cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ဆင်ပေါင်ဝဲမြို့တွင် မကွေး‌ဒေသနှင့်ကိုက်ညီသည့် ဟင်းသီးဟင်းရွက်မျိုးစေ့များ ထုတ်လုပ်ခြင်းသင်တန်းကျင်းပခြင်း

. Fish News
သင်တန်း၏ ရည်ရွယ်ချက်များမှာ ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်ရာတွင် အရည်အသွေးကောင်းသည့် မျိုးစေ့များ၏ တန်ဖိုးနှင့် ဒေသမျိုးစေ့အမျိုးမျိုး၏တန်ဖိုး၊ ဒေသမျိုးစေ့အမျိုးမျိုးနှင့် မျိုးစပ်မျိုးစေ့များ အားနည်းချက်နှင့် အားသာချက် များ၊ ပျိုးခင်းပြင်ဆင်ခြင်းနှင့် ပျိုးပင်ထုတ်လုပ်ခြင်း၊ ပျိုးခင်းစီမံခန့်ခွဲခြင်း၊ ကျန်းမာသည့်ပျိုးပင်ပြုစုခြင်း အလေ့အကျင့်များ၊ ပျိုးပင်များပြောင်းရွေ့စိုက်ပျိုးခြင်းနှင့် စိုက်ခင်းပြင်ဆင်ခြင်း၊ ပြောင်းရွေ့စိုက်ပျိုးပြီးစီမံခန့်ခွဲမှု၊ အာဟာရနှင့်ရေ‌ပေးခြင်း၊ ပေါင်းပင်များထိန်းသိမ်းခြင်း၊ ပျိုးပင်များရိတ်သိမ်းခြင်း၊ မျိုးစေ့အရည်အသွေးစစ်ဆေးခြင်း အလေ့အကျင့်၊ မျိုးစေ့အစိုဓါတ် ပါဝင်မှုစစ်ဆေးခြင်းစသည်များပါဝင်သည်။
  • အိမ်ခြံဝန်းအတွင်း ဟင်းသီးဟင်းရွက်မျိုးစေ့များထုတ်လုပ်နိုင်ရန် အနာဂတ်မြန်မာပြည်ဝမ်းစာ ငါးမွေးမြူရေးစီမံကိန်းက ငါးမွေးတောင်သူ ၃ ဦးကို ရွေးချယ်ခဲ့ပြီး ဆင်ပေါင်ဝဲသို့ဖိတ်ခေါ်ကာ သင်တန်းပို့ချခဲ့သည်။ ရွေးချယ်ထားသည့် ငါးမွေး တောင်သူများမှ

    ၁) သဘာဝဝတ်မှုန်ကူး ဒေသမျိုးဟင်းသီးဟင်းရွက်မျိုးစေ့အမျိုးမျိုးထုတ်စိုက်ခင်း အလေ့အကျင့်ကောင်းများ

    ၂) အရည်အသွေးကောင်းမွန်သည့်သဘာဝဝတ်မှုန်ကူး ဟင်းသီးဟင်းရွက်မျိုးစေ့ကောင်းများ ရွေးချယ်သတ်မှတ်ခြင်း နှင့် ၃) ငါးမွေးမြူခြင်းနှင့် ဘေးပတ်ဝန်းကျင်အတွက်ဆိုးကျိုးသက်ရောက်ခြင်းမရှိစေဘဲ ငါးမွေးတောင်သူမှ ဟင်းသီးဟင်းရွက် နှင့် မျိုးစေ့များကို ရေရှည်မျှော်မှန်းထုတ်လုပ်နိုင်ရန်ဆောင်ရွက်ခြင်းများ သင်ယူခဲ့သည်။

    သင်တန်းသို့ စီမံကိန်းအဖွဲ့ဝင်စုစုပေါင်း ၃၈ (အမျိုးသမီး ၄၀%) ဦး တက်ရောက်ခဲ့သည်။

    သင်တန်း၏ ရည်ရွယ်ချက်များမှာ ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်ရာတွင် အရည်အသွေးကောင်းသည့် မျိုးစေ့များ၏ တန်ဖိုးနှင့် ဒေသမျိုးစေ့အမျိုးမျိုး၏တန်ဖိုး၊ ဒေသမျိုးစေ့အမျိုးမျိုးနှင့် မျိုးစပ်မျိုးစေ့များ အားနည်းချက်နှင့် အားသာချက် များ၊ ပျိုးခင်းပြင်ဆင်ခြင်းနှင့် ပျိုးပင်ထုတ်လုပ်ခြင်း၊ ပျိုးခင်းစီမံခန့်ခွဲခြင်း၊ ကျန်းမာသည့်ပျိုးပင်ပြုစုခြင်း အလေ့အကျင့်များ၊ ပျိုးပင်များပြောင်းရွေ့စိုက်ပျိုးခြင်းနှင့် စိုက်ခင်းပြင်ဆင်ခြင်း၊ ပြောင်းရွေ့စိုက်ပျိုးပြီးစီမံခန့်ခွဲမှု၊ အာဟာရနှင့်ရေ‌ပေးခြင်း၊ ပေါင်းပင်များထိန်းသိမ်းခြင်း၊ ပျိုးပင်များရိတ်သိမ်းခြင်း၊ မျိုးစေ့အရည်အသွေးစစ်ဆေးခြင်း အလေ့အကျင့်၊ မျိုးစေ့အစိုဓါတ် ပါဝင်မှုစစ်ဆေးခြင်းစသည်များပါဝင်သည်။ အောက်ပါပေးထားသော link မှထပ်မံလေ့လာနိုင်သည်။ https://agritech.tnau.ac.in/seed/Seed_seedtesting.html

    ဤစွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းကဏ္ဍသည် ရပ်ရွာအဆင့်တွင်ကျင့်သုံးနိုင်မည့် ရေရှည်စိုက်ပျိုးရေး နည်းလမ်းကောင်း များအသုံးပြုခြင်းဖြင့် ငါးမွေးတောင်သူများဟင်းသီးဟင်းရွက်များစိုက်ပျိုးထုတ်လုပ်ရာတွင် အကူအညီပေးမည်ဖြစ်သည်။ စွမ်းဆောင်ရည်မြှင့်တင်သည့်သင်တန်း ကျင်းပပြုလုပ်ခဲ့သည့် မြို့နယ်မှ အခြားတောင်သူများအား အဓိက သတင်းအချက် အလက်များ ပြန်လည်မျှဝေပေးသည့်အခါ ဤဆောင်ရွက်မှုသည် ငါးမွေးတောင်သူများ၏ စွမ်းဆောင်ရည်များကို ထပ် လောင်းဖြည့်တင်းပေးထားသကဲ့သို့ဖြစ်မည်။

    Update from WorldFish Myanmar

    Feed the Future Burma Fish for Livelihoods funded by USAIDစာစောင်မှကောက်နှုတ်ချက် 


  • article
  • article
  • article
likes7comments2
views2029