cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

အဖြေ (၆) ခုစလုံးမှန်တဲ့ တောင်သူ အယောက် ၁၀၀ နီးပါထိ ဆုကြေးငွေ ပေးအပ်သွားမယ့် ငွေကြေးစီမံခန့်ခွဲမှုသင်တန်း

. Financial
ငွေကြေး သင်ခန်းစာ ၆ခု လေ့လာပြီး ဆု‌‌ငွေ ယူနိုင်မယ့် အစီအစဥ် (ပဥ္စမ အကြိမ်)
  • ဒီတခေါက်မှာတော့ ထွက်တိုးကနေပြီး ငွေကြေးစီမံခန့်ခွဲမှု သင်ခန်းစာ(၆)ခုကိုလေ့လာပြီး ဆုငွေ (၅၀၀၀) ကျပ်ထိ ရရှိနိုင်မယ့် အစီအစဥ်တခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

    အရင်က ပါဝင်ဖြေဆိုခဲ့ကြတဲ့ တောင်သူတွေက ဗီဒီယို သင်ခန်းစာ (၆) ခုကိုလေ့လာခဲ့ရဝာာဖြစ်ပြီး ခုတခါမှာတော့ တောင်သူများရဲ့ အင်တာနက်လိုင်းအခြေအနေများကို ငဲ့ကွက်သောအားဖြင့် ဗီဒီယိုကြည့်စရာမလိုတော့ဘဲ အချက်အလက်လေးတွေ အနည်းငယ် ဖတ်ရုံနဲ့ မေးခွန်းများကို အလွယ် တကူဖြေဆိုနိုင်မှာဖြစ်ပါတယ်။ 

    ဒီတခေါက် ပါဝင်ဖြေဆိုကြမယ် တောင်သူတွေအတွက် ပိုပြီးတော့ ဖြေဆိုရလွယ်ကူအောင် နားလည်လွယ်တဲ့  infographic (သင်ထောက်ကူပုံ)များနဲ့ ဖော်ပြပေးထားရုံသာမက ဆုကြေးကိုလည်း (၅၀၀၀) ကျပ်ထိတိုးမြင့်ပေးထားပါတယ် ။ 

    အော် မေ့လို့ဗျ....... အဖြေ (၆) ခုလုံံးမှန်တဲ့ တောင်သူတွေက ဆုကြေးငွေရရှိမယ့်အပြင် ထွက်တိုးအဖွဲ့ အစည်းကနေပေးအပ်တဲ့ ထွက်တိုးအသိအမှတ်ပြု လက်မှတ်ကိုပါရရှိမှာဖြစ်ပါတယ်၊

    အရင်ကထက် ပိုပြီးလွယ်ကူအောင် ထောက်ပံ့ပေးထားတာဖြစ်တဲ့ အတွက်ကြောင့် ပဥ္စမမြောက်အကြိမ်မှာ ပါဝင်ပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ် ။

    အောက်ဖော်ပြပါ တစ်ပုံခြင်းစီကို နှိပ်ပြီး ပေးထားတဲ့ လင့်ကို ဝင်ရောက်ဖြေဆိုပေးရုံပါပဲ ခင်ဗျာ။

    ဒါဆိုရင်တော့ စိတ်ဝင်စားတဲ့ သူတွေက ဘာဆက်လုပ်ရမလဲ၊ သင်တန်း ဘယ်လိုတက်ရမလဲ .......

    အောက်ဖော်ပြပါ အချက်လေးတွေကိုတော့ အနည်းငယ်လိုက်လုပ်ပေးရပါမယ်

    ပါဝင်လိုတဲ့သူတွေက

    (၁) ထွက်တိုး ဖုန်းဆော့ဝဲ ဗားရှင့် ၂.၂.၄ တွင်ရှိ ချေးငွေကဏ္ဍ၊ ငွေကြေးပညာပေး သင်ခန်းစာ တွင် သင်ခန်းစာ တစ်ခုချင်းစီကို လေ့လာရမည်ဖြစ်ပါသည်။ ဒေါင်းလုဒ်ရယူရန် - https://htwettoe.com/download

    ဖြေဆိုနည်းကို https://htwettoe.com/post?id=45575 တွင်လေ့လာနိုင်ပါသည်။



  • article
  • သင်ခန်းစာ (၁)။ ငွေစုခြင်း

    https://htwettoe.com/post/45551


  • article
  • သင်ခန်းစာ (၂)။ ငွေကြေးစီမံခန့်ခွဲခြင်းဆုံးဖြတ်ချက်

    https://htwettoe.com/post/45552


  • article
  • သင်ခန်းစာ (၃)။ ငွေစုဖို့အကောင်းဆုံးအကြောင်းအရာ

    https://htwettoe.com/post/45553



  • article
  • သင်ခန်းစာ (၄)။ ကြီးမားတဲ့ အန္တရာယ်ဆိုးတခုခုနဲ့ကြုံရရင်

    https://htwettoe.com/post/45554



  • article
  • သင်ခန်းစာ (၅)။ အာမခံပြုလုပ်ခြင်း

    https://htwettoe.com/post/45555



  • သင်ခန်းစာ (၆)။ ချေးငွေပြန်ဆပ်ခြင်း

    https://htwettoe.com/post/45556 ကိုနှိပ်ပါ။



  • article
  • (၃) အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းလွှာ ရယူလိုသူများ အတွက်

    သင်ခန်းစာခြောက်ခုလုံးကို လေ့လာပြီး မေးခွန်း အားလုံးဖြေဆိုပြီးပါက “လတ်မှတ်ရယူပါ” ကိုနှိပ်ပါ။နောက်ထပ်မေးခွန်း ၆ ခု ထပ်ပေါ်လာပါလိမ့်မယ်။ အားလုံး မှန်ကန်စွာဖြေဆိုပြီးပါက ထွက်တိုးမှ ချီးမြှင့်သောဂုဏ်ပြုမှတ်တမ်းရရှိမည်ဖြစ်ပါသည်။ 

     (၄)!ဆုငွေ (၅၀၀၀)ကျပ်ချီးမြှင့်ရာတွင် ဂုဏ်ပြုမှတ်တမ်းရခြင်း၊ မရခြင်းကိုထည့်သွင်းစဥ်းစားမည် မဟုတ်ပါ။

    (၅) ထွက်တိုး ဒေါင်းလုပ်ရယူရန် - https://htwettoe.com/download

    ရာဘာစိုက်ပျိုးကြသူများအဖွဲ့ (Application) ဝင်ရန် - 

    https://htwettoe.com/organization/3

    ရာဘာစိုက်ပျိုးကြသူများအဖွဲ့ (Facebook) ဝင်ရန် - https://www.facebook.com/groups/2432746880363676/

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ ဝင်ရန်  - https://www.facebook.com/groups/4200052776702483

    https://htwettoe.com/organization/4

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

     

    သင်ခန်းစာလေ့လာရာတွင် သို့မဟုတ် ဉာဏ်စမ်းဖြေဆိုရာတွင် တစုံတရာ အခက်အခဲတွေ့ပါက ထွက်တိုး ကောစန်တာ ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်ပြီး အကူအညီရယူနိုင်ပါတယ်ရှင်

     

    ပညာလဲရ ဆုငွေလဲရအစီအစဉ်မှာ ပါဝင်နိုင်ဖို့ ထွက်တိုးဆော့ဝဲသုံးကြစို့


likes
98
comments
34
views
13263