cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

စီးပွားဖြစ် ကောက်ရိုးမှိုစိုက်ပျိုးနည်း

. Cultivation Methods
မှိုစိုက်ပျိုးမည့်နေရာသန့်ရှင်းရန်အတွက် ထုံးဖြူးပေးရန် လိုအပ်ပါသည်။ ၆ ငါးမူး သစ်ပြားဖြင့် ပြုလုပ်သော အခြေအကျယ် တစ်ပေခွဲ၊ အပေါ်အကျယ်တစ်ပေ၊ အမြင့် တစ်ပေခွဲရှိသော ပုံစံခွက် လိုအပ်ပါသည်။
  • ကောက်ရိုးမှိုသည် မြန်မာလူမျိုးတို့ နှစ်သက်စွာ စားသုံးသော အစားအစာတွင် ပါဝင်သည်။ စိုက်ပျိုးရလွယ်ကူပြီး ဈေးကွက်တွင် တွင်ကျယ်စွာ ရောင်းချရသောကြောင့် ကောက်ရိုးမှို စိုက်ပျိုးခြင်းများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ စတင်ပျိုးသည့် အချိန်မှစ၍ ဂရုစိုက်ပေးရပြီး ရက်တိုတိုနှင့် အကျိုးအမြတ်ရရှိသော လုပ်ငန်းဖြစ်သည့်အတွက် စီးပွားဖြစ်စိုက်ပျိုးကြသည်။ မှိုထွက်နှုန်းမှာ ဆောင်းရာသီတွင် မှိုထွက်နှုန်းများပြီး နွေနှင့်မိုးရာသီတွင် အနည်းငယ်အထွက်လျော့တတ်သည်။ ကောက်ရိုးမှိုစိုက်ပျိုးရာတွင် အရည်အသွေးပြည့်ဝသော မှိုထုပ်များကို ရွေးချယ်စိုက်ပျိုးမှသာ အထွက်နှုန်း ကောင်းနိုင်မည်ဖြစ်သည်။ မှိုမျိုးထုပ်များကို ဖြည်ကြည့်သောအခါ အချဉ်နံ့ထွက်ပြီး အမျှင်များသည် အဖြူရောင်မှအဝါရောင် သို့မဟုတ် အစိမ်းရောင်သို့ ကူးပြောင်း နေသည့် အထုပ်များကို အသုံးမပြုသင့်ပေ။ ကောက်ရိုးမှိုစိုက်ပျိုးရာတွင် လိုအပ်သော အခြေခံကုန်ကြမ်းဖြစ်သည့် သန့်ရှင်း ခြောက်သွေ့သောကောက်ရိုးထုံး၊ ရိုးပြတ်များကိုစုဆောင်းပြီး ရေစိမ်ထားရန်လိုသည်။ ရေစိမ်ပြီး ကုန်ကြမ်းများကို အပုံမပြုလုပ်မီ ရေစစ်ပြီး အသင့်အနေအထားဖြစ်အောင်ပြုလုပ်ရပါမည်။ 

     

    ဖြည့်စွက်စာပြုလုပ်ခြင်း 

    အပုံအတွက် အာဟာရဓာတ် ထောက်ပံ့ရန်နှင့် အပူနှင့် အစိုဓာတ်ကို ထိန်းထားရန် နုတ်နုတ်စင်းပြီး အခြောက်ခံထားသည့် ဗေဒါ၊ နေကြာ၊ လဲမအူတိုင် သို့မဟုတ် အလေအလွှင့် ပဲပင်အမျိုးမျိုး၊ ငှက်ပျောရွက်၊ ငှက်ပျောအူ နှစ်ပြည်ခန့်နှင့် နွားချေး ခြောက်တစ်ပြည်၊ ဖွဲနု နို့ဆီဗူး သုံးဗူးတို့ကို သမအောင် ရောစပ်၍ ဖြည့်စွက်စာ အဖြစ် ပြင်ဆင်ထားရပါမည်။ 

     

    မြေနေရာရွေးချယ်ခြင်း 

    ကောက်ရိုးမှိုစိုက်ပျိုးရန်အတွက် ညီညာ၍ ရေမဝပ်သော နေရာကို ရွေးချယ်ထားရမည်။ အရိပ်ရပြီး လေဝင် လေထွက်ကောင်းသောနေရာမျိုးတွင် ပိုမိုသင့်လျော်သည်။ လယ်မြေ (သို့မဟုတ်) ခြံမြေနှင့် အလင်းရောင် ကောင်းစွာရရှိသော မည်သည့် မြေနေရာမျိုးမဆို ကောင်းစွာစိုက်ပျိုးနိုင်ပါသည်။ 

