cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

မတ်ပဲ စိုက်ရာသီတစ်လျှောက် မြေသြဇာအသုံးပြုခြင်း

. Cultivation Methods
ရွက်ဖြန်း မြေသြဇာကို ပင်ပိုင်း ကြီးထွားသည့်အဆင့်(စိုက်ပျိုးပြီးနောက် ရက်၂ဝခန့်အကြာ) နှင့်အပွင့်ဝင်ချိန်(စိုက်ပျိုးပြီးနောက် ၄၅ရက်ခန့် အကြာ)တို့တွင် အသုံးပြုပါ။
  • မစိုက်ပျိုးခင် ၁၀ရက်အလိုတွင် စိုက်ခင်းထဲသို့ ၁ဧကလျှင် နွားချေး လှည်း ၅စီး - ၇စီး ကို ထည့်သွင်း အသုံးပြုပါ။ ယူရီးယား ၈ပြည်၊ တီစူပါ ၂၄ပြည်၊ ပိုတက်ရှ် ၁၂ပြည်တို့ကို ထည့်သွင်း အသုံးပြုပါ။ စိုက်ပျိုးချိန်တွင် ၁ဧကလျှင် ဂျစ်ပဆန်(လကြေးမှုန့်) ပြည်၂ဝကို ထည့်သွင်း အသုံးပြုပါ။

    ပဲမြစ်ဖုဇီဝမြေသြဇာကို အသုံးပြုလိုပါက စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဝယ်ယူရရှိနိုင်ပြီး အောက်ပါအဆင့်များအတိုင်း လိုက်နာဆောင်ရွက် အသုံးပြုနိုင်ပါသည်။

    ၁။ ပဲမြစ်ဖုဇီဝမြေသြဇာအထုပ်တစ်ထုပ်တွင် လုံလောက်သည့် ပဲမြစ်ဖုဘက်တီးရီးယားများ ပါဝင်သည်။

    ၂။ ပဲမြစ်ဖုဇီဝမြေသြဇာနှင့် ပဲမျိုးစေ့နယ်သည့်အခါ ပဲမြစ်ဖု ဘက်တီးရီးယားများသည် အမြစ်တွင်း ဝင်ရောက်ပြီး မြစ်ဖု ဖြစ်ပေါ်စေသည်။ ယင်းမြစ်ဖုသည် လေထဲမှ နိုက်ထရိုဂျင်ကိုထုတ်ယူပြီး အပင်မှ စားသုံးနိုင်ရန် ပြုလုပ်ပေးသည်။

    ၃။ ပဲမျိုးအလိုက် အသုံးပြုရမည့် ပဲဖြစ်ဖုမြေသြဇာများ ကွာခြားကြပါသည်။ ထို့ကြောင့် ပဲမျိုးအလိုက် ထုတ်ဝေသည့် မှန်ကန်သည့် ပဲမြစ်ဖုမြေသြဇာကို အသုံးပြုရပါမည်။

    ၄။ တစ်ဧကစာ ပဲမျိုးအတွက် အနည်းဆုံး ၁ဝဝဂရမ်ရှိ ပဲမြစ်ဖုမြေသြဇာတစ်ထုပ် အသုံးပြုရပါမည်။

    ၅။ ပဲမြစ်ဖုမြေသြဇာတစ်ထုပ်ကို ရေ(သို့မဟုတ်) အအေးခံထားသည့် ထမင်းရည်ကြဲကြဲ ၅ဝဝစီစီ ငှက်ပျောဖူးတစ်ပုလင်းနှင့်အတူ ပဲမျိုးစေ့ကို သေချာစွာ လူးနယ်ပါ။

    ၆။ လူးနယ်ပြီး မျိုးစေ့များကို အရိပ်အောက် လေသလပ်အခြောက်ခံပါ။

    ၇။ မျိုးစေ့ကို မြေတွင် ချစိုက်ပြီး ကြမ်းရိုက်ဖုံးပါ။

    ၈။ လတ်ဆတ်သည့် ပဲမြစ်ဖု မြေသြဇာကို အသုံးပြုပါ။

    - ရွက်ဖြန်း မြေသြဇာကို ပင်ပိုင်း ကြီးထွားသည့်အဆင့်(စိုက်ပျိုးပြီးနောက် ရက်၂ဝခန့်အကြာ) နှင့်အပွင့်ဝင်ချိန်(စိုက်ပျိုးပြီးနောက် ၄၅ရက်ခန့် အကြာ)တို့တွင် အသုံးပြုပါ။

