cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ဖိလစ်ပိုင်သို့ မြန်မာ့ကြက်သွန်နီ အရည်အသွေး အကဲဖြတ်ရန် စမ်းသပ်တင်ပို့မှု ကနဦးဆောင်ရွက်မည်

. Market Price
လက်ရှိမှာ မြန်မာ့ကြက်သွန်နီကို ဖိလစ်ပိုင်နိုင်ငံထံ တင်ပို့နေပေမယ့် တရုတ်၊ ထိုင်းနဲ့ ဗီယက်နမ်ကုန်သည်တွေကတစ်ဆင့် ရောင်းချရတာဖြစ်လို့ ကုန်ကျစရိတ်မြင့်မားတာကြောင့် တိုက်ရိုက်တင်ပို့နိုင်ဖို့ လုပ်ဆောင်နေခြင်းလည်း ဖြစ်ပါတယ်။
  • မြန်မာနိုင်ငံအနေနဲ့ အစိုးရချင်းသဘောတူညီမှုစာချုပ် (G-to-G) အရ ဖိလစ်ပိုင်နိုင်ငံကို မြန်မာ့ကြက်သွန်နီ တရားဝင်တင်ပို့နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ဆောင်ရွက်နေတယ်လို့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ မြန်မာ့စီးပွားရေးသံမှူးက ပြောကြားထားပါတယ်။

    ကနဦးဆောင်ရွက်မှုအဖြစ် နှစ်နိုင်ငံအကြား G-to-G သဘောတူညီချက်ရရှိရေးအတွက် ကြက်သွန်နီရဲ့ အရည်အသွေးကို အကဲဖြတ်ဖို့ အစမ်းတင်ပို့သွားမယ်လို့ ဆိုပါတယ်။

    အဆိုပါသဘောတူညီချက်ကို အကောင်အထည်ဖော်နိုင်ဖို့ မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူ နှင့် မီးဖိုချောင်သုံးသီးနှံ စိုက်ပျိုးထုတ်လုပ်သူများအသင်းနဲ့ နိုင်ငံတကာကုန်သွယ်မှုကော်ပိုရေးရှင်း-PITC(ဖိလစ်ပိုင်)၊ စိုက်ပျိုးရေးဦးစီးဌာန လက်အောက်က စက်ရုံနှင့် စက်မှုလုပ်ငန်းဗျူရိုတို့ ချိတ်ဆက်ဆောင်ရွက်နေပါတယ်။

    ဖိလစ်ပိုင်နိုင်ငံက ဒီဇင်ဘာလတွင် ကြက်သွန်နီ တန်ချိန်(၂၁,၀၀၀) တင်သွင်းဖွယ်ရှိကြောင်း စက်ရုံနှင့်စက်မှုလုပ်ငန်းဗျူရိုက အသိပေးထုတ်ပြန်ထားပြီး ခရစ္စမတ်ကာလအတွင်း ကြက်သွန်နီပြတ်လပ်မှုကို ရှောင်ရှားရန်နှင့် ဖြစ်ပေါ်လာနိုင်သော ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်ရန်အတွက် ကြက်သွန်နီပမာဏကို လုံလောက်စွာ တင်သွင်းမယ်လို့ ဆိုထားပါတယ်။

    လက်ရှိမှာ မြန်မာ့ကြက်သွန်နီကို ဖိလစ်ပိုင်နိုင်ငံထံ တင်ပို့နေပေမယ့် တရုတ်၊ ထိုင်းနဲ့ ဗီယက်နမ်ကုန်သည်တွေကတစ်ဆင့် ရောင်းချရတာဖြစ်လို့ ကုန်ကျစရိတ်မြင့်မားတာကြောင့် တိုက်ရိုက်တင်ပို့နိုင်ဖို့ လုပ်ဆောင်နေခြင်းလည်း ဖြစ်ပါတယ်။

    မြန်မာနိုင်ငံမှာ ကြက်သွန်နီကို မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ စိုက်ပျိုးကြပြီး နှစ်စဉ်တန်ချိန် ၅၀,၀၀၀ ကျော်ကို ပြည်ပဈေးကွက်တွေထံ တင်ပို့လျက်ရှိပါတယ်။

    သတင်း - BETV Business

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes3comments1
views1093