cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ပဲမျိုးစုံတွင်ကျရောက်လေ့ရှိတဲ့ အဝါရောင်မိုစေ့ဗိုင်းရပ်စ်

. Diseases
တဖြည်းဖြည်းကျယ်ပြန့်လာခြင်းကြောင့် အဝါရောင်ထဲတွင် အစိမ်းရောင် ရောထားသကဲ့သို့ဖြစ်လာသည်။
  • ဒီညနေမှာတော့ ပဲစိုက်တောင်သူဦးကြီးများအတွက် ပဲမျိုးစုံတွင်ကျရောက်လေ့ရှိတဲ့ အဝါရောင်မိုစေ့ဗိုင်းရပ်စ် အကြောင်း ရုပ်ပုံလေးများဖြင့်ဖော်ပြပေးလိုက်ပါတယ်။

    ၁။ အရွက်နုများတွင် အဝါပြောက်ငယ်များ စတင်တွေ့ရှိရသည်။

    ၂။ တဖြည်းဖြည်းကျယ်ပြန့်လာခြင်းကြောင့် အဝါရောင်ထဲတွင် အစိမ်းရောင် ရောထားသကဲ့သို့ဖြစ်လာသည်။

    ၃။ နောက်ဆုံးတွင် တစ်ရွက်လုံးဝါသွားပြီး တစ်ပင်လုံးရှိအရွက်များ ဝါသွားသည်။

    ၄။ သီးတောင့်ဝင်ချိန်တွင်ဖြစ်ပါက သီးတောင့် အဝါရောင်ပြောင်းသွားပြီး အစေ့မတည်နိုင်ဘဲ အထွက်လျော့စေသည်။

    ၅။ ကာကွယ်နှိမ်နင်းခြင်း

    ရောဂါရအပင်ကိုတွေ့တွေ့ချင်းနှုတ်ပစ်ပါ။

    ရောဂါကူးစက်ပြန့်ပွားစေသည့် ယင်ဖြူကို နှိမ်နင်းပါ။

    ၆။ ပဲမျိုးနွယ်ဝင်မဟုတ်သော အခြားသီးနှံများဖြင့် အလှည့်ကျစိုက်ပျိုးပါ။

    ၇။ ဓာတုဆေးများသုံးမည်ဆိုပါက ဒိုင်နိုတီဖျူရန် ( Dinotefuran ) သိုင်ယာမီသောက်ဇမ် ( Thiamethoxam ) စတဲ့ဆေးအဆိပ်ရှိတဲ့ ပိုးသတ်ဆေးတစ်မျိုးမျိုးကိုအသုံးပြုပါ။

    ✦✦✦✦✦✦✦✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။



  • article
  • article
  • article
likes12comments0
views2242