cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

မကွေးတိုင်းဒေသကြီးအတွက် မိုးလေဝသနှင့် မွေးမြူ‌ရေး အကြံပြုချက်

. Weather News
ရာသီဥတုအေးလာချိန်ဖြစ်၍ ငါးများ အစာစားနှုန်းလျော့နည်းပါသဖြင့် အစာပမာဏအား လျော့၍ ကျွေးရန်
  • ပွင့်ဖြူမြို့နယ်၊ မင်းဘူးမြို့နယ်၊ စလင်းမြို့နယ်၊ စေတုတ္တရာမြို့နယ်  

    တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃) ရက်နေ့မှ (၉) ရက်နေ့အထိ မကွေးတိုင်းဒေသကြီးရှိ ဖော်ပြပါမြို့နယ်များတွင် မိုးရွာရန် ၁၀ ရာခိုင်နှုန်း‌အောက်ရှိသဖြင့် ရာသီဥတု အေးမြ သာယာမည် ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ။

     

      ငါးကန်များအတွက် အကြံပြုချက်  

    🐟 ရာသီဥတုအေးလာချိန်ဖြစ်၍ ငါးများ အစာစားနှုန်းလျော့နည်းပါသဖြင့် အစာပမာဏအား လျော့၍ ကျွေးရန်၊

    🐟ကန်အတွင်းရှိ ငါးများ၏ ရောဂါအခြေအနေများအား စဉ်ဆက်မပြတ်ကြည့်ရှုပေးပါရန်၊

    🐟ငါးများအတွက် ရေချဉ်ဖန်နှုန်း (၆.၅) မှ (၈.၅) အတွင်းသည် အကောင်းဆုံး အခြေအနေ ဖြစ်ပါသဖြင့် ရေအရည်အသွေးစစ်ဆေးပေးပါရန်၊

    🐟 ငါးမွေးကန်များ၏ အနက်(၃)ပေရှိ ကန်အောက်ရေကို ယူပြီး အမိုးနီးယားတိုင်းတာစစ်ဆေးကြရန်၊

    🐟 ကန်အတွင်း အောက်ဆီဂျင်ရရှိစေရန် ညအချိန်တွင် ရေလှည့်ပေးရန်လိုအပ်ပါကြောင်း အကြံပေးလိုပါတယ် ခင်ဗျာ။

    Weather Source: CIAT  


  • article
likes5comments0
views1255