cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ကုန်သွယ်ရေးပိတ်ဆို့မှုနှင့် သယ်ယူပို့ဆောင်ရေး အခက်အခဲကြောင့် စားဖိုဆောင်သီးနှံ အာလူးဈေးမတည်ငြိမ်

. Market Price
ကုန်သွယ်ရေး လမ်းကြောင်းများ ပိတ်ဆို့မှုနှင့် သယ်ယူပို့ဆောင်ရေး အခက်အခဲကြောင့် ဈေးကွက်အတွင်း ဝင်လာသည့် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် အာလူးဈေးနှုန်းမှ တည်ငြိမ်မှုမရှိကြောင်း ကုန်သည်တွေက ပြောပါတယ်။
  • လက်ရှိ ထိုင်းနိုင်ငံမှ တဆင့် တင်သွင်းသော စားသောက်ကုန်ထုတ်လုပ်သူများ နှစ်သက်သည့် တရုတ်အာလူး သည် ပြည်တွင်းလက်လီဈေးကွက်တွင် တစ်ပိသာ ၄၅၀၀ ကျပ်ဈေးဖွင့်ပြီး ရှမ်းပြည်နယ်တွင် စိုက်ပျိုးထုတလုပ် သော ရှမ်းအာလူးက ၅၉၀၀ ကျပ်အထိဈေးဖွင့်ရောင်းချနေပါတယ်။


    " ဈေးက အတက်အကျသိပ်တော့မကွာပါဘူး၊၂၀၀ လောက်ပဲ၊လုပ်ငန်းသုံးတဲ့သူက တရုတ်အာလူးပဲသုံးတယ်၊ သူကဈေးနည်းတယ် အလုံးညီတယ်၊ကြော်တဲ့သူကတရုတ်အာလူးပဲသုံးတယ်။ရှမ်းက ပြည်တွင်းစားသုံးမှုနဲ့ လုပ် ငန်းသုံးအနည်းငယ်ပေါ့ " လို့ မြန်မာနိုင်ငံကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ်တင် ပို့ရောင်းချသူများအသင်း၊ ဥက္ကဋ္ဌ ဦးခင်ဟန်က ပြောပါတယ်။


    သယ်ယူပို့ဆောင်စရိတ် ကြီးမြင့်မှုကြောင့် စားဖိုဆောင်သီးနှံဖြစ်သော အာလူးဈေးနှုန်းမျးသည် စိုက်ပျိုး ထုတ် လုပ် ရာဒေသ ကုန်စည်ဒိုင်များတွင် ရောင်းချသည့် ဈေးနှုန်းနှင့် (End User)နောက်ဆုံး စားသူများ ပေးဝယ်ရ သည့် တန်ဖိုး ကွာခြားမှုက ကြီးမားနေပါတယ်။


    ရှမ်းအာလူးက ထွက်ရှိရာ ရှမ်းပြည်နယ်ရဲ့ လက်ကားဈေးမှာ အမြင့်ဆုံး တစ်ပိဿာကို ၃၈၀၀ ကျပ်သာရှိပြီး တရုတ်အာလူးကလည်း လက်ကားဈေးက တစ်ပိဿာကို ၂၈၀၀ ကျပ်သာရှိသောလည်း လက်လီဈေးကွက် တွင် ရောင်းချသည့် ဈေနှုန်းကတစ်ပိသာလျှင် ကျပ် ၂၀၀၀ ခန့် မြင့်တက်လာပါတယ်။


    လက်ရှိ ရှမ်းပြည်နယ်ကထွက်ရှိတဲ့ အာလူးတွေကတော့ အောင်ပန်းကုန်စည်ဒိုင်ဈေးကွက်မှာ လက်ကားဈေး မျက်နီ S-2 တစ်ပိဿာ အကြီးအသေး ရော ၃၀၀၀ ကျပ်၊ မျက်နီ S-1 ၂၆၀၀ ကျပ်၊မျက်နီ OK ၂၀၀၀ ကျပ်၊ A1-၁၆၀၀ ကျပ်၊ မားကစ် S-2 အရော ၃၈၀၀ ကျပ်၊ မားကစ် S-1 အရော ၃၅၀၀ ကျပ် အထိရှိနေလို့ တစ်ပိဿာကို ၂၀၀ ကျပ်မှ ၆၀၀ ကျပ်အထိ ပြန်တက်လာတာဖြစ်ပါတယ်။


    မြန်မာနိုင်ငံမှာ အာလူးကို ရှမ်းပြည်နယ် မှာအဓိကစိုက်ပျိုးပြီး ရခိုင်ပြည်နယ်၊မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ဧရာဝတီ တိုင်းတို့မှာ လည်း စိုက်ပျိုးမှုရှိတယ်လို့သိရပါတယ်။ရှမ်းပြည်နယ်မှာ မိုးအာလူးကို မတ်လ နဲ့ ဧပြီလ မှာ စိုက် ပျိုး ကြပြီး ဩဂုတ်လနဲ့ စက်တင်ဘာလ မှာ တူးဖော်လေ့ရှိပါတယ် ။

     

    မိုးအာလူး တူးဖော်ပြီးပါက ဆောင်းအာလူး ကို ထပ်မံစိုက်ပျိုးပြီး နိုဝင်ဘာလ နဲ့ ဒီဇင်ဘာလမှာ တူးဖော်ကြတယ်လို့သိရပါတယ်။မြေပြန့်ဒေသဖြစ်တဲ့ မန္တ လေးတိုင်း၊ မကွေးတိုင်း(ဆင်ဖြူကျွန်း) ဒေသတွေမှာတော့ အာလူးစိုက်ပျိုးမှုကို ကျွန်းမြေ နဲ့ သဲချောင်းတွေ မှာ အောက်တိုဘာ နဲ့ နိုဝင်ဘာလမှာ စိုက်ပျိုးပြီး ဇန်နဝါရီလ နဲ့ ဖေဖေါ်ဝါရီလမှာ တူးဖော်လေ့ရှိတယ်လို့ သိရ ပါတယ်။

     

    ချစ်ခွန်းချို(AMIA)

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes5comments0
views1200