cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

မြန်မာနိုင်ငံမှ သစ်သီးဝလံများကို ကွမ်ရှီးဒေသသို့ နမူနာတင်သွင်းခွင့်ရရှိရေး ဆွေးနွေး

. Market Price
မြန်မာနိုင်ငံမှ ထွက်ရှိသည့် သစ်သီးဝလံများကို တရုတ်နိုင်ငံ၊ ကွမ်ရှီးဒေသသို့ နမူနာတင်သွင်းခွင့်ရရှိရေး ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
  •       တရုတ်နိုင်ငံ၊ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းအကောက်ခွန်ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Yang Baoqing နှင့်အဖွဲ့အား ဒီဇင်ဘာလ (၁၉) ရက်တွင် နန်နင်းအကောက်ခွန်ဌာန၊ ဧည့်ခန်းမ၌ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။ 

          အဆိုပါတွေ့ဆုံမှုတွင် မြန်မာနိုင်ငံမှ သစ်သီးဝလံများကို ကွမ်ရှီးဒေသသို့ နမူနာတင်သွင်းခွင့်ရရှိရေးနှင့် မြန်မာ့သစ်သီးဝလံမိတ်ဆက်ပွဲ ကျင်းပနိုင်ရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ 

          နန်နင်းအကောက်ခွန်ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Yang Baoqing က မြန်မာနိုင်ငံနှင့် ကွမ်ရှီးဒေသတို့အကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်သွားနိုင်ရေး၊ အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းစဉ်များတွင် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရေးနှင့် E-certificate ကို အသုံးပြုသည့် နည်းလမ်းများနှင့် Sanitary and Phytosanity (SPS) measures များ မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် တရုတ်-အာဆီယံ အစားအစာဘေးကင်းလုံခြုံရေးအစီအစဉ်များကို ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး စသည်ဖြင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စများနှင့် အလားအလာများကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

    အောင်အောင် 

    Opinion Leaders မှကူးယူဖော်ပြပါသည်။

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes9comments1
views2090