ကော်ဖီသီးနှံနှင့် သီးလုံးဖောက်ပိုးအကြောင်း သိကောင်းစရာ
ပိုးမွှားအမည် -ကော်ဖီသီးလုံးဖောက်ပိုး(Coffee Berry Borer )
သိပ္ပံအမည် -Hypothenemus hampei
ဖျက်စီးမှုလက္ခဏာ -ပိုးကောင်အမသည်ကော်ဖီသီးထိပ်မှအပေါက်ဖောက်၍ ဥများ ဥချသည်။ပိုးသားလောင်းများသည်ကော်ဖီသီးအတွင်းသားများကိုစားသောက်ဖျက်စီးသည်။အသီးစိမ်းများအညိုရောင်ပြောင်းပြီးကြွေကျသဖြင့်အထွက်နှုန်းထိခိုက်နိုင်သည်။ကြွေကျသွားသောအသီးများ၊ဆွတ်ခူးပြီးအသီးများနှင့်သိုလှောင်ထားသောကော် ဖီဆံများအတွင်းဆက်လက်အသက်ရှင်နေနိုင်ကြသည်။ထို့ကြောင့်ကော်ဖီဆံအရည်အသွေး၊ အနံ့၊ အရသာတို့အားထိခိုက်နိုင်သည်။
ကျရောက်ချိန် -ကော်ဖီစတင်အသီးသီးချိန်မှ ခူးဆွတ်ရိတ်သိမ်းချိန်အတွင်းကျရောက်ဖျက်စီးသည်။
ကာကွယ်နှိမ်နင်းနည်း -ကော်ဖီအသီးခူးရာသီတွင် ထောင်ချောက်များတပ်ဆင်၍ ဖမ်းဆီးနိုင်သည်။ ပိုးကျသီးများအားမီးရှို့ခြင်း၊ မြေနက်နက်မြှုပ်ပေးခြင်းဖြင့် ဖျက်စီးနိုင်သည်။လက်ကျသီး၊ကြွေကျသီးများပင်ခြေ တွင်ကျန်မနေအောင်ဂရုစိုက်သင့်သည်။ အသီးမခူးမီအစောပိုင်းကာလတွင်ကျရောက်ပါကပင်လုံးပြန့်ပိုးသတ်ဆေး( ဥပမာ - Cartex Hydro- chloride ) ကိုသုံးနိုင်သည်။
Source: DoA
-----------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။