     

    စိုက်ပျိုးနည်း 

    မှိုစိုက်ပျိုးမည့်နေရာသန့်ရှင်းရန်အတွက် ထုံးဖြူးပေးရန် လိုအပ်ပါသည်။  ၆ ငါးမူး သစ်ပြားဖြင့် ပြုလုပ်သော အခြေအကျယ် တစ်ပေခွဲ၊ အပေါ်အကျယ်တစ်ပေ၊ အမြင့် တစ်ပေခွဲရှိသော ပုံစံခွက် လိုအပ်ပါသည်။ သို့မဟုတ် ယင်းအရွယ်ပမာဏအတိုင်း ထောင့်တိုင် လေးတိုင်စိုက်၍ ပုံပေးရမည်။ ကောက်ရိုးမှို တစ်ပုံစာအတွက် ကောက်ရိုးခြောက် ငါးပိဿာခန့် လိုအပ်ပါသည်။ လက်ဖြင့် ပွေ့လျှင် သုံးပွေ့စာခန့် ရေစိမ်ရမည် ဖြစ်ပါသည်။ ကောက်ရိုးရေစိမ်ရမည့်အချိန်မှာ နွေရာသီတွင် ခြောက်နာရီ၊ မိုးရာသီတွင် တစ်နာရီနှင့် ဆောင်းရာသီတွင် သုံးနာရီ ရေစိမ်ထားပြီး ပုံစံခွက်ထဲ ခြောက်လက်မထုရအောင် နင်းပေးရမည်။ ထို့နောက် ငှက်ပျောရွက်ခြောက် သို့မဟုတ် ဓားဖြင့် စဉ်းထားသည့် ဗေဒါခြောက်သုံးပြည်၊ နွားချေးခြောက် တစ်ပြည်၊ ဖွဲနု နို့ဆီဗူး တစ်ဗူးတို့အား ရေနှင့်သမအောင် ရော၍ ကောက်ရိုးမျက်နှာပြင် ဘေးပတ်လည် သုံးလက်မအကျယ်ခန့် ဖြူးပေးရမည်။ ထို့နောက် ကောက်ရိုးမှိုမျိုးစေ့ကို အပေါ်မှ တစ်လက်မခွဲ အကျယ်ပတ်လည် အနားစွန်းပေါ်မှ ဖြူးချပေး၍ ရေစိမ်ထားသော ကောက်ရိုးကို နောက်တစ်ထပ် ခြောက်လက်မထုရအောင် ထပ်တင်ပေးပြီး ကောက်ရိုးသိပ်ညှပ်နေအောင် နင်းပေး၍ သုံးလွှာ ပြုလုပ်ပေးရပါမည်။ ပြီးလျှင် အပေါ်မှကောက်ရိုးအုပ်ပြီး ပလတ်စတစ်ဖြင့် လေလုံအောင် ဖုံးပေးရမည်။ ထိုသို့ ပြုလုပ်ပေးခြင်းဖြင့် အစိုဓာတ်နှင့် အပူချိန် ရရှိမည်ဖြစ်ပါသည်။ ထိုသို့လေးရက်ဆက်တိုက် ပလတ်စတစ်အုပ်ပေးပြီး ငါးရက်မြောက်နေ့မှစ၍ နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် မိနစ်၃၀ ခန့်လှပ်ပေးရပါမည်။ 


    ခူးဆွတ်ခြင်း 

    ကောက်ရိုးမှိုစိုက်ပျိုးပြီး ၁၄ ရက် ၁၅ ရက်သားတွင် စတင်ခူးဆွတ်ရပါသည်။ ကောက်ရိုးမှို တစ်ပုံလျှင် မှိုရရှိသည့် ပိဿာ ၅၀ ကျပ်သားမှ နှစ်ပိဿာအထိရှိပါသည်။ ကောက်ရိုး မှိုပွင့်ရန်အတွက် အသင့်တော်ဆုံးအပူအချိန်မှာ ၃၀ ဒီဂရီဖြစ်ပါသည်။ လုံလောက်သည့် အပူချိန်ရရှိရန်အတွက် ပလတ်စတစ်အုပ်၍ ထိန်းပေးရန်လိုအပ်ပါသည်။ ဤနည်းဖြင့် ကောက်ရိုးမှိုကို စိတ်ပါဝင်စားသူ တောင်သူများအနေဖြင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုး ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။ 

    DOCA(ကရင်) 

     

    Source:

    https://www.doca.gov.mm/my/node/13378  


  • article
  • article
  • article
likes
20
comments
1
views
3552