cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

တရုတ်နှစ်ကူးနီးလာချိန် နယ်စပ်မှ ဖရဲသီးဝယ်လိုအားမြင့်တက်လာ

. All News
တရုတ်နှစ်သစ်ကူးကာလနီးလာချိန်တွင် တရုတ်နိုင်ငံဘက်က ဖရဲသီးဝယ်လိုအားမြင့်တက်လာကြောင်း နယ်စပ်ကုန်သည်များနှင့် ဖရဲစိုက်တောင်သူများထံမှ သိရပါတယ်။
  • တရုတ်နှစ်သစ်ကူးကာလနီးလာချိန်တွင် တရုတ်နိုင်ငံဘက်က ဖရဲသီးဝယ်လိုအားမြင့်တက်လာကြောင်း နယ်စပ်ကုန်သည်များနှင့် ဖရဲစိုက်တောင်သူများထံမှ သိရပါတယ်။

    “လက်ရှိမှာ နယ်စပ်လမ်းကြောင်းတွေအားလုံးကို အသုံးပြုလို့မရတော့ ရတဲ့နေရာကနေပဲ ပို့နေရတာပါ။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းတုန်းကဆိုရင် အရောင်း အဝယ်မကောင်းဘူး။ အခုနှစ်ဆန်းပိုင်းလောက်မှာ အရောင်းအဝယ် ပြန်ဖြစ်လာတာပေါ့။ ဒါပေမယ့်လည်း ပုံမှန်လမ်းကြောင်းတွေကနေ မတင်ပို့နိုင်တော့ လမ်းစရိတ်ပိုကုန်ကျသလို ပျက်စီးမှု ကြုံရတာလည်းရှိတာပေါ့။ ဘာပဲဖြစ်ဖြစ် ရောင်းမထွက်တာနဲ့စာရင် တော်သေးတယ်”လို့ နယ်စပ်ဒေသရှိ ကုန်သည်တစ်ဦးက ပြောပါတယ်။

    ယခင်နှစ်တွေကလည်း တရုတ်နှစ်သစ်ကူးပွဲတော်ရက်နီးကပ်လာချိန်တွင် ဝယ်လိုအားကောင်းလေ့ရှိပြီး သစ်သီး အရည်အသွေးကောင်းမွန်ပါက ဈေးကောင်းပိုရလေ့ရှိကြောင်း သိရပါတယ်။

    တရုတ်နှစ်သစ်ကူးကာလသည် ယခုနှစ်အတွက် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင်ကျရောက်မည်ဖြစ်ပြီး ၁၆ ရက်တာ ပွဲတော်ကိုဆင်နွဲကြမှာဖြစ်ကာ ပွဲတော်နီးလာပြီဖြစ်သည့်အချိန်တွင် တရုတ်နိုင်ငံဘက်မှ မြန်မာ့ဖရဲဝယ်လိုအား ပိုများလာနေခြင်းဖြစ် ကြောင်း သိရပါတယ်။

    လက်ရှိတွင် လွယ်ဂျယ်နှင့် မိုင်းလား ကုန်သွယ်ရေးလမ်းကြောင်းများမှတဆင့် တရုတ်နိုင်ငံသို့ ဖရဲနှင့် သခွားမွှေးသီးများကို တင်ပို့လျက်ရှိရာ ဖရဲသီးတစ်တန်ကို တရုတ်ငွေ ယွမ် ၃၀၀၀ ကျော် စျေးရနေကြောင်းလည်း သစ်သီးကုန်သည်များထံမှ သိရပါတယ်။

    မြန်မာနိုင်ငံအတွင်းမှာ ဖရဲသီးလှိုင်လှိုင်ထွက်ချိန်ဟာ နိုဝင်ဘာလမှစ၍ ဇွန်လအထိဖြစ်ပြီး အဲဒီအချိန်တွေမှာ အများဆုံးတင်ပို့ခဲ့ရခြင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ သြဂုတ်လကုန်အထိ တရုတ်နိုင်ငံသို့ နယ်စပ်မှတဆင့် ဖရဲသီးတန်ချိန် ၁၁၃,၀၀၀ ကျော် တင်ပို့ခဲ့ခြင်းဖြစ်ပြီး ကားအစီးရေ ၇၀၀၀ ကျော်ဖြင့် တင်ပို့ခဲ့ရတယ်လို့ နယ်စပ်ကုန်သည်များထံမှ သိရပါတယ်။

    အောင်အောင်

    Opinion Leaders မှ ကူးယူဖော်ပြပါသည်။

    ✦✦✦✦✦✦✦✦✦✦✦✦✦✦✦


  • article
likes
10
comments
1
views
1915