cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

နှစ်ကူးအကြိုကာလတွင် ဖရဲ၊ သခွားမွှေး သစ်သီးဈေးကွက်ကောင်းလာနိုင်

. Market Price
တရုတ်နိုင်ငံမှ ဝယ်လိုအား နည်းသွားခြင်းကြောင့် နယ်စပ်တွင် မြန်မာ ဖရဲ၊ သခွားမွှေး သစ်သီး ဈေးနှုန်းများ ကျဆင်းသော်လည်း နှစ်သစ်ကူးချိန်တွင် ဈေး နှုန်းများ ပြန်လည်မြင့်တက်လာ နိုင်ကြောင်း ကုန်သည်များထံက သိရသည်။
  • တရုတ်နိုင်ငံသည် နယ်စပ် ကုန်သွယ်ရေးဖြင့် မြန်မာနိုင်ငံမှ ဖရဲ၊ သခွား သစ်သီးများကို ပွင့် လင်းရာသီတွင် နေ့စဉ် တန်ချိန် ထောင်ချီတင်သွင်းနေသော နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ ယခုနှစ်တွင် မူဆယ်နှင့် ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်နေခြင်းကြောင့် မိုင်းလားနယ် စပ်မှတစ်ဆင့် မြန်မာ့သစ်သီးများ ကို တင်ပို့နေရခြင်းဖြစ်သည်။

    ခရီးလမ်းကြောင်း ရှည်ကြာ ပြီး ကုန်ကျစရိတ်များသော်လည်း စိုက်ပျိုးသူတောင်သူများ၏ ရင်းနှီး မြှုပ်နှံမှုများ ဆုံးရှုံးမခံနိုင်ခြင်း ကြောင့် လမ်းကြောင်းသစ်များ ရှာဖွေတင်ပို့နေသော်လည်း ရာသီ ဥတု အတားအဆီးက သစ်သီး အရည်အသွေးပိုင်းကို ထိခိုက်နေ ကြောင်း အသီးကုန်သည်များက ပြောသည်။

    ယခင်က ပွင့်လင်းရာသီချိန် တွင် နယ်စပ်ကုန်သွယ်ရေးဖြင့် တရုတ်နိုင်ငံသို့ ဖရဲ၊ သခွား တင်ပို့ ရောင်းချမှုက ၁၂ ဘီးကား အစီး ရေ ၅၀၀-၆၀၀ ဝန်းကျင်အထိ ရှိတယ်လို့ ကုန်သည်အချို့က ပြောတယ်။

    လက်ရှိ မိုင်းလား နယ်စပ် သို့ ဖရဲကားအစီး ၅၀၊ သခွားမွှေး ကား ၁၀ စီး ကျော်သာ တင်ပို့ နိုင်သေးကြောင်း ကုန်သည်တွေ ထံက သိရသည်။

    မြန်မာပြည်အလယ်ပိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်တို့ အပါအဝင် ဒေသအချို့မှ ဖရဲ၊ သခွားမွှေးကို စိုက်ပျိုးပြီး ပြည် တွင်းစားသုံးမှုအနည်းငယ်နှင့် ပင်လယ်ရေကြောင်း ကုန်သွယ် ရေးဖြင့် ပြည်ပတင်ပို့မှု အနည်း ငယ်ရှိခဲ့သော်လည်း အများစုကို နယ်စပ်ကုန်သွယ်ရေးဖြင့် တရုတ် နိုင်ငံသို့ ရောင်းချနေခြင်း ဖြစ် ကြောင်း သိရသည်။

    ရွှေမန်း

    မကွေးဂျာနယ်မှကူးယူဖော်ပြပါသည်။

    --------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes9comments0
views1435