cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

အာဆီယံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ ဝယ်လိုအားကြောင့် မိုးကြက်သွန်ပေါ်ချိန် ဈေးကောင်းရနေ

. Crop Price News
အာဆီယံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ ဝယ်လိုအား ရှိနေခြင်းကြောင့် မိုးကြက်သွန် စပေါ်ချိန် ဈေးကောင်းရနေ ကြောင်း ကြက်သွန်စိုက်တောင်သူ နှင့် ကုန်သည်တချို့ကပြောပါတယ်။
  • မိုးကြက်သွန် မှာ ဆောင်းကြက်သွန်ထပ် အထွက် နည်း သောကြောင့် ကြက်သွန်စပေါ်ချိန်ဖြစ်သော်လည်း အမြင့်ဈေးတွင်ရှိနေခြင်း ဖြစ်ကြောင်း တောင်သူများကပြောပါတယ်။

    “ မိုးကြက်သွန်ပေါ်တာက တနိုင်ငံလုံး အတိုင်းအတာအရ ဆောင်းကြက်သွန် တသောင်း ထွက်မယ်ဆိုရင် မိုးကြက်သွန်က နှစ်ထောင်လောက်ပဲထွက်တယ်။ သူကထွက်ရင် ၁၀ရာခိုင်နှုန်းကနေ ၂၀ရာခိုင်နှုန်းလောက်ပဲ ထွက်တယ် ။သူခက်ခက်ခဲခဲထွက်ရတာ ။ တချို့နှစ်တွေဆို ၂၀ရာခိုင်းနှုန်းတောင်မထွက်နိုင်ဘူး ။အဲ့တော့ သူက ဆောင်းကြက်သွန်းထပ် ဈေးကမြင့်တယ် “ လို့ မန္တလေးတိုင်း၊မြင်းခြံခရိုင် ၊တောင်သာမြို့နယ် မှ ကြက်သွန်စိုက်တောင်သူ တစ်ဦးက ပြောပါတယ်။

    လက်ရှိ ကြက်သွန် တောဈေး တစ်ပိဿလျှင် ၂၄၀၀ မှ ၃၀၀၀ အထိ အရောင်းဝယ်ဖြစ်နေကြ ပြီး ရန်ကုန်လက်လီ ဈေးကွက်တွင် ကြက်သွန်ဈေးက တစ်ပိသာ ၅၀၀၀ ကျော်အထိ ဈေးဖွင့်ပါတယ်။

    “ မြန်မာ ကြက်သွ် တွေ အဝယ် များ လာတယ် လို့သိရတယ်။ ပြည်ပ က အဝယ်ရှိလို့ ကြက်သွန်ဈေးကောင်း ချင်ပေမဲ့ အရည်သွေး မကောင်းတော့ ဈေးတင်လို့ မရဘူးဖြစ်နေတယ် ။ တကယ် အလုံးကောင်း အရည် သွေးကောင်းကြက်သွန်တွေ တင်ပို့ရင်တော့ ဒီထပ်ဈေး ပိုကောင်း လာမယ်လို့ ထင်တယ်။ အဲ့ဲ့အရည်သွေး ကောင်း ဖို့ ကြတော့ စိုက်စရိတ်မတက်နိုင်တဲ့ တောင်သူတွေ ကများ နေတယ် ။”လို့ ကြက်သွန် ကုန်သည်တစ်ဦး က ပြောပါတယ်။

    လက်ရှိ ရန်ကုန်ဈေး အနေဖြင့် ပခုက္ကူ ကြက်သွန် နှင့် မြင်းခြံ ကြက်သွန်တစ်ပိဿာလျှင် ၁၉၀၀ မှ ၃၈၀၀ကျပ်အထိ ပေါက်ဈေးရှိကြပြီး မြစ်သား ကြက်သွန်တစ်ပိဿာလျှင် ၃၁၀၀မှ ၄၇၀၀ ကျပ်အထိ အရောင်းဝယ် ပြုလုပ်နေပါ တယ်။

    ဆောင်းကြက်သွန် စတင်စိုက်ပျိုး နေကြပြီး စိုက်ပျိုးရသည့် အထွေထွေ ကုန်ကျစရိတ်များ မြင့်တက်နေသော ကြောင့် စိုက်ပျိုးရေး အပိုင်းမှာ အခက်အခဲရှိကြောင်း မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ မှ ကြက်သွန်နီ စိုက်သူတစ်ဦး ကပြောပါတယ်။

    လတ်တလောတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေး အခြေအနေများနှင့်သွင်းအားစုများ ဈေးကြီးနေသော ကြောင့် သယ်ယူပို့ဆောင်ရေး အပါအဝင် အခြားအခက်ခဲများလည်း စိုက်ပျိုးသူတောင်သူများ ကြုံတွေ့နေရပါတယ်။

    ယခုနှစ် မိုးရာသီတွင် စိုက်သည့် ကြက်သွန်အသစ်က စိုက်ပျိုးချိန်မိုးရွာသွန်းမှုများခဲ့ ခြင်း ကြောင့် အထွက်နှုန်း လျော့ ကျကြောင်း ဆိုသည်။ ကြက်သွန်နီ ကို တရုတ်၊မြဝတီ နှင့် ဘင်္ဂလာဒေ့ နိုင်ငံများ သို့ အဓိက တင်ပို့နေ ကြခြင်း ဖြစ်သည်။

    AMIA

    -------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes8comments1
views1488