cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

မြန်မာ့ GAP အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်း လုပ်ငန်းစဉ်

. Cultivation Methods
နားလည်လွယ်အောင် အဆင့်ဆင့်ဖော်ပြထားပါတယ်။
  • မြန်မာ့ GAP အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်း လုပ်ငန်းစဉ်


    ၁။ GAP ဆိုသည်မှာ 

    GAP (စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ) ဆိုသည်မှာ မြေပြုပြင် စိုက်ပျိုးထုတ်လုပ်သည်မှ စားသုံးသူ လက်ဝယ်ရောက်သည်အထိ ထုတ်လုပ်မှုကွင်းဆက်တိုင်းတွင် စားသုံးသူအတွက် အန္တရာယ်ဖြစ်စေသည့် ကူးစက် ညစ်ညမ်းမှုများ အနည်းဆုံးဖြစ်စေရန် လိုက်နာရမည့် နည်းလမ်းများကို စုစည်းထားသည့် စံလုပ်ထုံးလုပ်နည်း လမ်းညွှန်မှု များဖြစ်ပါသည်။

    "သီးနှံများအတွက် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ စံချိန်စံညွှန်း" ကို စိုက်ပျိုးရေး ဦးစီးဌာနမှ မူကြမ်းရေးဆွဲခဲ့ပြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်မှ ဥက္ကဌ အဖြစ် ဦးဆောင်ဖွဲ့စည်းထားသော စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ စံချိန်စံညွှန်း ရေးဆွဲရေးနည်းပညာဆပ်ကော်မတီအဖွဲ့ဝင်များမှ အဆင့်ဆင့် ပြင်ဆင် ဖြည့်စွက်ညှိနှိုင်းဆွေးနွေး၊ အတည်ပြုချက်ရရှိခဲ့ပြီးနောက် နိုင်ငံတော်စံချိန်စံညွှန်းအဖြစ် အတည်ပြုချက်ရရှိရေးအတွက် အမျိုးသားစံချိန်စံညွှန်းကောင်စီသို့ ပေးပို့တင်ပြခဲ့ရာ ၂၀၂၀ ခုနှစ်၊ မတ်လ(၂၀) ရက်နေ့တွင် ကျင်းပသော အမျိုးသား စံချိန်စံညွှန်းကောင်စီ အစည်းအဝေး (၁/၂၀၂၀) မှ MMS GAP 23:2020 ဖြင့် "သီးနှံများအတွက် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့်ကောင်းများ စံချိန် စံညွှန်း" ကို နိုင်ငံတော်စံချိန်စံညွှန်းအဖြစ် အတည်ပြုချက်ရရှိခဲ့ပါသည်။

    စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံမှ စိုက်ပျိုးရေးထွက်ကုန်များ ဘေးအန္တရာယ် ကင်းရှင်းပြီး အရည်အသွေး ကောင်းမွန်စွာထုတ်လုပ်၍ ဈေးကွက်သို့ ပိုမိုတင်ပို့ရောင်းချနိုင်ရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ မြန်မာ (GAP) အသိအမှတ်ပြု လက်မှတ်ထုတ်ပေးနိုင်ရန် တိုင်း၊ ခရိုင်၊မြို့နယ် GAP Inspector Team များ ဖွဲ့စည်း၍ ကွင်းဆင်းစစ်ဆေးခြင်း၊ သက်ဆိုင်ရာဌာနခွဲများ ပူးပေါင်းပါဝင်ဖွဲ့စည်းထားသော ပညာပေးရေး နှင့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များသည် သက်ဆိုင် ရာ ဌာနခွဲ၊ တိုင်း၊ ခရိုင် တို့၏ စီမံကွပ်ကဲမှုဖြင့် (သီးနှံကာကွယ်ရေး/ မြေအသုံးချ / စိုက်ပညာ/ မျိုးစေ့) တို့နှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိပါ သည်။ ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် တောင်သူများထားရှိ ရေးသွင်းရမည့် မှတ်တမ်းပုံစံများဖြန့်ဝေခြင်း၊ တောင်သူများ၏ စိုက်ကွင်းတွင် ခဲ၊ ပြဒါး နှင့် အာဆင်းနစ် စသည့် Heavy Metal များပါဝင်မှုနှင့် အဟာရဓါတ်များပါဝင်မှု အခြေအနေအား စစ်ဆေးနိုင်ရန် မြေ၊ ရေနမူနာများရယူခြင်းနှင့် ဓါတ်ခွဲခန်းသို့ပေးပို့ခြင်း၊ သီးနှံများခူးဆွတ်ပြီး နောက်ပိုင်းသတ်မှတ်ထားသော အမြင့်ဆုံးပိုးသတ်ဆေးဓါတ်ကြွင်းအာနိသင်ပါဝင်မှုကို တိုင်းတာစစ်ဆေးရန်ဆောင်ရွက်ခြင်း၊ ဘက်စုံပိုးမွှားကာကွယ်ရေး နည်းစနစ်များ အသုံးပြု ဆောင်ရွက်မှု၊ စိုက်ခင်းသန့်ရှင်းရေး၊ ရေအိမ်ဆောက်လုပ်ထားရှိမှုနှင့် စွန့်ပစ်ပစ္စည်းများ စွန့်ပစ်ပုံ စသည်တို့အပြင် ခူးဆွတ်ပြီးနောက်ပိုင်းလုပ်ငန်းစဉ်များ အဆင့်ဆင့်ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး အတွက်အဆင့်အတန်းခွဲခြားခြင်း၊ ထုတ်ပိုးပြုပြင်ခြင်းနှင့် အမှတ်တံဆိပ်ကပ်ခြင်းတို့တွင် စနစ်တကျဆောင်ရွက်ခြင်းနှင့် သန့်ရှင်းရေးလိုက်နာကျင့်သုံးမှုတို့ကိုစစ်ဆေးဆောင်ရွက်ရပါသည်။

     

    (က) Township Admin မှ Online Digitalization ဆောင်ရွက်မှု

    မြို့နယ်ဦးစီးမှူးမှ လျှောက်လွှာများကိုစိစစ်၍ ထောက်ခံအတည်ပြုချက်နှင့်အတူ လျှောက်လွှာများအား (GAP website) သို့ (Township Admin) အကူအညီဖြင့် တင်သွင်းဆောင်ရွက်ရပါသည်။လျှောက်ထားခြင်း ပြီးမြောက်မှု (၂၀%)အဖြစ် သတ်မှတ်ပါသည်။

    (ခ) District Admin မှ Online Digitalization ဆောင်ရွက်မှု

    ခရိုင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး၍ ရေ၊မြေစစ်ဆေးမှုအတွက် ကူညီဆောင်ရွက်ပေးခြင်း၊ (GAP Guideline) နှင့် အညီဆောင်ရွက်ထားရှိမှု မှတ်တမ်းများအား ခရိုင်ဦးစီးမှူးမှ ထောက်ခံအတည်ပြု၍ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးထံ တင်ပြဆောင်ရွက်ပါသည်။ ခရိုင်ဦးစီးမှူး၏ ထောက်ခံ အတည်ပြုချက်နှင့်အတူ စစ်ဆေးချက် မှတ်တမ်းများအား(GAP website) သို့ တင်သွင်းဆောင်ရွက်ရပါသည်။ လျှောက်ထားခြင်း ပြီးမြောက်မှု (၅၀%) အဖြစ် သတ်မှတ်ပါသည်။

    (ဂ) Region/State Admin မှ Online Digitalization ဆောင်ရွက်မှု

    ခရိုင်ဦးစီးမှူး၏ ထောက်ခံအတည်ပြုချက်ဖြင့် တင်ပြလာသော (GAP Guideline) နှင့် အညီ ဆောင်ရွက်ထားရှိမှု မှတ်တမ်းများအား တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးမှစစ်ဆေးထောက်ခံ၍ ဥယျာဉ်ခြံ၊ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝ နည်းပညာဌာနခွဲ၊ ညွှန်ကြားရေးမှုးထံတင်ပြဆောင်ရွက်ရသည်။ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးမှ ထောက်ခံ အတည်ပြုချက်နှင့်အတူ စစ်ဆေးချက်မှတ်တမ်းများအား (GAP website) သို့ တင်သွင်းဆောင်ရွက်ရပါသည်။ လျှောက်ထားခြင်းပြီးမြောက်မှု (၇၀%) အဖြစ်သတ်မှတ်ပါသည်။

