cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

၂၀၂၄ ခုနှစ်တွင် ပြောင်းဈေးကွက် ကောင်းမွန်လာနိုင်ကြောင်းပြောင်းကုန်သည်များသုံးသပ်

. Market Price
ဖြေလျှော့မှုများကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ နောက်ပိုင်း ဈေးကွက်ကောင်းနိုင်သည်ဟု မျှော်လင့်ကြောင်း မြန်မာနိုင်ငံ၊ ပြောင်းလုပ်ငန်းရှင်များ အသင်း၊တာဝန်ရှိသူကပြောသည်။
  • ပြည်တွင်းပြောင်းဈေးကွက်တွင် ပြီးခဲ့သည့် နိုဝင်ဘာလလယ်ခန့်ထိ အတက်အကျ ရှိခဲ့ရာက ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၆ ရက်က ထုတ်ပြန်သည့် ပို့ကုန်/သွင်းကုန်နှင့် ပတ်သက်သော ဖြေလျှော့မှုများကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ နောက်ပိုင်း ဈေးကွက်ကောင်းနိုင်သည်ဟု မျှော်လင့်ကြောင်း မြန်မာနိုင်ငံ၊ ပြောင်းလုပ်ငန်းရှင်များ အသင်း၊တာဝန်ရှိသူကပြောသည်။

    ဖြေလျှော့သည့် မူဝါဒအရ ပို့ကုန်ကုန်ဝင်ငွေရရှိမှုအပေါ် ဗဟိုဘဏ်၏သတ်မှတ်နုန်းထားဖြင့် ၅၀ ရာနုန်းကို ကျပ်ငွေလဲလှယ်ရမည့်အစား ၃၅ ရာနုန်းသို့ ဖြေလျှော့ပေးလိုက်ခြင်းကြောင့် ပို့ကုန်ဈေးကွက် လှုပ် ရှားလာ သဖြင့် ပြောင်း ဈေးကောင်းလာနိုင်မည့် အခြေအနေဟုဆိုသည်။

    “မူဝါဒအပြောင်းအလဲ မထွက်ခင် နိုဝင်ဘာနောက်ဆုံးပတ်က ရန်ကုန်ဈေးကွက်မှာ ပြောင်းတစ်ပိသာ ငွေကျပ် ၁၀၆၀ လောက်ကနေ ၁၁၃၀ ဝန်းကျင်ဖြစ်လာတော့ ဈေးမြင့်လာတယ်။၂၀၂၄ ခုနှစ်မှာ ထိုင်းနယ်စပ်ကုန်သွယ် ရေးလမ်းကြောင်း ပြန်ဖွင့်နိုင်မယ်။ထိုင်းဘက်ကလည်း အရင်လို အခွန်လွတ်ကာလ ပြန်တိုးပေးမယ်ဆိုရင် ဈေး က တဖြည်းဖြည်း ပြန်တက်လာမယ်မျှော်လင့်ရတယ်”ဟု ၎င်းက ပြောသည်။

    ကမ္ဘာ့ ပြောင်းဈေးကွက်၌၂၀၂၃ ဇန်နဝါရီမှစ၍ နိုဝင်ဘာအတွင်း ဈေးအတက်အကျများစွာဖြစ်ပေါ်ခဲ့၍ ပြောင်း တစ်တန်လျင် အမေရိကန်ဒေါ်လာ ၂၈၀ မှ ၃၀၀- ဝန်းကျင်အတွင်းရှိခဲ့ပြီး ရန်ကုန်တွင် ပြောင်း တစ်တန်လျင် အမေရိကန်ဒေါ်လာ ၃၁၀ ဝန်းကျင်၊နယ်စပ်တွင် အမေရိကန်ဒေါ်လာ ၃၄၀ ဝန်းကျင် အမြင့်ဈေး ရောက်ရှိခဲ့ရာ က ၂၈၀ ဝန်းကျင်ထိ ကျဆင်းသွားခဲ့ကြောင်းသိရသည်။

    “ဈေးကောင်းရရင် တောင်သူတွေ လုပ်သာကိုင်သာရှိမယ့် အခြေအနေဖြစ်လာမယ်။၂၀၂၃ ၊ဇန်နဝါရီမှ ဒီဇင်ဘာ ထိ ပင်လယ်ရေကြောင်းနဲ့ ပြောင်းတင်ပို့မှုကနေ အမေရိကန်ဒေါ်လာသန်း ၇၀၀ ကျော်ဖိုး ရခဲ့တယ်။ နယ်စပ် လမ်းကြောင်းမှာ စာရင်းအတိအကျ မသိရပေမယ့် ဒေါ်လာတစ်သန်းနဲ့ နှစ်သန်းကြား တင်ပို့နိုင်ခဲ့ တယ်”ဟု ဆက်လက်ပြောကြားသည်။

     မြန်မာနိုင်ငံ၊ပြောင်းလုပ်ငန်းရှင်များအသင်းအနေဖြင့်၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဧပြီ လအတွင်း တရုတ်၊ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများသို့ ပြောင်းတန်ချိန် ၇သိန်းဝန်းကျင် တင်ပို့သွားရန် MOU လက်မှတ်ရေးထိုးထားပြီးဖြစ်၍ နယ်စပ်လမ်းကြောင်းမှဖြစ်စေ၊ပင်လယ်ရေကြောင်းမှ ဖြစ်စေ တင်ပို့သွားမည်ဖြစ်ကြောင်းသိရသည်။

    ရွှေမန်း

    မကွေးဂျာနယ်မှကူးယူဖော်ပြပါသည်။

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes12comments0
views1413