cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

"မျိုးစေ့အကြောင်းသိကောင်းစရာများ - အပိုင်း (၁)"

. Seed Selection/Variety Selection
မျိုးကောင်းဆိုသည်မှာ အထွက်နှုန်း၊ အရည်အသွေး၊ စားသုံးမှုအရသာကောင်းခြင်း၊ ပိုးမွှားရောဂါနှင့် ပတ်ဝန်းကျင်တို့ကိုခံနိုင်ရည်ရှိခြင်း၊ မျိုးစေ့အရည်အသွေးကောင်းမွန်ခြင်း စသည့်အရည်အချင်းများနှင့် ပြည့်စုံ သောမျိုးကို ဆိုလိုပါသည်။
  • ၁။ မျိုးစေ့ (Seed)

    စိုက်ပျိုးရန် ရည်ရွယ်ထုတ်လုပ်၍ မျိုးစေ့အဆင့်အလိုက် သတ်မှတ်ထားသော အရည်အသွေး စံချိန် စံညွှန်းများနှင့် ကိုက်ညီသည့် သီးနှံ၏ မူလမျိုးရိုးဗီဇနှင့် ရုပ်သွင်များ ထပ်တူထပ်မျှရရှိအောင် စနစ်တကျထိန်းသိမ်း ထုတ်လုပ်ရရှိသော မျိုးစေ့ကို ဆိုလိုပါသည်။

    ၂။ သီးနှံစေ့/ မျိုးဆန် (Grain)

    စားသုံးရန် ရည်ရွယ်၍ တောင်သူများ မိရိုးဖလာနည်းဖြင့် မိမိလယ်ယာမှ ထွက်ရှိသောသီးနှံစေ့ကို ပြန်လည်အသုံးပြုပြီး သားဆက်ပေါင်းများစွာ နှစ်စဉ်ဆက်တိုက် စိုက်ပျိုးခြင်းဖြင့် ရရှိလာသည့် ဗီဇအရည် အသွေးညံ့ဖျင်းသော သီးနှံစေ့ကို ဆိုလိုပါသည်။ ၎င်းကို မျိုးစေ့အဖြစ်မသတ်မှတ်ဘဲ သီးနှံစေ့အဖြစ်သာ သတ်မှတ် သည်။ ၎င်းသီးနှံစေ့ကို စိုက်ပျိုးခြင်းဖြင့် မျိုးဗီဇညံ့ဖျင်းလာပြီး အထွက်နှုန်းလျော့နည်းလာသည့်အပြင် သီးနှံထွက် ကုန်အရည်အသွေးပါ ကျဆင်းလာပါသည်။

    ၃။ မျိုးကောင်း

    မျိုးကောင်းဆိုသည်မှာ အထွက်နှုန်း၊ အရည်အသွေး၊ စားသုံးမှုအရသာကောင်းခြင်း၊ ပိုးမွှားရောဂါနှင့် ပတ်ဝန်းကျင်တို့ကိုခံနိုင်ရည်ရှိခြင်း၊ မျိုးစေ့အရည်အသွေးကောင်းမွန်ခြင်း စသည့်အရည်အချင်းများနှင့် ပြည့်စုံ သောမျိုးကို ဆိုလိုပါသည်။

    ၄။ မျိုးသန့်

    မျိုးသန့်ဆိုသည်မှာ မျိုးစေ့များထဲတွင် အခြားမျိုးကွဲများ၊ ပေါင်းမြက်စေ့များ၊ အဖျင်းအမှော်၊ ဖုန်၊ သဲ၊ ခဲများ ပါဝင်မှုမရှိဘဲ မျိုးရိုးဗီဇသန့်စင်ခြင်းကိုဆိုလိုပါသည်။

    ၅။ အရည်အသွေးကောင်း မျိုးသန့်မျိုးစေ့အသုံးပြုစိုက်ခြင်းဖြင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများ

    - မျိုး၏ကောင်းမွန်သော မူလဗီဇအရည်အသွေးကို ထိန်းသိမ်းထားနိုင်ခြင်း။

    - အပင်ပေါက်နှုန်းကောင်းမွန်ညီညာ၍ ကြီးထွားမှုမြန်ဆန်ခြင်း။

    - မြေသြဇာ၊ အစိုဓာတ်၊ အလင်းရောင်စသည်တို့ကို ပိုမိုအသုံးပြုနိုင်ခြင်း။

    - အပင်အောင်မြင်ဖြစ်ထွန်းမှုကောင်းခြင်း။

    - ရာသီဥတုနှင့် ပိုးမွှားရောဂါဒဏ် ပိုမိုခံနိုင်ရည်ရှိခြင်း။

    - ပေါင်းမြက်ကင်းစင်ခြင်း။

    - ရင့်မှည့်မှုညီညာ၍ ရိတ်သိမ်းချိန်တွင် အလေ့အလွင့်နည်းပါးခြင်း။

    - အခြားမျိုးများ မပါဝင်ခြင်း။

    - သီးနှံအထွက်နှုန်းကို (၁၀-၁၂) ရာခိုင်းနှုန်းပိုမိုထွက်ရှိစေခြင်း။

    Source: စိုက်ပျိုးရေးဦးစီးဌာန၊ MOALI

    ✦✦✦✦✦✦✦✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်


  • article
likes14comments3
views1875