cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

နှစ်သစ်ကူးကာလ လယ်ယာထွက်ကုန် ပြည်ပဝယ်လိုအား အတက်ဘက်သို့ ဦးတည်နေဟု စီး/ကူး ထုတ်ပြန်

. Market Price
နှစ်သစ်ကူးကာလအတွင်း မြန်မာနိုင်ငံရဲ့ လယ်ယာထွက်ကုန်တွေကို ပြည်ပနိုင်ငံတွေရဲ့ ဝယ်လိုအားအတက်ဘက်ကို ဦးတည်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားလာပါတယ်။
  • ယခုရက်သတ္တပတ်အတွင်း ပြည်ပနိုင်ငံတွေထံ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစင်းငုံနဲ့ အခြားပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ ဖရဲ၊ သခွား၊ သစ်သီးဝလံများ၊ ရော်ဘာစိမ်း၊ ကြက်သွန်နီ စတဲ့ လယ်ယာထွက်ကုန်တွေ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

    ဒါ့အပြင် ပုစွန်နဲ့ အခြားရေထွက်ကုန်တွေ ပိုမိုတင်ပို့နိုင်ခဲ့သလို စက်မှုကုန်ချောတွေဖြစ်တဲ့ CMP ချုပ်ပြီး အထည်တွေလည်း ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း စီးပွား/ကူးသန်းရဲ့ စာရင်းတွေမှာ တွေ့ရှိရပါတယ်။

    ယခုအပတ်မှာ ပဲမျိုးစုံတန်ချိန် ၂၄၇၇၉ တန် တင်ပို့မှုမှ ကန်ဒေါ်လာ ၂၁ သန်းကျော် ရရှိခဲ့ကာ ပါကစ္စတန်၊ ထိုင်း၊ ယူအေအီး၊ ဗီယက်နမ်၊ ကနေဒါ၊ အမေရိကန်၊ ဂျပန်နိုင်ငံတွေထံ အရင်ရက်သတ္တပတ်တွေထက် ပင်လယ်ရေကြောင်းကနေ တင်ပို့မှု ပိုမိုတိုးတက်လာပါတယ်။

    နှမ်းမျိုးစုံမှာ နှစ်သစ်ကူးကာလအတွင်း ဝယ်လိုအားမြင့်တက်နေပြီး တရုတ်နိုင်ငံထံ အရင်အပတ်ထက် နှမ်းမျိုးစုံ ပိုမိုတင်ပို့နိုင်ခဲ့ပြီး ဂျပန်၊ ထိုင်း၊ စင်ကာပူ၊ ထိုင်ဝမ် တို့မှလည်း ဝယ်လိုအားများပြားခဲ့ကာ နှမ်းနက်တစ်တန်ကို အမေရိကန်ဒေါ်လာ ၁၃၈၀ မှ ၁၈၁၅ အထိ ပို့ကုန်ဈေးနှုန်း ရရှိခဲ့ပါတယ်။

    ပြည်တွင်းနှမ်းဈေးကွက်အတွင်းမှာလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ကုန်စည်ဒိုင်ဈေးကွက်တွေမှာ နှမ်းနက် ၄၅ ပိဿာဝင်တစ်အိတ်ကို ငွေကျပ် ၂၉၅၀၀၀ မှ ၃၄၀၀၀၀ ပေါက်ဈေးနဲ့ လက်တလောမှာ ဈေးအတက်ဘက်ကို ရောက်ရှိနေပါတယ်။

    ယခုရက်သတ္တပတ်အတွင်း ပြည်ပကို ချုပ်ပြီးအထည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၂ သန်းကျော် ရရှိခဲ့ပြီး နိုင်ငံပေါင်း ၅၃ နိုင်ငံထံ တင်ပို့ခဲ့ကာ ဂျပန်၊ ပိုလန်၊ တောင်ကိုရီးယား၊ ဗြိတိန်၊ အမေရိကန်နိုင်ငံများမှ အများဆုံးမှာယူတင်သွင်းခဲ့ပါတယ်။

    ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ မြန်မာနိုင်ငံရဲ့ ပြည်ပဝယ်လက်နိုင်ငံများထံ ဒေါ်လာ ၂၂၆ သန်းကျော် ပို့ကုန်တွေ တင်ပို့ခဲ့ပြီး လယ်ယာထွက်ပစ္စည်းမှ ဒေါ်လာ ၇၂ သန်းကျော်၊ ရေထွက်ပစ္စည်းမှ ဒေါ်လာ ၁၆ သန်းကျော်၊ စက်မှုကုန်ချောမှ ဒေါ်လာ ၁၆၆ သန်းကျော် ရရှိခဲ့ပါတယ်။

    သတင်း - BETV Business

    ------------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes
4
comments
0
views
888