၂၀၂၄ ခုနှစ် အသစ်ဝင် ပဲမာလိုင်းများ ဈေးကောင်းရ ပို့ကုန်ပဲများ အမြင့်ဈေးအတိုင်းရှိနေ
၂၀၂၄ ခုနှစ် အသစ်ဝင်ပဲမာ လိုင်းများ ဈေးကောင်း ရရှိနေပြီး ပို့ကုန် မတ်ပဲနှင့် ပဲစင်းငုံမှာ အမြင့် ဈေးအတိုင်း ဆက်လက် ဈေး ကောင်းနေကြောင်း ပဲ၊ နှမ်း ကုန်သည် များထံမှ သိရသည်။
ပြည်တွင်းသုံးကုလားပဲ အုပ်စုမှာ ဈေးမြင့်တက်နေရာမှ အနည်းငယ်ဈေးပြန်လာကျဆင်း လာကြောင်း၊ ပဲစင်းငုံမှာ စံချိန် တင်ဈေးကနေ အနည်းငယ် ဈေးကျဆင်းသော်လည်း သုံးတင်း တစ်အိတ်ငွေကျပ် ၃၂၀၀၀၀ ပေါက်ဈေးဖြစ်နေပြီးယင်းဈေး ထက် ကျဆင်းစရာမရှိကြောင်း ၊ မတ်ပဲကလည်း အိန္ဒိယ၏ လတ် တလော အဝယ်ကောင်းနေ တာကြောင့်ဈေးကောင်းရကြောင်း၊ အရည်အသွေးအလိုက်ဈေး ကွာ ခြားမှု အနည်းငယ်ရှိကြောင်း၊ နှမ်းမျိုးစုံနှင့် မြေပဲဆန်ဈေးကွက်မှာ ပုံမှန်သာ အရောင်းအဝယ် ရှိနေ ကြောင်း၊ ယခုနှစ် ထူးခြားချက် မှာ ပဲမာလိုင်းများ ပဲသစ်ရာသီ အစမှာပင် ဈေးကောင်းရရှိနေသော ထောပတ်ပဲ တစ်အိတ် ငွေကျပ် ၄၇၀၀၀၀-၄၈၀၀၀၀ ပေါက်ဈေး၊ မြေထောက်ပဲအသစ် လည်း တစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀ ပေါက်ဈေးရှိကြောင်း ဖေဖော်ဝါရီ လဆန်းပိုင်းတွင် အသစ်ဝင်ပဲများ လှိုင်လှိုင်ဝင်ရောက် လာမည်ဖြစ် ကြောင်းရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောသည်။
`` အသစ်ဝင်ပဲမာလိုင်းတွေ ဈေးကောင်းရနေပါတယ်။ ပို့ကုန်ပဲ တွေကတော့ အမြင့်ဈေးနဲ့ ငြိမ်နေပါတယ်။ ပဲတီစိမ်းကလည်း နောက်ရက်တွေမှာ အသစ်ဝင်လာ ဖို့ရှိပါတယ်။ ဒီနှစ်ထူးခြားတာက ပဲအသစ်ပေါ်ချိန် ဈေးကျဆင်း လေ့ရှိပေမယ်။ ဒီနှစ်ပဲရာသီက စပေါ်ကတည်းက ဈေးအမြင့် ဈေးတွေနဲ့ အရောင်းအဝယ် ကောင်းနေပါတယ်။ ပဲအဟောင်း တွေ လက်ကျန်စောစောကုန်သွား တာကလည်း ပဲသစ်ရာသီမှာ ဈေးကောင်းရနေတာပါ။ ပို့ကုန် ပဲတွေကတော့ အိန္ဒိယ၏ ဝယ်လို အားကောင်းနေလို့ ပဲစင်းငုံကတော့ ကြိုရောင်း ကြိုဝယ် ဈေးကောင်း နေပါတယ်။ ဈေးမြင့်တက်နေတဲ့ ပြည်တွင်းသုံး ကုလားအုပ်စု ကတော့ ဈေးအနည်းငယ်ပြန် လည် ကျဆင်းသွားပါတယ် ´´ ဟု ၎င်းက ပြောသည်။
ဇန်နဝါရီ ၁၇ ရက်တွင် မတ်ပဲ တစ်အိတ်လျှင် ငွေကျပ် ၂၈၅၀၀၀၊ ပဲစင်းငုံ တစ်အိတ်လျှင် ငွေကျပ် ၃၂၀၀၀၀ ပေါက်ဈေး ရှိလာသည်။ ပဲတီစိမ်းအညာ တစ်အိတ်လျှင် ငွေကျပ် ၁၉၂၀၀၀ ပေါက်ဈေးဖြင့် ဈေးမြင့် တက်လာသည်။
ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ အနည်းငယ်ဈေးကျဆင်း နေပြီး ဇန်နဝါရီ ၁၇ ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၃၁၁၀၀၀၊ V7 တစ် အိတ်လျှင် ငွေကျပ် ၃၁၅၀၀၀၊ ထိုင်ဝမ်ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၈၅၀၀၀၀၊ ၉၂၉ ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၉၀၀၀၀ ပေါက်ဈေး ဖြင့် ဈေး ဆက်လက် မြင့်တက်လာသည်။
ပြည်တွင်းသုံး ပဲမာလိုင်း များမှာ ပဲကြီးတစ်အိတ်လျှင် ငွေ ကျပ် ၃၈၀၀၀၀၊ ပဲထောပတ်တစ် အိတ်လျှင် ငွေကျပ် ၄၇၀၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေ ကျပ် ၃၃၀၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၆၀၀၀၀၊ ကနေဒါစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၆၅၀၀၀၊ မြေပဲအနီလုံး ဆန်(မြင်းမူ) တစ်ပိဿာလျှင် ငွေကျပ်၇၈၀၀-၈၁၀၀ ပေါက် ဈေး မြင့်တက်လာသည်။
ဇန်နဝါရီ ၁၇ ရက်တွင် နှမ်း ဖြူ(ဂျပန်)၄၅ ပိဿာ တစ်အိတ် လျှင် ငွေကျပ် ၄၁၀၀၀၀၊ နှမ်းညို တစ်အိတ်လျှင်ငွေကျပ် ၃၁၅၀၀၀၊ နှမ်းဝါတစ်အိတ်လျှင် ငွေကျပ် ၂၉၅၀၀၀၊ နှမ်းနက်စမုန် တစ် အိတ်လျှင် ငွေကျပ် ၄၀၀၀၀၀ အသီးသီးပေါက်ဈေးရှိနေကြောင်း သိရသည်။
✦✦✦✦✦✦✦✦✦✦✦✦✦✦✦
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်


NewsFeed
Communities
Explore
Inbox
Me
Market Price