cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

မကွေးတိုင်းဒေသကြီးအတွက် မိုးလေဝသနှင့် ရေလုပ်ငန်းအကြံပြုချက် ☀️☀️    

. Weather News
🐬 ကန်ရေ၏အရောင်သည် အစိမ်းရောင်ဖျော့နေပြီး၊ ရေကြည်နှုန်းသည် ၁၆လက်မ မှ ၂၄လက်မ အတွင်းရှိနေပါက ရေဩဇာကျဆင်းလာနေကြောင်း၊ ငါးများအတွက် သဘာဝအစာ နည်းလာကြောင်းကို ပြသပါသည်။ထို့ကြောင့် ရေဩဇာပြန်လည်တက်လာစေရန် မြေဩဇာထည့်သွင်းရန် လိုအပ်လာပါသည်။
  • ၁။ ပွင့်ဖြူမြို့နယ်၊ စလင်းမြို့နယ်၊   စေတုတ္တရာမြို့နယ်မင်းဘူးမြို့နယ်  

    ဒီတစ်ပတ်အတွင်း

    ၎င်းမြို့နယ်များတွင် မိုးရွာရန် ၁၀ ရာခိုင်နှုန်းအောက်သာ ရှိပါသဖြင့် မိုးရွာသွန်းနိုင်သည့်အလားအလာမရှိပဲ

    အေးမြကြည်လင်သာယာနိုင်ပါသည်။   

       

    ငါးကန်များအတွက်အကြံပြုချက်  ✅✅

    🐬 ကန်အတွင်းပြုပြင်ဖန်တီးထားသော ရေဩဇာသည် ကန်ရေအပူချိန် ၊ နေရောင်ခြည်ရရှိမှုနှင့် မိုး ရွာသောအခြေအနေပေါ် မူတည်ပြီး ရေဩဇာတက်ခြင်း ၊ ရေဩဇာကျခြင်းများရှိလာတတ်ပါသည်။

    🐬 တနည်း အားဖြင့် ကန်အတွင်းရှိအပင်မျှောလှေး နှင့် အကောင်မျှောလှေး များ လုံးလောက်စွာရှိ ၊ မရှိကို ကန်၏ရေအရောင် နှင့်ပြသသလို၊ ကန်ရေ၏ ရေကြည်နှုန်းဖြင့်လည်း ပြသပါကြောင်း တင်ပြအပ်ပါသည်။

    🐬 ကန်ရေ၏အရောင်သည် အစိမ်းရင့်ရောင်ဖြစ်နေပြီး ရေကြည်နှုန်းသည် ၁၀လက်မအောက်ရှိနေပါက ရေဩဇာပေါကြွယ်ဝစွာရှိနေပြီး ကန်အတွင်းမြေဩဇာထည့်သွင်းခြင်း မလိုအပ်ပါကြောင်းနှင့် ညပိုင်းတွင် ကန်အတွင်းအောက်စီဂျင် ပြတ်တောက်ခြင်းရှိ မရှိကိုသာ စောင့်ကြည်သင့်ပါသည်။

    🐬 ကန်ရေ၏အရောင်သည် အစိမ်းရောင်ဖျော့နေပြီး၊ ရေကြည်နှုန်းသည် ၁၆လက်မ မှ ၂၄လက်မ အတွင်းရှိနေပါက ရေဩဇာကျဆင်းလာနေကြောင်း၊ ငါးများအတွက် သဘာဝအစာ နည်းလာကြောင်းကို ပြသပါသည်။ထို့ကြောင့် ရေဩဇာပြန်လည်တက်လာစေရန် မြေဩဇာထည့်သွင်းရန် လိုအပ်လာပါသည်။

    🐬 ရေဩဇာပြန်လည်ရရှိစေရန် တစ်ဧကကန် ရေအနက် (၅)ပေရှိပါက NPK မြေဩဇာ ၃ပိဿာ ၆ကျပ်သား (သို့မဟုတ်) ယူရီးယား ၂ပိဿာ၄၀ကျပ်သားမှ ၃ပိဿာ ထိထည့်ပေးရပါမည်။ ရေထုထည်နှင့်ထည့်လိုပါက ၃၅၃၁၅ ကုဗပေတွင် ယူရီးယား ၆၀ကျပ်သားမှ ၁ပိဿာ ၂၀ကျပ်သား အထိထည့်သွင်းနိုင်ပါသည်။

     

    🔔 ဒီဇင်ဘာ ၂၀ ရက်နေ့ သုံးသပ်ချက်

     

    Weather Source: CIAT  


  • article
likes
10
comments
0
views
2173