cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

၄ လ အတွင်း ပြောင်းတန်ချိန် ၇ သိန်းဝန်းကျင် တင်ပို့နိုင်ဖို့မှန်းထား

. Market Price
“မြန်မာ့ပြောင်းကို ထိုင်းနိုင်ငံကို အခွန်ကင်းလွတ်ခွင့်နဲ့တင်ပို့ခွင့်က ဖေဖော်ဝါရီလမှာ စတင်မှာဖြစ်ပါတယ်။ အခုနှစ်ကို တန်ချိန်များ တင်ပို့နိုင်အောင် စီစဉ်နေပါတယ်။ အသင်းအနေနဲ့ မြန်မာ့ပြောင်းကို ပြည်ပနိုင်ငံများ သို့ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ပြည်ပဈေးကွက်များမှ ကုန်သည်ဝယ်လက် အသစ်များနဲ့ ချိတ်ဆက်နိုင်ဖို့ ကိုလည်း ကြိုးပမ်းဆောင်ရွက်နေပါတယ်” လို့
  • မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်များအသင်းအနေဖြင့် ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း ပြည်ပနိုင်ငံများသို့ မြန်မာ့ပြောင်းတန်ချိန် ၇ သိန်းဝန်းကျင်အထိ တင်ပို့နိုင်ရန် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

    လက်ရှိမှာလည်း တင်ပို့ခွင့်အတွက် ထိုင်း၊ တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့မှ ကုမ္ပဏီ ၇ ခုနှင့် MoU လက်မှတ်ရေးထိုးထား ပြီးဖြစ်တယ်လို့လည်း မြန်မာနိုင်ငံပြောင်းလုပ်ငန်း ရှင်များ အသင်းမှသိရပါတယ်။

    ထိုင်းနိုင်ငံမှ မြန်မာ့ဒေသထွက်ပြောင်းကို နှစ်စဉ် ဖေဖော်ဝါရီ ၁ ရက်မှ ဩဂုတ် ၃၁ ရက်အထိ အခွန် ကင်းလွတ်ခွင့်ဖြင့် တင်ပို့ခွင့်ပြုနေတာကြောင့် လာမည့် ဖေဖော်ဝါရီလမှစတင်၍ တန်ချိန်အမြောက်အများ တင်ပို့ နိုင်ရန်လည်း စီစဉ်လျက်ရှိကြောင်း သိရပါတယ်။

    “မြန်မာ့ပြောင်းကို ထိုင်းနိုင်ငံကို အခွန်ကင်းလွတ်ခွင့်နဲ့တင်ပို့ခွင့်က ဖေဖော်ဝါရီလမှာ စတင်မှာဖြစ်ပါတယ်။ အခုနှစ်ကို တန်ချိန်များ တင်ပို့နိုင်အောင် စီစဉ်နေပါတယ်။ အသင်းအနေနဲ့ မြန်မာ့ပြောင်းကို ပြည်ပနိုင်ငံများ သို့ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ပြည်ပဈေးကွက်များမှ ကုန်သည်ဝယ်လက် အသစ်များနဲ့ ချိတ်ဆက်နိုင်ဖို့ ကိုလည်း ကြိုးပမ်းဆောင်ရွက်နေပါတယ်” လို့ မြန်မာနိုင်ငံပြောင်း လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အတွင်းကလည်း အခွန်ကင်းလွတ်ခွင့်ဖြင့် ထိုင်းနိုင်ငံသို့ မြန်မာ့ပြောင်းတင်ပို့မှုဟာ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ တန်ချိန် ၇ သိန်းကျော်နှင့် နယ်စပ်ကုန်သွယ်ရေးမှ တန်ချိန် ၁ ဒသမ ၂ သန်း ကျော်တို့ကို တင်ပို့နိုင်ခဲ့ကြောင်းသိရပါတယ်။

    Myanmar Future News မှ ကူးယူဖော်ပြပါသည်။

    -------------------------------------------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes
8
comments
0
views
1660