cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

အာလူးစိုက်ပျိုးရာတွင် ရေသွင်းခြင်း🌱🌱

. Water Management
ရေသွင်းခြင်း စနစ်သုံးမျိုး ရှိသည်။ (၁။ ရေဖျန်းစနစ်ဖြင့် ရေသွင်းခြင်း၊ ၂။ မြောင်းဖြင့် ရေသွင်းခြင်း၊ ၃။ အစက်ချပိုက်ဖြင့် ရေသွင်းခြင်း)
  • 🥔အာလူးအထွက်နှုန်း မြင့်မားစေရန်အတွက် အစိုဓာတ်သည် အလွန်အရေးပါပါသည်။

    🥔ယေဘုယျအားဖြင့် အာလူးဥ စစိုက်သည့် အချိန်မှစပြီး တူးဖော်ချိန်အထိ ရေ ၂၅၀မီလီမီတာ (၉.၈ လက်မ သို့ ၁၀၁၂ ကုဗမီတာ) လိုအပ်ပါသည်။ 

    🥔တစ်ကြိမ်ရေသွင်းလျှင် (အပင်စိုက်ပြီးချိန်မှအပ) ၁၀-၁၅ မီလီမီတာ (၀.၄ - ၀.၆ လက်မ) ပမာဏထက် ပို၍ မသွင်းသင့်ပါ။ 

    🥔ရေကို တစ်ကြိမ်တည်း များစွာ ပေးသွင်းလိုက်သည့်အခါ မြေထဲရှိ အပေါက်ငယ်လေးများ ပိတ်ဆို့သွားပြီး အောက်ဆီဂျင်ချို့တဲ့ကာ အမြစ်ဇုံထဲရှိ နိုက်ထရိုဂျင် ပျောက်ကွယ်သွားစေပါသည်။ 🥔နိုက်ထရိုဂျင်ဆုံးရှုံးမှုကြောင့် သီးနှံကို စောစောရင့်မှည့်စေပြီး အထွက်နှုန်းကို လျော့ကျစေပါသည်။ 🥔ကိုင်းတက်စတင်ဖြစ်ပေါ်လာချိန် (အပင်ပေါက်ပြီး နှစ်ပတ်) အချိန် ရေသွင်းနိုင်ပါက အားလူးဥအရေအတွက် ပိုမိုများပြားနိုင်ရန် အထောက်အကူပြုသည်။ 

    🥔ကြွပ်တက်ခြင်းအား လျှော့ချနိုင်ရန်အတွက် ရေ စောစောသွင်းရန် လိုအပ်ပါသည်။ 

    🥔အာလူးဥ စတင်ဖြစ်ပေါ်ချိန် (ဥစွယ်ထွက်ချိန်) ရေသွင်းနိုင်ပါက အာလူးအထွက် တိုးစေရန် အထောက်အကူပြုသည်။ 

    🥔ယေဘုယျအားဖြင့် ရေသွင်းခြင်း စနစ်သုံးမျိုး ရှိသည်။ (၁။ ရေဖျန်းစနစ်ဖြင့် ရေသွင်းခြင်း၊ ၂။ မြောင်းဖြင့် ရေသွင်းခြင်း၊ ၃။ အစက်ချပိုက်ဖြင့် ရေသွင်းခြင်း)

    Source: Fresh Studio


  • article
  • article
likes14comments0
views2555