cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

စားသုံးသူကာကွယ်ရေးဥပဒေ (သို့မဟုတ်) လုပ်ငန်းရှင်များလိုက်နာရန်

. Post Harvest Management
စီးပွားရေးလုပ်ငန်းရှင်သည် ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့် အာမခံချက်များတွင် အောက်ပါ အချက်အလက်များ ပါဝင်စေရမည်-
  • ထွက်တိုး (Htwet Toe) အသုံးပြုသူ တောင်သူများ၊ လုပ်ငန်းရှင်များအနေဖြင့် မိမိစိုက်ပျိုးထုတ်လုပ်သည့် ကုန်ပစ္စည်းများနှင့် ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန (Department of Consumer Affairs) မှ ထုတ်ပြန်ထားသည့် စားသုံးသူကာကွယ်ရေးဥပဒေ (သို့မဟုတ်) လုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့်အချက်များအား ဗဟုသုတ ရရှိစေရန်နှင့် လိုက်နာဆောင်ရွက်နိုင်စေရန်အလို့ငှာ ကူးယူဖော်ပြပေးလိုက်ရပါသည်။ 

    စီးပွားရေးလုပ်ငန်းရှင်သည် ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့် အာမခံချက်များတွင် အောက်ပါ အချက်အလက်များ ပါဝင်စေရမည်- 

    (၁) စားသုံးသူက လက်ခံသုံးစွဲနိုင်သော အရည်အသွေးရှိခြင်း၊ 

    (၂) ကုန်စည်၏ အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန် မှန်ကန်မှုရှိခြင်း၊ 

    (၃) ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ 

    (၄) သုံးစွဲသူ၏ လိုအပ်ချက်အတွက် သင့်လျော်မှုရှိခြင်း၊ 

    (၅) နမူနာပစ္စည်းတွင် ဖော်ပြထားသည့်အတိုင်း တူညီစွာပါရှိခြင်း၊ 

    (၆) အာမခံချက်ပေးထားသည့်ကာလ သို့မဟုတ် အသုံးပြုနိုင်မည့်ကာလအတွင်း အပိုပစ္စည်းရရှိနိုင်ခြင်း၊ ပြန်လည်ပြုပြင်နိုင်ခြင်း သို့မဟုတ် လဲလှယ်နိုင်ခြင်း၊ 

    (၇) ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်၊ ကြော်ငြာ၊ ကမ်းလှမ်းချက် သို့မဟုတ် အရောင်း မြှင့်တင်ခြင်းတွင် ပါဝင်သော ဖော်ပြချက်နှင့် ကိုက်ညီမှုရှိခြင်း။ 

    စီးပွားရေးလုပ်ငန်းရှင်သည် စားသုံးသူအပေါ် ဝန်ဆောင်မှုပေးခြင်းနှင့်စပ်လျဉ်းသည့် ဖော်ပြရမည့် အာမခံချက်များတွင် အောက်ပါအချက်အလက်များ ပါဝင်ရမည်- 

    (၁) မိမိဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အချက်အလက်များကို စားသုံးသူသိရှိစေရန် ကြိုတင်အသိပေးခြင်း၊ 

    (၂) မှန်ကန်သော သတင်းအချက်အလက်နှင့် ပြည့်စုံသော ဝန်ဆောင်မှုအဆင့်အတန်းနှင့်အညီ ပြည့်ဝစွာ ပေးခြင်း၊ 

    (၃) စားသုံးသူ၏ လိုအပ်ချက်နှင့် ကိုက်ညီမှုရှိခြင်း၊ 

    (၄) အာမခံထားသော အချိန်ကာလအတွင်း ပြီးမြောက်အောင် ဆောင်ရွက်ပေးခြင်း၊ 

    (၅) စားသုံးသူနှင့် သဘောတူညီထားသည့် ဝန်ဆောင်မှု တန်ဖိုးအတိုင်း ပေးအပ်စေခြင်း။ 

    မူရင်း/ကိုးကား 

    ၁။ စားသုံးသူကာကွယ်ရေးဥပဒေ (သို့မဟုတ်) လုပ်ငန်းရှင်များလိုက်နာရန်၊ စားသုံးသူရေးရာဦးစီးဌာန 

    https://www.doca.gov.mm/Duties_of_the_Entrepreneurs 


  • article
likes13comments0
views1892