cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ရော်ဘာစိုက်ခင်းတွင် အရွက်ကြွေကျခြင်း

. Diseases
ဆောင်းပါးဖတ်ရှုပြီး ဖုန်းဘေကံစမ်းပါ။
  • Phytophothora မျိုးစိတ်ကြောင့်ဖြစ်စေ၊ Colletotrichium မျိုးစိတ်ကြောင့်ဖြစ်စေ၊ ဖားဥမှိုရောဂါကြောင့်ဖြစ်စေ၊ Corynespora ကြောင့်ဖြစ်စေ ရော်ဘာ စိုက်ခင်းတွင် အရွက် ကြွေကျခြင်း ဖြစ်စေနိူင်ပါသည်။ ဤရောဂါသည် များသောအားဖြင့် မိုးရေချိန်မြင့်မားသည့် ဒေသများတွင် ခြောက်သွေ့သော ကာလမရှိပါက ပိုမို ပြင်းထန်နိူင်သည်။ Corynespora cassiicola ရောဂါဖြစ်စေ သက်ရှိသည် အပင်ပေါင်း ၈၀ ကျော်တွင် ရောဂါလက္ခဏာအမျိုးအစားများစွာကို ပတ်ဝန်းကျင်အခြေအနေ အမျိုးမျိုးအောက်တွင် ဖြစ်ပေါ်စေနိူင်ပါသည်။ အပင်များမှာ ခရမ်းချဉ်သီး၊ ပဲမျိုးရင်းဝင်အပင်များ၊ ဘူးဖရုံမျိုးနွယ်ဝင်များ၊ ဆေးရွက်ကြီးနှင့် အခြားအပင်များတို့ ဖြစ်ကြသည်။ ရောဂါကြောင့် မြေပြင်ပေါ်တွင် တစ်နှစ်ပတ်လုံး အရွက်ငယ်များ ကြွေကျခြင်းကို အပင်ငယ် အပင်ကြီး နှစ်မျိုးလုံးတွင် ဖြစ်ပေါ်စေနိူင်ပါသည်။ ရော်ဘာပင်ငယ်များ ကြီးထွားမှု နှောင့်နှေး ခြင်း ၊ ၄၅ ရာခိုင်နှုန်း ခန့် အထွက်နှုန်း လျှော့ကြစေ ခြင်းနှင့် ထိခိုက်လွယ်သောမျိုးများဖြစ်ပါက သေဆုံးခြင်း တို့ ကိုပင် ဖြစ်စေနိုင်ပါသည် ။ လေ့လာတွေ့ရှိချက်များအရ ခြောက်သွေ့ရာသီအတွင်း ရောဂါဖြစ်စေ တဲ့ မှိုမျိုးမှုန်လေးများ ပျံ့နှံ့မှု အမြင့်ဆုံး ဖြစ်သော်လည်း မိုးများသော ကာလတွင် အရွက်မျက်နှာပြင် စိုစွတ်သောအခါမှသာ ဆိုးရွားစွာ ရောဂါကူးစက်မှုများ ပိုမိုဖြစ်ပေါ်လာနိုင်ပါသည်။ 

    ရောဂါဖြစ်စေ သက်ရှိ Corynespora cassiicola သည် ဒီဇင်ဘာနှင့် ဧပြီလအကြား အရွက်ပြန်ဝေလာတဲ့အချိန် ကာလအတွင်း ပို၍ပြင်းထန်တတ်ပါသည်။ အသစ်ထပ်ထွက်လာတဲ့ အရွက်ငယ်လေးများတွင် ရောဂါပိုမိုကျရောက်နိုင်ပီး အပင်ရဲ့ အရွက်ကြီးထွားမှု အဆင့်တိုင်းကို ထိခိုက်စေနိူင်ပါသည်။  ထူးခြားသော လက္ခဏာတစ်ခုမှာ အပင်ရဲ့ သက်တမ်းပေါ်မူတည်ပြီး မတူညီသော ရောဂါလက္ခဏာ ပုံစံအမျိုးမျိုး ဖြစ်ပေါ်တတ်ခြင်းဖြစ်သည်။              ရောဂါလက္ခဏာများ

    ရောဂါလက္ခဏာများ မတူညီမှု သည် ရောဂါ အစောပိုင်းကာလ စစ်ဆေးမှုနှင့် ကာကွယ်နှိမ်နှင်းမှုပြုလုပ်ရန်ကို ခက်ခဲစေသောအကြောင်းရင်းတစ်ခု ဖြစ်ပါသည်။ အရွက်ပေါ်တွင် အဝိုင်းပုံ ရေစိုနာကွက် အရွယ်အစား အမျိုးမျိုးဖြစ်ပေါ်နေခြင်း၊ အညိုရောင် အနားသတ်လိုင်းများရှိနေခြင်းနှင့် အဝါရောင်ကွင်းပုံစံ အများဆုံး ဖြစ်ပေါ်တတ်ပါတယ်။ အနာကွက်ဖြစ်ပေါ်သည့် အလယ်ပိုင်းသည် ပေါက်ပြဲသွားနိုင်ပြီး အပေါက်ပုံစံများအဖြစ် ကျန်ရစ်ခဲ့ပေမည်။ တစ်ခါတစ်ရံ ၊ အစက်အပြောက် များ ၏ ဗဟို အရွက်ပြန်ဝေတဲ့အချိန်တွင် အပူချိန်မြင့်မားခြင်းနှင့် စိုထိုင်းမှုဖြစ်ပေါ်ခြင်းတို့က ရောဂါဖြစ်ပွားမှုကို ပိုမိုဆိုးရွားစေနိူင်ပါသည်။ ယင်း၏ ဆက်လက် ရှင်သန်မှုနှင့် ပျံ့ပွါးမှုကိုလည်း ပိုမိုဆိုးရွားစေနိူင်သည့် အကြောင်းရင်းတစ်ခု ဖြစ်သည်။အရွက်ကြွေ အပျက်အစီးများကြားတွင် ရောဂါဖြစ်စေသက်ရှိသည် ၂နှစ်ခန့် အသက်ရှင်သန်နေထိုင်သည့်အတွက် စိုက်ခင်းတွင်း သန့်ရှင်းရေးကိုလည်း အလေးထား လုပ်ဆောင်ပေးသင့်ပါသည်။ ရေစိုနာကွက် အရွက်ပေါ်တွင် တဖြည်းဖြည်းကြီးထွားလာပြီးနောက် အရွက် များ ကြွေကျစေနိူင်ပါသည်။ အနက်ရောင် ရေစိုနာကွက်သည် ရွက်ညှာပေါ်အထိ ဖြစ်ပေါ် လာပြီးနောက် အရွက်များကြွေကျခြင်းတို့ ဖြစ်စေနိုင်သည်။ ထို့အပြင် ရာဘာသီးများလည်း ပုပ်သိုးဆွေးမြေ့သွားမည်။


    ဉာဏ်စမ်းဖြေဆိုရန်လင့်_ https://htwettoe.com/post/47253


  • article
likes17comments0
views2952