cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ဆန်ကြမ်းအဟောင်းဈေး ကျပ်တစ်သိန်နီးပါးအထိ ဈေးတက်

. Market Price
ရန်ကုန်ဆန်ဈေးကွက်ထဲမှာ အခုအပတ်အတွင်း ဆန်ကြမ်းအဟောင်း တစ်အိတ်ကို ကျပ်တစ်သိန်းနီးပါးထိ မြင့်တက်လာတယ်လို့ ရန်ကုန်မြို့က ဆန်လက်ကားရောင်းချနေသူတွေဆီက သိရပါတယ်။
  • ရက် ၉၀ နဲ့ အညာသား ဆန်ကြမ်း အဟောင်းအမျိုးအစားတွေကတော့ တစ်အိတ်ကို အရင်က ကျပ်ရှစ်သောင်း ကျော်ကနေ အခုအခါမှာတော့ ကျပ်ကိုးသောင်း ခြောက်ထောင်လောက်ထိ မြင့်တက်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

    ဆန်ကြမ်းအဟောင်းဈေး မြင့်တက်လာတာဟာ ဈေးကွက်ထဲမှာ ဆန်ကြမ်းအဟောင်းတွေ ဝယ်ယူရတာ ခက်ခဲ သလို ဈေးတက်လာတဲ့အတွက် ဝယ်ယူမယ့်သူလည်း မရှိသလောက် ဖြစ်နေတယ်လို့ ရန်ကုန်မြို့က ရွှေမိုး ဆန်ရောင်းဝယ်ရေးက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

    ဆန်ကြမ်းအဟောင်းဈေး တက်နေသလို ကြားပျံ စတဲ့ ဆန်ချောအမျိုးအစားတွေကလည်း တစ်အိတ်ကို ကျပ်ငါးထောင်လောက်ထိ ဈေးတက်လာတယ်လို့ ဆိုပါတယ်။

    ဆန်ဈေးတက်နေတဲ့အတွက်လည်း ဆန်လက်ကားဆိုင်တွေမှာတော့ ဝယ်လက်တွေက ဝယ်ယူတာမရှိဘဲ ထိန်းဝယ်နေတဲ့ အနေအထားမှာ ရှိတယ်လို့လည်း ရွှေမိုး ဆန်ရောင်းဝယ်ရေးက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

    ဒါ့အပြင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဒီဇင်ဘာလအတွက် အရောင်းအဝယ်ပြုရမယ့် သင့်တင့်မျှတတဲ့ ဆန်ဈေးနှုန်းတွေကိုလည်း ထုတ်ပြန်ထားပြီး ရက် ၉၀၊ ပခန်း၊ အညာသား၊ အထူးဧည့်မထအုပ်စု ဆန်တစ်အိတ်ကို ခြောက်သောင်း ရှစ်ထောင်ကျပ်ကနေ ခုနစ်သောင်းနှစ်ထောင်ကျပ်အထိ ဈေးသတ်မှတ်ထားသလို ရွှေဘိုပေါ်ဆန်း တစ်အိတ်ကိုတော့ ကိုးသောင်းကျပ်ကနေ ကိုးသောင်း ငါးထောင်ကျပ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

    One News Myanmar မှကူးယူဖော်ပြပါသည်။

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes4comments1
views1532