မုံညှင်း အထွက်ကောင်းစေသော ပိုတက်နှင့် ဇင့်ဓာတ်
မုံညှင်းသီးနှံသည် Brassicas မျိုးနွယ်ဝင်ဖြစ်ပြီး အာဟာရဓါတ်တန်ဖိုးများစွာပါဝင်ပြီး ဆီပါဝင်မှုမှာ ၃၇ - ၄၉ ရာခိုင်နှုန်း ရှိပါသည်။ ထို့ကြောင့် မုံညှင်းသီးနှံ အထွက်တိုးရန်အတွက် မြေဆီလွှာ အဟာရဓာတ်တိုးပွားရေးသည် လွန်စွာအရေးကြီးပါသည်။ သီးနှံလိုအပ်ချက်အတွက် အများလို အာဟာ ဓာတ်များနှင့် အနည်းလို အာဟာရဓာတ်များ ဟူ၍ ရှိရာ ယင်းတို့ထဲတွင် ပိုတက်စီယမ်ဓာတ်လိုအပ်ချက်သည်လည်း အရေးကြီးသည့် သီးနှံအာဟာရဓာတ်တစ်မျိုးဖြစ်ပါသည်။
ပိုတက်စီယမ်ထည့်ပေးဖြင်းဖြင့် အပင်၏ အမြစ်များဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုပြီး ရေစုပ် ယူမှုကို အားကောင်းစေပါတယ်။ တစ်ချိန်တည်းမှာပင် ဇင့်ဓာတ်သည်လည်း မုံညှင်းပင်၏ အပင်ဆဲများ ဖွံ့ဖြိုးခြင်း၊ အပင်၏ ဇီဝကမ္မဖြစ်စဉ်နှင့် အစာချက်ခြင်းလုပ်ငန်းစဉ်များအတွက် လွန်စွာအထောက်အကူ ပြုပါသည်။ထို့ပြင် ဇင့်ဓာတ်သည် ဆီထွက်သီးနှံများအတွက် ဆီထွက်အားကောင်းစေရန် လိုအပ်သော ဓာတ်တစ်မျိုး ဖြစ်ပါသည်။ ရောဂါပိုးမွှားဒဏ်နှင့် အပင်သန်စွမ်းစေရန်အားပေးသည့်အတွက် မုံညှင်းပင်အနေဖြင့် အနည်းလို အာဟာဓာတ်များထဲမှ ဇင့်ဓါတ်ကို ပိုမိုစုပ်ယူလေ့ရှိပါသည်။ ပိုတက်နှင့်ဇင့်ထည့်ပေးခြင်းဖြင့် မုံညှင်းပင်တွင် ကြီးထွားမှုနှင့် အထွက်နှုန်းတိုးလာသည်ကို တွေ့ရပသည်။ တဆက်တည်းတွင် နိုင်ထရိုဂျင်၊ ဖော့စဖော့ရပ်၊ ပိုတက်နှင့် ဇင့်တွဲပြီး အသုံးပြုခြင်းသည် မုံညှင်းစေ့အထွက်နှုန်း သိသိသာသာတိုးလာသည်ကို တွေ့နိုင်ပါသည်။
သို့ဖြစ်၍ မုံညှင်းသီးနှံတွင် ပိုတက်စီယမ် ပမာဏအား တစ်ဟတ်တာလျှင် ၅၀ ကီလိုဂရမ်နှင့် ဇင့် ဓာတ်အား ၁၅ ကီလိုဂရမ် သုံးပေးခြင်းဖြင့် မုံညှင်းသီးနှံကြီးထွားမှုနှင့် အထွက်နှုန်းအား လွန်စွာ တိုးမြင့်စေနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။
-----------------------------
ပြည့်ဖြိုးအောင်
ထွက်တိုး
Source: International Journal of Environment and Climate Change Volume 13, Issue 8, Page 1913-1918, 2023; Article no.IJECC.100783 ISSN: 2581-8627 မှ ထုတ်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။


NewsFeed
Communities
Explore
Inbox
Me
Market Price