cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

စပါး “မျိုးသန့်” အကြောင်း သိကောင်းစရာ

. Seed Selection/Variety Selection
တစ်ခြားမျိုးများ ရောနှော မပါဝင်ဘဲ မိမိအသုံးပြုမည့် မျိုးချည့်ပါဝင်သော မျိုးကို’မျိုးသန့်’ဟုခေါ်ဆို နိုင်ပါသည်။
  • အမှန်တကယ် မျိုးစစ်မျိုးမှန်ဖြစ်၍ သန့်စင်သော မျိုးသည်သာ မျိုးသန့်မျိုးစေ့ (Seed) ဖြစ်သည်။ မျိုးသန့်မျိုးစေ့ (Seed) ကိုသာ စိုက်ပျိုးရန် အသုံးပြုသင့်သည်။ (Seed for sowing) မျိုးမသန့်သော မျိုးစေ့ (Grain) ကို မူစိုက်ပျိုးရန် အသုံး မပြူသင့်။ စားသုံးရန်သာ အသုံးပြုသင့်သည်။ (Grain for eating) အပင်ပေါက်နုန်း (Germination) ကောင်းတိုင်း မျိုးစစ် မျိုးမှန် မျိုးသန့် မဖြစ်နိုင်သဖြင့် Seed နှင့် Grain ကို ခွဲခြား နားလည်သင့်သည်။ 


    မျိုးကောင်းတိုင်း မျိုးသန့် ဖြစ်နိုင်ခြင်း မရှိပေ။ မျိုးစေ့များသည် အရွယ်အစား ညီညာနေရမည်။ ပေါင်းမြက်စေ့များ ကင်း စင်နေရမည်။ 


    ဖုန်၊ သဲ၊ ခဲ၊ အမှိုက်သရိုက် စသည့် မလိုလားသော အခြားပစ္စည်းများ ရောနှော ပါဝင်ခြင်း မရှိစေရ။ ပိုးမွှား ရောဂါ ဖြစ် ကြောင်း များလည်း ကပ်ငြိ ပါလာခြင်း မရှိစေရပေ။ 


    လယ်သမားများ သုံးနှစ် တစ်ကြိမ် သွေးသစ်လောင်းမျိုး ဖလှယ်စိုက်ပျိုးရန် လိုအပ်သည့် မျိုးစေ့ အဆင့်မှာ မျိုးသန့် အဆင့်-၂ (Certified Seed-CS) (ယခု အခေါ်အဝေါ်မှာ စီးပွားဖြစ် မျိုးသန့်မျိုးစေ့) ဖြစ်ပါသည်။ စပါး CS မျိုးသန့်တွင် ရှိသင့်ရှိထိုက်သည့် အရည်အသွေး စံချိန်စံညွှန်းမှာ မျိုးသန့်စင်မှု( အနည်းဆုံး ၉၇ ရာခိုင်နှုန်း)၊ အပင်ပေါက် ရာခိုင်နှုန်း (၈၀ နှင့် အထက်)၊ မျိုးစေ့တွင်း အစိုဓါတ် (အများဆုံး ၁၃ ရာခိုင်နှုန်း)၊ ဆန်နီပါဝင်မှု (အစေ့ ၅၀၀ ဂရမ်တွင် ၅ စေ့ထက် မပိုရ)၊ ပေါင်းမြက်စေ့ ပါဝင်မှု ( အစေ့ ၅၀၀ ဂရမ် တွင် ၁၀ စေ့ထက် မပိုရ)တို့ ဖြစ်ပါသည်။ 


    Source DoA 

    ---

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://htwettoe.com/download လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် 


  • article
likes6comments3
views1938