cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ဖရဲသီး ခူးဆွတ်ခြင်း

. Harvest Management
ဖရဲပင်ကို လိမ်၍ခူးခြင်း၊ ဆွဲခူးခြင်းမလုပ်ဘဲ
  • ဖရဲသီး ခူးဆွတ်၊ ရိတ်သိမ်းသည့် ကုန်ကျစရိတ်သည် စိုက်ပျိုးသည့် ကုန်ကျစရိတ်ထက် ပိုကုန်ကျသည်။ ထို့ကြောင့် ဖရဲသီးကို ရင့်မှည့်သည့် အချိန်တွင် အချိန်ကိုက် ရိတ်သိမ်းပြီး ဈေးကွက်ဝင်သည့် အသီးကောင်းရစေရန် ထိခိုက်မှု ဒဏ်ရာ မရစေရန် ဂရုစိုက်ရမည်။ 


    ဖရဲပင်ကို လိမ်၍ခူးခြင်း၊ ဆွဲခူးခြင်းမလုပ်ဘဲ အပင်ကိုဓါး (သို့မဟုတ်) တံစဉ်ဖြင့် ဖြတ်၍ ခူးပေးပါ။ လက်ဖြင့် ဆွဲခူးလျှင် ဖရဲသီးတွင် ဒဏ်ရာရပါက မှိုရောဂါ နှင့် ဘက်တီးရီးယား ရောဂါများ ဝင်နိုင်သောကြောင့် ဖြစ်သည်။ ဖရဲသီးကို မှိုနှင့် ဘက်တီးရီးယားများ ဝင်ပါက အတွင်းသားသည် ချဉ်သည့် အရသာ ပြောင်းသွားသည်။ ဖရဲသီး ခူးပြီးသည့်နောက် ရောင်းချရန် ကားပေါ်တင်သည့် အခါ မပျက်စီးစေရန် စနစ်တကျ လုပ်ဆောင်ရမည်။  


  • article
likes7comments0
views1997