နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်မှု အဆင့်မြှင့်တင်မည်
လန်ချန်း-မဲခေါင်ဒေသ နိုင်ငံများ၏ နို့စားနွားမွေးမြူရေး၊ နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်မှု လုပ်ငန်းများကို လာမည့် ၂၀၂၄ ခုနှစ်မှစတင်၍ အဆင့်မြှင့်တင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရပါတယ်။
လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံများမှ နို့စားနွားမွေးမြူရေးနှင့် နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်မှု လုပ်ငန်းများကို လာမည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှစတင်၍ စီမံကိန်းချ အဆင့်မြှင့်တင်ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်က အသိပေးကြေညာထားပါတယ်။
အဆိုပါစီမံကိန်းကို လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် ထိုင်းနိုင်ငံ Khon Kaen University က အကောင်အထည်ဖော်ဆောင်ရွက်မည့် LMC Strengthening Dairy Innovation (SDI) Programme ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ထိုကဲ့သို့ အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် တရုတ်၊ ထိုင်း၊ မြန်မာ၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံတို့ ပါဝင်မည်ဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံများမှ မွေးမြူရေးဆိုင်ရာကျွမ်းကျင်သူများ၊ နို့စားနွားမွေးမြူသူများ၊ နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်သူများအား နည်းပညာသင်တန်းများ ပို့ချပေးခြင်း၊ နည်းပညာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
အလားတူ ဒေသတွင်းနိုင်ငံများအကြား နို့စားနွားမွေးမြူရေးနှင့်၊ နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်ရေးဆိုင်ရာ ကွန်ရက်ဖွဲ့စည်းတည်ထောင်ခြင်း လုပ်ငန်းများကိုပါ ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းအရ ဖွင့်လှစ်မည့် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများကိုတော့ ၂၀၂၄ ခုနှစ် မေလတွင် စတင်နိုင်ရန် ပြင်ဆင်ထားကြောင်း သိရပါတယ်။
အောင်အောင်
Opinion Leaders မှ ကူးယူဖော်ပြပါသည်။
---
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


NewsFeed
Communities
Explore
Inbox
Me
Market Price