cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ရသည့်ကာလတွင် ပြောင်းစျေး တက်ရန် မျှော်မှန်းထား

. Market Price
ဖေဖော်ဝါရီလတွင် ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ် ခွင့်ဖြင့် တင်ပို့ရသည့် ကာလပြန်လည်ရောက်ရှိတော့မှာ ဖြစ်၍ ထိုကာလတွင် ပြောင်းစျေး တက်ရန် မျှော်မှန်းနေကြောင်း ပြောင်းလုပ်ငန်းရှင်များ နှင့် ပြောင်း စိုက်တောင်သူများ ထံမှ သိရသည်။
  • လက်ရှိ ကမ္ဘာ့ပြောင်းစျေး ကျနေ၍ ပြည်တွင်း ပြောင်းစျေးပါ ကျဆင်းကာ စျေးကွက်အေးနေကြောင်း ပြောင်းလုပ်ငန်းရှင်များ ထံမှ သိရသည်။

     

    ဖေဖော်ဝါရီလတွင် ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ် ခွင့်ဖြင့် တင်ပို့ရသည့် ကာလပြန်လည်ရောက်ရှိတော့မှာ ဖြစ်၍ ထိုကာလတွင် ပြောင်းစျေး တက်ရန် မျှော်မှန်းနေကြောင်း ပြောင်းလုပ်ငန်းရှင်များ နှင့် ပြောင်း စိုက်တောင်သူများ ထံမှ သိရသည်။ 

     

    “ အခွန်ကင်းလွတ် ခွင့် နဲ့ တင်ပို့ရတော့ မယ့် ဖေဖော်ဝါရီလ မှာတော့ ပြောင်းစျေးတက်မယ်လို့ မှန်းထာတယ် ။ဒါပေမဲ့ ထိုင်းပြောင်းစျေးက သိပ်မတက်ဘူး ကျတော့ ကျတယ် ။အဲ့ ဒီပေါ်ကို တချက်စောင့်ကြည့်ရမယ် “ ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

     

    ပြည်တွင်း ပြောင်း အား  တာချီလိတ် နယ်စပ် မှ သာ တင်ပို့ နေခြင်းဖြစ်ပြီး မြဝတီနယ်စပ်က မအေးချမ်းသည့် အတွက် ပြောင်း တင်ပို့နိုင်ခြင်း မရှိ သေးကြောင်း  ပြောင်းကို ပြောင်းလုပ်ငန်းရှင်တချို့ထံမှ သိရသည်။

    ပြောင်း သင်္ဘောတင် FOB စျေးနှုန်း မှာ ဒေါ်လာ ၂၄၀  တောင် မရှိသေးကြောင်း သိရသည်။ 

     

    လက်ရှိ ပြည်တွင်း အစာချက်စက်ရုံများ၏ ဝယ်အား သာ ရှိပြီး ပြောင်း တစ်ကီလို လျှင် ၇၂၅ ဖြင့် အရောင်းဝယ်ရှိကြောင်း သိရသည်။

     

    “ ပြောင်းက စျေးကျတယ်။အရောင်းဝယ်လည်း အေးနေတယ်။ နဂိုတည်းက အေးတယ်။ “တိုက်ပွဲဖြစ်တော့ လမ်းကြောင်းတွေ ပိတ်ကုန်တော့ ပြောင်းက ပိုအေးသွားတယ်။ “ဟု ပြောင်းလုပ်ငန်းရှင် တစ်ဦး ကပြောသည်။ 

     

    လက်ရှိရန်ကုန် ပြောင်း စျေး တပိဿာလျှင် ၁၁၅၀ ဝန်းကျင်  ပေါက်စျေးရှိ ပြီး နေရာဒေသအလိုက် စျေး အနည်းငယ်ကွာနိုင်ကြောင်း သိရသည်။

     

    ပြည်တွင်း မတည်ငြိမ် မှုကြောင့် ပြောင်းကိုနယ်စပ် လမ်းကြောင်း များ မှ တင်ပို့ ရန် အခက် အခဲ ရှိ နေပြီး ပင်လယ်ရေကြောင်းလမ်း ကိုသာ အဓိက အား ထား တင်ပို့ရမည် ဖြစ်ကြောင်းသိရသည်။ 

     

    ထိုင်းနိုင်ငံအနေဖြင့် ပြည်ပပြောင်းများ ကို တနှစ်ပတ်လုံးဝယ်ယူခြင်း မရှိပဲ အကောက်ခွန်ကင်းလွတ်ကာလ ဖြစ်သည့် နှစ်စဉ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဩဂုတ်လ ၃၁ အထိ၊ ၇ လ ပဲ ခွင့်ပြု လျက်ရှိကြောင်းသိရသည်။

     

    ပြောင်းမှာ ပြည်တွင်းစားသုံးမူ အနည်းငယ်သာရှိပြီး ပြည်ပစျေးကွက်သာကို သာ အဓိက ထား တင်ပို့ ရောင်းချ နေရသည့် သီးနှံ ဖြစ်သောကြောင့် အနည်းငယ် အဆင်မပြေမူ ရှိကြောင်း သိရသည်။

     

    ဖိုးချဲ(AMIA)

     


  • article
likes6comments0
views2115