မျောက်မျက်နှာနှင့်တူသော ရှားပါးမျိုးစိတ် မျောက်သစ်ခွ
Dracula simia or Monkey Orchid
Family: Orchidaceae
Genus: Dracula
Species: simia
မျောက်သစ်ခွ (Dracula Simia)ကို ပီရူးနိုင်ငံ နှင့် အီကွေဒေါနိုင်ငံ အရှေ့တောင်ပိုင်းရှိ သစ်တောများမှာ အများဆုံး တွေ့ရှိရပြီး ရေကြိုက်သည့် သစ်ခွ အမျိုးအစားထဲတွင် ပါဝင်ပါတယ်။ ပန်းပွင့် ပုံသဏ္ဍာန်ဟာ မျောက်မျက်နှာနှင့် ဆင်တူပြီး အံ့သြဖွယ်ကောင်းတဲ့ ပွင့်ချပ်များအပြင် လိမ္မော်ရနံ့လေး မွှေးကြိုင်နေတာကြောင့် Dracula Simia ရည်ညွှန်းကာ အမည်မှည့်ခေါ်ခဲ့တာ ဖြစ်ပါတယ်။
မျောက်သစ်ခွ အပင်၏ အမြစ်မွှာတွေရဲ့ အောက်ဖက်မှ ပန်းခိုင် ( stalks )ရိုးတံ အများအပြားထွက်ပြီး stalk တစ်ခုလျှင် ပန်းပွင့်တစ်ပွင့်သာ ပွင့်ပါတယ်။ မျောက်သစ်ခွ ဟာ လူနှင့် တိရိစ္ဆာန်များအတွက် အဆိပ်အတောက်မဖြစ်စေဘဲ ပန်းပွင့်မှ လိမ္မော်ရနံ့သင်းသင်း ထုတ်ပါတယ်။
မျောက်သစ်ခွဟာ ရာသီအချိန်မရွေး ပွင့်နိုင်သလို တစ်ခါတစ်လေမှာ တစ်နှစ်ပတ်လုံး အသီးသီးပြီး ပွင့်တတ်တာလည်းရှိပါတယ်။ မျောက်သစ်ခွပင်က မျိုးရင်း - Dracula genus
၁၁၈ မျိုးရှိထဲရှိ တစ်ခု အပါအဝင်ဖြစ်ပါတယ်။ ၎င်းတို့အားလုံးကို မက္ကဆီကို၊ အလယ်ပိုင်း အမေရိက၊ ကိုလံဘီယာ၊ အီကွေဒေါနှင့် ပီရူးတို့မှာ ရှိပေမယ့် အများဆုံးက အီကွေဒေါမှာ ရှိတာဖြစ်ပါတယ်။ မျောက်သစ်ခွအပင်လေးတွေက အရပ် ၂၀ လက်မ အထိသာ ပေါက်နိုင်ပြီး အိမ်မှာ စိုက်ပျိုးမယ်ဆိုရင်တော့ မြေကြီးအစား sphagnum moss မှာ အိုးချတာ အကောင်းဆုံးပါပဲ။ သူတို့ဟာ ၁၀၀ % စိုထိုင်းဆပြု တဲ့နေရာနဲ့ အလင်းရောင်နည်းတဲ့ နေရာကိုပိုပြီး နှစ်သက်ပါတယ်။
Reference – https://www.petalrepublic.com/monkey- orchids/#:~:text=Monkey%20orchids%20(Dracula%20simia)%20are,is%20a%20prized%20collector's%20item
Htwettoe
------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်







NewsFeed
Communities
Explore
Inbox
Me
Market Price