    (ဃ) Main Admin မှ Online Digitalization ဆောင်ရွက်မှု

    တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူး၏ ထောက်ခံချက်ဖြင့်တင်ပြလာသောမှတ်တမ်းများအား ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက် နှင့် အပင်ဇီဝနည်းပညာဌာနခွဲ၊ GAP ဌာနစိတ် မှ စိစစ်၍ GAP အသိအမှတ်ပြုလက်မှတ်များအား စီမံ၍ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက် နှင့် အပင်ဇီဝနည်းပညာ ဌာနခွဲ၊ ညွှန်ကြားရေးမှုး၏ ထောက်ခံချက်နှင့် အတူ ညွှန်ကြားရေးမှုးချုပ်  

    (စိုက်ပျိုးရေးဦးစီးဌာန)ထံ တင်ပြဆောင်ရွက်ရသည်။ မြို့နယ်၊ ခရိုင်၊ တိုင်း/ ပြည်နယ်များမှ ထောက်ခံ အတည်ပြုချက်များနှင့်အတူ စစ်ဆေးချက် မှတ်တမ်းများအားလုံးအား GAP website တွင်စိစစ်၍ GAP certificate ထုတ်ပေးနိုင်ရေး ဆောင်ရွက်ရပါသည်။ လျှောက်ထားခြင်း ပြီးမြောက်မှု (၁၀၀%) အဖြစ် သတ်မှတ်ပါသည်။

    ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက် နှင့် အပင်ဇီဝနည်းပညာဌာနခွဲ၊ GAP ဌာနစိတ်၏ Certification ဆိုင်ရာလုပ်ငန်းတာဝန်များ

     -  တိုင်းဒေသကြီး/ ပြည်နယ်များမှ လျှောက်ထားမှုများကို Admin Panel မှ တစ်ဆင့် နေ့စဉ်စစ်ဆေးရန်

     - တိုင်းဒေသကြီး/ ပြည်နယ်များမှထောက်ခံချက်ပေးပြီး(၇၀ %)အဆင့်ရှိလျှောက်လွှာများကို(GAP) အသိအမှတ်ပြု 

      လက်မှတ်ထုတ်ပေးနိုင်ရေးဆောင်ရွက်ရန်

     -  Excel export ထုတ်ယူခြင်း

     -  QR code အတွက် data ထည့်သွင်းခြင်း

     -  Certificate တွင် တောင်သူ၏ data အချက်အလက်များဖြည့်သွင်းခြင်း

     -  အုပ်စုအဖွဲ့ဝင်များ၏ စာရင်းများပြုစုရေးသွင်းခြင်း

     -  DG (ညွှန်ကြားရေးမှူးချုပ်) လက်မှတ်အတွက် အပေါ်စာပြင်ဆင်ခြင်း

     -  DG လက်မှတ်ထိုးပြီးသော Certificate များအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပေးပို့ရန်အတွက် ညွှန်ကြားရေးမှူးအပေါ်စာ ပြင်ဆင်ခြင်း


    ၂။ GAP လျှောက်လွှာပုံစံ


    https://htwettoe.com/post/47431 တွင်အသေးစိတ် ကြည့်ရှုလေ့လာနိုင်ပါသည်။ 


    ၃။ Myanmar GAP Protocol နှင့် ဥယျာဉ်ခြံသီးနှံ (၉) မျိုးတို့၏ Myanmar GAP Guidelines (၂၀၁၇)


    https://www.doa.gov.mm/doa/image/catalog/doa_new/DOA_Services/9_Crops_GAP_Guidelines.pdf

    --------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes17comments0
views3027