cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ပုံစံ ၇ ရှိသည့် တောင်သူများထံ တစ်ဧက ကျပ် ၄ သိန်းနှုန်း စိုက်ပျိုးစရိတ် ချေးပေးရန် စီစဉ်နေ

. All News
လက်ရှိနွေစပါး စိုက်ပျိုးရာသီမှာ (၁၀) ဧကအထက် လယ်ယာမြေပိုင်ဆိုင်တဲ့ တောင်သူများကို ပုံစံ (၇) အာမခံနဲ့ စိုက်ပျိုးစရိတ် ထုတ်ချေးပေးဖို့ စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က ထုတ်ပြန်ထားပါတယ်။
  • ကြာသာပတေးနေ့က မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ AD လိုင်စင်ရဘဏ်တို့ ချေးငွေထုတ်ပေးနိုင်ရေးအတွက် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။

    လုပ်ငန်းညှိနှိုင်းအစည်းအဝေးအတွင်း ကာလတိုချေးငွေအဖြစ် တစ်ဧကလျင် ကျပ် (၄) သိန်းနှုန်း ထုတ်ချေးပေးနိုင်ရေးအတွက် အဓိကဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။

    ချေးငွေထုတ်ချေးပေးမယ်လို့ ကြားသိရပေမယ့် ဘယ်လိုပုံစံမျိုးနဲ့ ထုတ်ချေးပေးမလဲဆိုတာတော့ မသိသေးဘူးလို့ ဧရာဝတီတိုင်းဒေသကြီးမှ စပါးစိုက်တောင်သူတစ်ဦးက ပြောပါတယ်။

    အစည်းအဝေးကို AD လိုင်စင်ရဘဏ်များဘက်မှ KBZ Bank ၊ A Bank ၊ AYA Bank ၊ YOMA Bank ၊ UAB Bank တို့မှ တာဝန်ခံဝန်ထမ်း ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်ခဲ့ပါတယ်။

    ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ နေပြည်တော်ကောင်စီနယ်မြေနဲ့ မန္တလေးတိုင်းဒေသကြီးက နွေစပါးစိုက်ပျိုးတဲ့ ဧရိယာတွေမှာ ရှေ့ပြေးစီမံကိန်းအဖြစ် တစ်ဧက ကျပ် (၄) သိန်းနှုန်းနဲ့ ဧက (၁)သိန်းကို စတင်ပေးအပ်သွားဖို့ စီစဉ်ထားပါတယ်။

    (၁)ဧကကို ကျပ် (၄) သိန်းနှုန်းနဲ့ စိုက်ပျိုးစရိတ် ထုတ်ချေးပေးပါက ရေတိုခဏတာအတွက်ပဲ အဆင်ပြေနိုင်ကြောင်းနဲ့ လက်ရှိအခြေအနေက သွင်းအားစုဈေးနှုန်းတွေ မြင့်တက်နေကြောင့်လို့ စိုက်ပျိုးတောင်သူက ထောက်ပြထားပါတယ်။

    လက်ရှိ မြန်မာနိုင်ငံမှာ နွေစပါးစိုက်ဧက နှစ်သန်းခန့်ရှိပြီး စပါးတင်းပေါင်း (၂၁၃) သန်းခန့် ထွက်ရှိတယ်လို့ သိရှိရပါတယ်။

    သတင်း - BETV Business

    ------------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes
9
comments
0
views
1952