cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

“ပန်းများပွင့်စေ ဆားခါးဖျော်ရည်”

. Plant Nutrition
ဆားခါးကို ပရဆေးဆိုင်များ နှင့် ဓါတုဆေးဆိုင်များတွင် အလွယ်တစ်ကူဝယ်ယူရရှိနိုင်ပါသည်။

  • ဆားခါးမှာ အပင်တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ ဒြပ်စင်နှစ်မျိုး ဖြစ်တဲ့ မဂ္ဂနီဆီယမ် နှင့် ဆာလ်ဖာလို့ခေါ်တဲ့ ကန့်ဓာတ်တို့ ပါဝင်နေလို့ပါ။ အပင်တွေအစာချက်လုပ်ဖို့အတွက် အဓိကလိုအပ်တဲ့ အစိမ်းရောင်ချယ် ကလိုရိုဖီးလ်ရဲ့ အဓိက ဓါတ်ဟာ မဂ္ဂနီဆီယမ်ပါ။ အပင်များစိမ်းစိုနေစေဖို့ မဂ္ဂနီဆီယမ်မြေသြဇာကို အသုံးပြုပေးနိုင်ပါတယ်။ ဒါမှသာ အစာချက် လုပ်ဖို့အတွက် အရွက်တွေဟာ စိမ်းစိုနေမှာဖြစ်ပြီး အပင်ကြီးထွားမှုအတွက် အထောက်အကူပြုစေမှာဖြစ်ပါတယ်။ 

    • ဆားခါး သို့မဟုတ် မဂ္ဂနီဆီယမ် ဆာလ်ဖိတ်သည် စိုက်ပျိုးပင်များကို ပိုစိမ်းအောင်နှင့် ပန်းပွင့်စေတတ်သော အစွမ်းရှိသည်။ 

    • ဆားခါးကို ပရဆေးဆိုင်များ နှင့် ဓါတုဆေးဆိုင်များတွင် အလွယ်တစ်ကူဝယ်ယူရရှိနိုင်ပါသည်။ 

    • ရေတစ်ဂါလံတွင် လက်ဖက်စားဇွန်း (၃ ဇွန်း မှ ၅ ဇွန်း) ဖျော်စပ်ပြီး အရွက်စား ဟင်းသီးဟင်းရွက်တွေကို ဖျန်းပေးနိုင်ပါသည်။ 

    • နှင်းဆီ နှင့် ခရမ်းချဉ်ပင်တွေလို အပွင့်အသီးအတွက်ကတော့ ဆားခါး လက်ဖက်စားဇွန်း တစ်ဇွန်းကို လက်တစ်ဆုပ်စာ မြေနှင့်လုံး၍လည်း ထည့်ပေးနိုင်ပါတယ်။ 

     

    နှင်းဆီပင်များအတွက် စိုက်ပျိုးမြေ (၁) ပေပတ်လည်တွင် ဆားခါးစားပွဲတင်ဇွန်း (၁) ဇွန်းကို နှစ်ပတ်တစ်ကြိမ် ထည့်ပေး နိုင်ပါသည်။ 


    အလှစိုက်အပင်များအတွက် ဆားခါးစားပွဲတင်ဇွန်း (၂) ဇွန်းကို ရေ (၁) ဂါလံတွင် ဖျော်၍ဖျန်းနိုင်သည်။ 


    ခရမ်းချဉ်ပင် အသီးအပွင့်များအတွက် ဆားခါး လက်ဖက်စားဇွန်း (၁) ဇွန်းကို လက်တစ်ဆုပ်စာ မြေနှင့်လုံး၍ တိုက်ရိုက် ထည့်ပေးနိုင်ပါသည်။ 


    မြေချမစိုက်ရသေးသော ပျိုးပင်များအတွက် ရေ (၁) ဂါလံလျှင် ဆားခါး စားပွဲတင်ဇွန်း (၁) ဇွန်းဖျန်းပေးနိုင်ပါသည်။ 


    ငရုတ်စိုက်ပျိုးရာတွင် ဆားခါးကို အသုံးပြုခြင်းဖြင့် ငရုတ်အထွက်နှုန်းနှင့် အရည်အသွေးကို ပိုကောင်းစေနိုင်ပါသည်။ 


    အရွက်စိမ်းပင်များအတွက် စိုက်ပျိုးမြေ (၉) စတုရန်းပေအတွက် ဆားခါး စားပွဲတင်ဇွန်း (၁) ဇွန်းနှုန်းဖြင့် (၂) ပတ် (သို့) (၄) ပတ်တစ်ကြိမ်ဖျန်းပေးနိုင်ပါသည်။ 


    References - https://www.epsomsaltcouncil.org/.../epsom-salt-for.../ 

    -----------

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://htwettoe.com/download လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် 

     


  • article
likes17comments3
views1630