cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ထိုင်း၊ တရုတ်၊ ဗီယက်နမ်နိုင်ငံတို့ကို ပြောင်းတန် ၇သိန်း တင်ပို့ရန် MOU ထိုးထားသည်ဟုဆို

. Market Price
ထိုင်း၊ တရုတ်၊ ဗီယက်နမ်နိုင်ငံကို မြန်မာ့ပြောင်းဆံ တန်ချိန် ၇ သိန်းဝန်းကျင် တင်ပို့ရန် MOU (နားလည်မှု စာချွှန်လွှာ) လက်မှတ်ရေးထိုးတားထယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ကိုဖြိုးကိုကို က ပြောပါတယ်။
  • တစ်နှစ် တန်၂သန်းခန့် ပြည်ပဈေးကွက်ကို တင်ပို့နေသော မြန်မာပြောင်းဆံသည် လယ်ယာထွက်ကုန် ပြည်ပ သို့ တိုးမြှင့် တင်ပို့ရေးအတွက် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေပါတယ်။

    လက်ရှိ MOUထိုးထားသော နိုင်ငံများ သည် နှစ်စဉ် ပြည်ပမှ ပြောင်းတန်ချိန် သန်းချီ၍ တင်သွင်းနေရသော နိုင်ငံတွေဖြစ်ပါတယ်။လက်ရှိ အဆိုပါ ၃ နိုင်ငံမှ ကုမ္ပဏီ ၇ ခုနှင့် မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်အသင်းတို့ ချိတ်ဆက်ပြီး MOU ရေးထိုးထားတာဖြစ်ပါ တယ်။

    " သူတို့က ပုံမှန်ဝယ်နေကျဖောက်သည်တွေပါပဲ ခုနှစ်မှာတော့ အသင်းနဲ့ပူးပေါင်း ညှိနိူင်းပြီး mou ထိုးပြီး ဝယ် ယူတဲ့သဘောပေါ့။ " လို့ ကိုဖြိုးကိုကိုက ရှင်းပြပါတယ်။

    ထိုင်း၊ဗီယက်နမ်၊ တရုတ်နိုင်ငံကို ပြောင်းတင်ပို့ရာမှာ ယခ MOU ရေးထိုးတဲ့ ကုမ္ပတွေအပြင် နှစ်နိုင်ငံ ကုမ္ပဏီ များချိတ်ဆက်ပြီး ရောင်းဝယ်မှုတွေလည်းရှိပါတယ်။

    လက်ရှိ မူဆယ်နယ်စပ်လမ်းကြောင်း ပိတ်နေခြင်းကြောင့် တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးဖြင့် ပြောင်းဆံရောင်းချရာတွင် မိုင်းလားကနေ တင်ပို့နေရတယ်လို့ ကုန် သည်အချို့ကပြောပါတယ်။ ထိုအပြင် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးဖြင့် ဖီလစ်ပိုင်နိုင်ငံသို့လည်း ပြောင်း ဆံတင်ပို့ရောင်းချမှုတွေ ရှိနေပါတယ်။

    ဗဟိုဘဏ် ငွေလဲနှုန်း မူဝါဒ ပြောင်းလဲပြီးနောက် ရန်ကုန်ဈေးကွက်တွင် ပြောင်းဆံတစ်ပိဿာကို ၁၀၀၅ ကျပ် ကနေ ၁၁၁၅ ကျပ်သို့ ဈေးမြင့်တက်လာပါတယ်။ပြည်တွင်းဈေးကွက်တွင် ပြောင်းဆံဈေးနှုန်းက ၁၀ရာခိုင်နှုန်း ခန့် မြင့်တက်လာခြင်းဖြစ်ပါတယ်။

    မြန်မာနိုင်ငံမှာ ပြောင်းစိုက်ပျိုးမှုအနေနဲ့ စိုက်ဧက ၂ သန်းကျော် ရှိပြီး ထွက်နူန်းက တန်ချိန် ၃ သန်းကျော် ထွက် ရှိကြောင်း ၊ ထွက်ရှိတဲ့ ပြောင်းကို ပြည်တွင်းသုံးစွဲမှုက တန်ချိန် ၁သန်းလောက်ရှိပြီး ပြည်ပကို တင်ပို့မှုက တန် ချိန် ၂ သန်းကျော်ရှိတယ်လို့သိရပါတယ်။

    ချစ်ခွန်းချို(AMIA)


  • article
likes5comments0
views2062