cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ဂျစ်ပ်ဆမ်(ကျောက်မှုန့်) သုံးစွဲခြင်း၏ အကျိုး

. Soil Management
ဂျစ်ဆမ် ကျောက်မှုန့်မြေဩဇာမှာ ကယ်လ်ဆီယမ်(ထုံး)ဓါတ်နဲ့ ဆာလဖာ(ကန့်) ဓါတ်တို့ ပါဝင်ပါတယ်။
  • ယနေ့ခေတ်စိုက်ပျိုးရေးလောကမှာ ဂျစ်ပ်ဆမ်လို့ခေါ်တဲ့ ကျောက်မှုန့်မြေဩဇာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပြီဖြစ်ပါတယ်။ ဒါကြောင့်ခုလိုတောင်သူဦးကြီးများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိတဲ့ ဂျစ်ပ်ဆမ် ကျောက်မှုန့် မြေဩဇာရဲ့ အကျိုးကျေးဇူးနဲ့ အကျိုးပြုပုံ တစ်စိတ်တစ်ပိုင်းကို ဖော်ပြပေးလိုက်ပါတယ်။ 

    ဂျစ်ဆမ် ကျောက်မှုန့်မြေဩဇာမှာ ကယ်လ်ဆီယမ်(ထုံး)ဓါတ်နဲ့ ဆာလဖာ(ကန့်) ဓါတ်တို့ ပါဝင်ပါတယ်။ ကျောက်မှုန့်မြေဩဇာရဲ့ အကျိုးကျေးဇူးတွေကတော့ 

    (၁) ဂျစ်ပ်ဆမ်ကျောက်မှုန့် မြေဩဇာမှာပါတဲ့ ထုံးဓါတ်ဟာ အပင်ဆဲလ်နံရံများ တောင့်တင်းခိုင်မာစေရန်အတွက် ကူညီပေးနိုင်တဲ့အပြင် အပင်များ အမြစ်ထိပ်ဖျား သန်မာစေရန်အတွက်လည်း ကူညီပေးပါတယ်။ 

    (၂) ဂျစ်ပ်ဆမ်ကျောက်မှုန့်မှာပါတဲ့ ကန့်ဓါတ်ဟာ အပင်များအတွက် အာဟာရထောက်ပံ့ပေးရုံသာမက နိုက်ထရိုဂျင်ဓါတ်ကို အပင်က ကြာရှည်စွာစားသုံးနိုင်ရန် ထိန်းထားပေးနိုင်တဲ့အတွက် နိုင်ထရိုဂျင်ဓါတ်များ လေလွင့် ဆုံးရှုံးမှုကို လျော့နည်းစေပါတယ်။ 

    (၃) ဂျစ်ပ်ဆမ် ဟာ ရွှံ့မြေများ၊ ဆားပေါက်မြေများ၏ မြေဆီလွှာဂုဏ်သတ္တိကို ပြန်လည်ကောင်းမွန်လာစေတဲ့အပြင် မြေအက်ကွဲမှုကို သက်သာစေပြီး၊ စိုက်ပျိုးသီးနှံများ၏ အပင်ပေါက်မှုနှုန်းကိုလည်း ကောင်းမွန်လာစေပါတယ်။ 

    (၄) မိမိ စိုက်ပျိုးမြေဟာအချဉ်ဓါတ်များနေတဲ့အခါ စိုက်ပျိုးသီးနှံတွေမှာ အလူမီနီယမ်ဓါတ် အဆိပ်သင့်မှုကို ဖြစ်စေနိုင်ပါတယ်။ ဂျစ်ပ်ဆမ်ကျောက်မှုန့်ထည့်ပေးခြင်းဖြင့် သီးနှံပင်များ အလူမီနီယမ်ဓါတ် အဆိပ်သင့်မှုကို ကာကွယ်ပေးနိုင်ပါတယ်။ 

    (၅) ဂျစ်ပ်ဆမ်ကျောက်မှုန့်ဟာ မြေမှုန်အချင်းချင်း တွယ်ကပ်မှုကို ပိုမိုအားကောင်းစေတဲ့အတွက် မြေဆီလွှာများ ရေနဲ့မျှောပါမှုကို လျော့နည်းစေပါတယ်။ ဒါ့အပြင် ထည့်သွင်းလိုက်တဲ့ မြေဩဇာများကိုလည်း မြေဆီလွှာနဲ့အတူ ထိန်းထားပေးနိုင်တဲ့အတွက် မြေဩဇာများ လေလွင့်ဆုံးရှုံးမှုကို လျော့နည်းစေပါတယ်။ 

    (၆) မြေပဲကဲ့သို့သောသီးနှံများမှာ ဂျစ်ပ်ဆမ်ကျောက်မှုန့်ကို အသုံးပြုပေးခြင်းအားဖြင့် မြေပဲသီးတောင့်ဖြစ်ပေါ်နိုင်မှု ရာခိုင်နှုန်းနှင့် မြေပဲအလေးချိန် တိုးလာနိုင်တဲ့အပြင် မြေပဲအရည်အသွေး ပိုမိုကောင်းမွန်လာနိုင်ပါတယ်။ 

    (၇) ထုံဓါတ်လိုအပ်တဲ့ ခရမ်းချဉ်ကဲ့သို့သောအပင်များမှာ ဂျစ်ပ်ဆမ်ကျောက်မှုန့်ကို အသုံးပြုပေးခြင်းအားဖြင့် ကယ်လ်ဆီယမ်ချို့တဲ့မှုကြောင့် ဖြစ်တတ်သော အသီးဖင်မဲပြဿနာကို လျော့နည်းစေမှာ ဖြစ်ပါတယ်။ 

    တောင်သူဦးကြီးများနဲ့ စိုက်ပျိုးရေးဝါသနာရှင်များအတွက် အကျိုးကျေးဇူး တစ်စုံတစ်ရာ ရရှိကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 

    Ye Min Han (Htwet Toe) 

     --------


  • article
likes27comments3
views2299