးများ ဖြစ်ကြပါသည်။ လိပ်ခုံးကျိုင်းများသည်လည်း ယင်ဖြူများကို စားသောက်ပစ်လေ့ရှိပါသည်။

    - စိုက်ခင်းအတွင်းနှင့် ပတ်ဝန်းကျင်တွင် ယင်ဖြူများ များပြားမှုကို နှိမ်နင်းရန်အတွက် ပေါင်းပင်များကို ရှင်းလင်းဖယ်ရှားပစ်ပါ။

    - ပိုးကျရောက် ဖျက်ဆီးထားသော အရွက်များနှင့် အကိုင်းများကို ဖယ်ရှားပါ။

    - စိုက်ခင်း အနီးအနားကို လမ်းဖြတ်လျှောက်သည့် အခါ အရွက်အောက်မှာ ပုန်းနေတဲ့ အကောင်တွေ ဖွေးခနဲ ပျံသန်းသွားခဲ့ရင် စိုက်ခင်းမှာ ယင်ဖြူကျရောက်နေပြီ ဆိုတာသိနိုင်ပါတယ်။

    - ထိုအခြေအနေမှာ စိုက်ခင်းမှာ ကျရောက်နေတဲ့ ယင်ဖြူကို ပိုးသတ်ဆေးသုံးပြီး ကာကွယ်နှိမ်နင်း နိုင်ပါတယ်။ ဤနည်းဖြင့် ယင်ဖြူ၏ အကောင်ငယ် အဆင့်မှ အကောင်ကြီး အဆင့်ထိကို ထိရောက်စွာ နှိမ်နင်းပေးနိုင်ပါတယ်။

    - အဝါရောင်သည် ယင်ဖြူကို ဆွဲဆောင်နိုင်သောကြောင့် မိမိစိုက်ပျိုးတဲ့တဲ့ သီးနှံ၏ စိုက်ခင်းဘေးမှာ အဝါရောင်ရှိတဲ့ သီးနှံတစ်မျိုးမျိုးကို လက်ခံလွှဲပင် အဖြစ်စိုက်ပျိုးခြင်းဖြင့် ယင်ဖြူကျရောက်မှုကို ဟန့်တားနိုင်ပါတယ်။

    - စိုက်ခင်းဘေးနားမှာ ရှိတဲ့ ပေါင်းမြက်တွေမှာ ယင်ဖြူခိုအောင်း နေထိုင်နိုင်တာကြောင့် ပေါင်းမြက်များကို ရှင်းလင်း ထားရပါမည်။

    - ယင်ဖြူ မလာစေရန် စိုက်ခင်းဘေးနားမှာ ချစ်တီးပန်းများ စိုက်ပျိုးထားနိုင်ပါသည်။

    - စိုက်ခင်းကို ရေပုံမှန်ဖျန်းပေးပါ။ အရွက်၏ အောက်မျက်နှာပြင်ကို ဂရုစိုက်ပြီး ဖျန်းပေးဖို့ လိုအပ်ပါတယ်။ ဤနည်းလမ်းက အကောင်ကြီးအဆင့်ကိုသာ နှိမ်နင်းနိုင်ပါတယ်။ (၃-၄) ရက်ခြား တစ်ခါ ပြုလုပ်ပေးမယ်ဆိုရင် ရုပ်ဖုံး အဆင့်ကနေ ထွက်လာတဲ့ ယင်ဖြူ အကောင်ကြီးမျာကို ဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်။

    - ရေ၄ဂါလံဝင် ဆေးဖျန်းပုံးတပုံးအတွက် တမာ ပိုးသတ်ဆေး အဇာဒီရာ ခိုင်တင်(Azadirchtin 0.03% EC) စားပွဲတင်ဇွန်း ၈ဇွန်းကို ပက်ဖြန်းပေးခြင်းဖြင့် ယင်ဖြူကျရောက်မှုမှ ကာကွယ်နိုင်ပါသည်။

    - ပိုးကျရောက်မှုပေါ် မူတည်၍ တစ်ဧကလျှင် ဆေးဖျန်းပုံး ၄ပုံး-၅ပုံး အသုံးပြုနိူင်ပါသည်။

    - ပိုးကျနေသော အပင်များရှိ ဥများကို ရှာဖွေဖျက်ဆီးပစ်ပါ။

    ယင်ဖြူရန်မှ ကာကွယ်ရန် ဖော်ပြပါ ပိုးသတ်ဆေးများကို အသုံးပြုနိုင်ပါသည်။

    ၁။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် ထရိုင်ဇိုဖော့ ၁၆.၇% w/v +ကလိုရို ပယ်ရီဖော့ ၈.၃ w/v စားပွဲတင်ဇွန်းဝက် (၆-၁၀) ဇွန်းနှုန်း

    ၂။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် အစီတာမီပရစ်ဒ် ၁.၈% အီးစီ စားပွဲတင်ဇွန်း (၄-၅) ဇွန်းနှုန်း

    ၃။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် အစီတာမီပရစ်ဒ် ၂၀% w/v + လမ်ဘဒါ ဆိုင်ဟေလိုသရင် ၅% w/w စားပွဲတင်ဇွန်း (ဝ.၅-၁) ဇွန်းနှုန်းသို့မဟုတ် ဈေးကွက်အတွင်း ဝယ်ယူရရှိနိုင်သာ ပိုးသတ်ဆေးထုတ်များတွင် ပါရှိသည့် မြန်မာစာ အညွှန်းအတိုင်း အသုံးပြုနိုင်ပါသည်။ (မြန်မာစာဆေးညွှန်းကို သေချာဖတ်ပြီး လိုက်နာဆောင်ရွက်ပါ)


  • article
  • article
  • article
  • article
  • article
  • article
  • article
likes13comments1
views2288