    - ရွက်ဖြန်းမြေသြဇာကို သင်ကိုယ်တိုင် ပြုလုပ် အသုံးပြုလိုပါက (အသီးအပွင့် အားကောင်းစေရန်အတွက်) အောက်ပါ အဆင့်များအတိုင်း ပြုလုပ်နိုင်ပါသည်။

    - (စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ လမ်းညွှန်ချက်အရ) ယူရီးယား စားပွဲတင်ဇွန်း ၁၈ဇွန်းနှင့် ဘိုရွန် (လက်ချားအား လှော်ပြီးနောက် ကြိတ်ထားသော အမှုန့်) စားပွဲတင်ဇွန်း ၄ဇွန်းကို ရေ၄ဂါလံ (ဆေးဖျန်းပုံးတစ်ပုံးစာ) ထည့်၍ ပက်ဖြန်းပေးရမည်။

    - တစ်ဧကလျှင် ဆေးဖျန်းပုံး ၄ပုံးမှ၅ပုံးအထိ ပက်ဖျန်းပေးရမည်။

    - အသီးအပွင့် အားကောင်းစေရန် အတွက် ရွက်ဖျန်းမြေသြဇာကို တစ်ကြိမ်(သို့မဟုတ်)နှစ်ကြိမ် အသုံးပြုရမည်။

    - (စိုက်ပျိုးပြီး ရက်၄ဝကြာတစ်ကြိမ်နှင့် ရက်၅၀ကြာတွင်တစ်ကြိမ်) နံနက်စောစော၊ ညနေစောင်း နေအေးသော အချိန်များတွင် ဖျန်းပါ။

    ပဲမျိုးစုံသီးနှံအပေါ် အကျိုးသက်ရောက်မှုမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

    ကုလားပဲ - ၂ဝ%၊ ပဲတီစိမ်း - ၂၅%၊ မတ်ပဲ ၃ဝ%၊ ပဲပုပ် ၄ဝ% ပိုမို ထွက်ရှိနိုင်ပါသည်။

    အကျိုးကျေးဇူးများအနေဖြင့် ကုန်ကျစရိတ်နှင့် လုပ်အားခ သက်သာခြင်း၊ အာဟာရဓာတ်ပါဝင်မှု သေချာခြင်း၊ ပန်းပွင့်များ၍ ပန်းပွင့်ကာလ ရှည်ခြင်း၊ သီးတောင့်များ၍ အစေ့အရည်အသွေးကောင်းခြင်း၊ ပိုးမွှားရောဂါဒဏ်ခံနိုင်ခြင်းတို့ကို ရရှိစေနိုင်ပါသည်။

    တစ်ဧကကုန်ကျစရိတ်ခန့်မှန်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

    လက်ချားမှုန့် - ၂ဝကျပ်သား x ၃ဝဝကျပ် = ၆ဝဝကျပ်

    ယူရီးယား - ၁ပိဿာ(၁ပြည်) x ၇ဝဝကျပ် = ၇ဝဝကျပ်

    ဖော်ပြပါနည်းလမ်းသည် ကုန်ကျစရိတ်သက်သာပြီး အလွန်လွယ်ကူသော နည်းလမ်း ဖြစ်သည့်အပြင် ပဲမျိုးစုံ အထွက်တိုးရေးအတွက် တောင်သူကိုယ်တိုင် ဖျော်စပ်အသုံးပြုနိုင်သော နည်းလမ်းကောင်းတစ်ခုဖြစ်၍ အခြားသီးနှံများအတွက်လည်း အသုံးပြုနိုင်ပါသည်။

    ✦✦✦✦✦✦✦✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်


  • article
likes11comments0
views2002