cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

အုန်းသီးစွန့်ပစ်ပစ္စည်းမှ မီးသွေးထုတ်ရန် မြန်မာ့အုန်းသီး တရုတ်အဝယ်လိုက်

. Crop News
တရုတ်နိုင်ငံက အုန်းသီးစွန့်ပစ်ပစ္စည်းဖြစ်တဲ့ အုန်းမှုတ်ခွက်ကို မီးသွေးအဖြစ် ပြောင်းလဲထုတ်လုပ်ဖို့ ရသလောက် ဝယ်ယူနေတာကြောင့် မြန်မာ့အုန်းသီး အဝယ်လိုက်နေကြောင်း အုန်းသီးရောင်းဝယ်ရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။
  • “အုန်းမှုတ်ခွက်မီးသွေးဆိုတာ ရှိတယ်။ သူကလည်း ပြည်ပဈေးကွက်ကို တော်တော်တိုးတာပေါ့။ တရုတ်က ရသလောက်ဝယ်နေတာ။ အဲ့ဒီဈေးကွက်က နည်းနည်းကြီးတယ်”လို့ အုန်းသီးရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

    လက်ရှိကာလဟာ နွေဦးပေါက်မယ့် ကာလဖြစ်လို့ အုန်းသီးဈေးနှုန်းတွေ တက်နေပြီး ဝယ်လိုအားလည်း တက်နေတယ်လို့ သိရပါတယ်။

    “အုန်းမှုတ်ခွက်မီးသွေးဆိုတာ အုန်းသီးအသားကို ယူလိုက်တဲ့အခါ အုန်းမှုတ်ခွက် ကျန်တယ်လေ။ အခြေခံကတော့ ကာဗွန်ထုတ်တာပေါ့။ အဲ့ဒါက ပြည်ပဈေးကွက်မှာ တော်တော်တွင်ကျယ်တယ်”လို့ အုန်းသီးရောင်းဝယ်ရေးလုပ်ငန်းရှင်က ရှင်းပြပါတယ်။

    မြန်မာ့အုန်းသီးဈေးကွက်မှာ မန္တလေးဈေးကွက်က အကြီးဆုံးဖြစ်ပြီး မန္တလေးဈေးကွက်ကတစ်ဆင့် တရုတ်နဲ့ ထိုင်းနိုင်ငံတို့က ဝယ်ယူနေတာပါ။

    “မန္တလေးကတစ်ဆင့် တရုတ်ပြည်ကို သွားတယ်။ မြဝတီကတစ်ဆင့် ထိုင်းဘက်ကို သွားတယ်။ ဘင်္ဂလားဒေ့ရှ်ကလည်း တက်ဝယ်တယ်။ သူက သင်္ဘောတွေမှာ တက်ဝယ်တာ”လို့ ရန်ကုန်မြို့က အုန်းသီးအရောင်းဒိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

    အုန်သီးကို ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့မှာ အများဆုံးစိုက်ပျိုးပြီး မိုးရာသီကုန်မှ ပြည်ပဈေးကွက်ထံ တင်ပို့ရောင်းချခြင်းဖြစ်ကာ မိုးမကုန်မချင်း ပြည်တွင်းဈေးကွက်မှာပဲ ရောင်းချရကြောင်း သိရပါတယ်။

    လက်ရှိမှာ အုန်းသီးမှ ထွက်ရှိတဲ့ ကုန်ကြမ်းကို ဓာတ်မြေဩဇာ အပါအဝင် လူသုံးကုန်နဲ့ အလှကုန်ထုတ်လုပ်တဲ့နေရာတွေမှာလည်း အသုံးပြုကြပါတယ်။

    အုန်းခွံ၊ အုန်းမှုတ်ခွက်တို့နဲ့ ပြုလုပ်တဲ့ အနုအပညာလက်ရာများကို လက်ရာမြောက် ထုတ်ကုန်တွေအဖြစ် ထုတ်လုပ်ပြီး ပြည်ပကို တင်ပို့နိုင်ရေး စီမံကိန်းကိုလည်း အကောင်အထည်ဖော်လျက်ရှိပါတယ်။

    သတင်း - BETV Business

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes14comments0
views2105