cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

“ယူရီးယားနှင့် လက်ချားအသုံးပြု၍ ကုန်ကျစရိတ်နည်းသည့် ပဲမျိုးစုံအထွက်တိုးအောင်စိုက်ပျိုးနည်း”

. Plant Nutrition
ပဲမျိုးစုံအတွက် အရေးကြီးသော အနည်းလိုအာဟာရဓါတ်တစ်မျိုးမှာ ဘိုရွန် (ခေါ်) လက်ချားဓါတ်ဖြစ်သည်။
  • ဘိုရွန် ဓါတ်သည် မြေဆီလွှာအတွင်း မူလကတည်းက ပါဝင်မှုနည်းတတ်ပြီး အများဆုံးလျှင် မြေကြီးတစ်ကီလိုလျှင် ဘိုရွန် (၅) မီလီ ဂရမ်ခန့်သာ ပါဝင်တတ်သည်။ မြေအချဉ်ငန်ဓါတ် (pH) နိမ့်သောမြေတွင် ရေစီးလျှင် အလွယ်တကူ ပါဝင်ဆုံးရှုံးတတ်ပြီး မြေအချဥ် အငန်ဓါတ်မြင့်ပါက မြေတွင်တွဲကပ်နေပြီး အပင်မှစုပ်ယူ၍ မရနိုင်တော့ပါ။ ထို့ကြောင့် ပဲစိုက်မြေအများစုတွင် ဘိုရွန်ဓါတ် လျော့နည်းချို့တဲ့နေတတ်သည်။ ဘိုရွန်ဓါတ် ချို့တဲ့‌နေပါက အပင်၏ထိပ်ပိုင်း ဆဲလ်ပွားများမှုနည်းခြင်း၊ ပရိုတိန်း တည်ဆောက်မှု နှေးကွေးခြင်း၊ အပွင့်၊အသီးများကြွေခြင်းနှင့် ပန်းပွင့်၏ ရှင်သန်မှုကာလတိုလာခြင်းတို့ကြောင့် ပဲအထွက်ကို လျော့နည်းစေနိုင်ပါသည်။ 

    သို့ပါ၍ ပဲမျိုးစုံသီးနှံများဖြစ်သော ပဲတီစိမ်း၊ မတ်ပဲ၊ ပဲပုပ်နှင့် ပဲလွမ်းတို့တွင် ပန်းပွင့်ချိန်မှ သီးကင်းဝင်စချိန်အထိ နိုက်ထရိုဂျင်နှင့် ဘိုရွန်ဓါတ်ကို အရွက်ပေါ်မှ ပန်းဖြိုင်ဖြိုင်ပွင့်ချိန်တစ်ကြိမ် ဖျန်းပေးခြင်းဖြင့် အထွက်နှုန်း (၂၀) မှ (၄၀) ရာခိုင် နှုန်းအထိ တိုးလာကြောင်း ခိုင်လုံသော စမ်းသပ်ချက်တွေ့ရှိချက်များ ရရှိပြီးဖြစ်ပါသည်။ ထို့ကြောင့် ပဲစိုက်တောင်သူများ အနေ ဖြင့် မိမိတို့၏ လက်တစ်ကမ်းတွင်ရှိနေသော ပစ္စည်းများကို အသုံးပြု၍ မိမိကိုယ်တိုင် ဖျော်စပ်အသုံးပြုနိုင်ပါသည်။ 

    ပါဝင်ပစ္စည်းများ 

    ၁) ယူရီးယား 

    ၂) လက်ချား 

    တစ်ဧက တစ်ကြိမ်ဖျန်းရန်အတွက် ယူရီးယား (၄) ပေါင်ခန့်နှင့် လက်ချား ၀.၅ ပေါင်ခန့် လိုအပ်ပါသည်။ 

    ဖျော်စပ်နည်း 

    ရေတစ်ဂါလံလျှင် ယူရီးယား ဟင်းစားဇွန်း (၄) ဇွန်းခွဲနှင့် လက်ချားမှုန့် ဟင်းစားဇွန်း (၁) ဇွန်းကို ပျော်အောင်ဖျော်ပါ။ 

    မှတ်ချက်။ ပရဆေးဆိုင်မှ လက်ချားအား အပူပေးပြီး၊ ပေါက်ပေါက်ကဲ့သို့ ဖြစ်လာချိန် ပုလင်းဒလှိမ့်တုံးဖြင့် အမှုန့်ပြုလုပ်ပြီးမှ အသုံးပြုပါ။ (သို့) လက်ချားအမှုန့်ကို ဝယ်ယူအသုံးပြုပါ။ 

    ဖျန်းရန်အကြိမ် - ပန်းဖြိုင်ဖြိုင်ပွင့်ချိန် (၁) ကြိမ် 

    ဖျန်းရန်ပမာဏ - တစ်ဧကလျှင် (၂၀) ဂါလံနှုန်း 

    ဖျန်းရန်အချိန် - နံနက်စော၊ ညနေစောင်း၊ နေအေးသောအချိန် 

    ပဲမျိုးစုံသီးနှံအပေါ် အကျိုးသက်ရောက်မှု - ကုလားပဲ - ၂၀%, ပဲတီစိမ်း - ၂၅% 

                                  မတ်ပဲ - ၃၀%, ပဲပုပ် - ၄၀% ပိုမိုထွက်ရှိနိုင်ပါသည်။ 

    အကျိုးကျေးဇူးများ 

    ၁) ကုန်ကျစရိတ်နှင့် လုပ်အားခသက်သာခြင်း။ 

    ၂) အာဟာရဓါတ်ပါဝင်မှု သေချာခြင်း။ 

    ၃) ပန်းပွင့်များ၍ ပန်းပွင့်ကာလရှည်ခြင်း။ 

    ၄) သီးတောင့်များ၍ အစေ့အရည်အသွေးကောင်းခြင်း။ 

    ၅) ပိုးမွှား/ရောဂါဒဏ်ခံနိုင်ရည်ရှိခြင်း။ 

    တစ်ဧကကုန်ကျစရိတ်ခန့်မှန်း 

    လက်ချားအမှုန့် - ၂၀ကျပ်သား x ၂၅၀၀ = ၅၀၀၀ 

    ပုလဲ/ယူရီးယား - ၁ ပိဿာ (၁) ပြီ x ၃၅၀၀ = ၃၅၀၀ 

    Source: စိုက်ပျိုးရေးဦးစီးဌာန 


  • article
  • article
  • article
  • article
likes12comments1
views2272