cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ပြည်တွင်းပဲစင်းငုံဈေး စံချိန်တင်ဈေးဖြစ်လာပြီး ဆက်လက်မြင့်တက်နိုင်

. Market Price
ဇန်နဝါရီ ၂၂ ရက်တွင် မန္တလေးကုန်စည်ဒိုင်၌ ပဲစင်းငုံ ငွေကျပ် ၃၅၀၀၀၀ ဈေးဖြင့် စံချိန် တင်ပေါက်ဈေးဖြစ်လာပါတယ်။ အိန္ဒိယ၏ ဝယ်လက်များ နယ်စုံ အထိ ဆင်းဝယ်ယူမှုတွေရှိနေပါ တယ်။
  • အိန္ဒိယနိုင်ငံ၏ ပဲလိုအပ်ချက် မြင့်မားတာကြောင့် ပြည်တွင်း ပဲစင်းငုံဈေးမှာ စံချိန်တင်ပေါက် ဈေးဖြစ်လာပြီး ဆက်လက်မြင့် တက်နိုင်ကြောင်း ပဲကုန်သည်များ က သုံးသပ်သည်။

    ဒီဇင်ဘာလဆန်းပိုင်းကတည်း က တဖြည်းဖြည်း မြင့်တက်လာ သည့် ပဲစင်းငုံဈေးမှာ လက်ရှိ ဇန်နဝါရီ ၂၂ ရက်တွင် မန္တလေး ကုန်စည်ဒိုင်၌ သုံးတင်းဝင်တစ် အိတ်လျှင် ငွေကျပ် ၃၅၀၀၀၀ အထိ စံချိန်တင်ပေါက်ဈေးဖြစ် လာသည်။

    အိန္ဒိယပဲကုန်သည်များ၏ ပဲစင်းငုံ ဝယ်လိုအား ကောင်းတာ ကြောင့် ပဲစင်းငုံထွက်ရှိရာ ဒေသ များအထိ လိုက်လံဝယ်ယူမှုများ နှင့်အတူ ရှမ်းပြည်နယ်ထွက် ပဲ စင်းငုံများအထိ ဝယ်လိုအား ကောင်းနေခြင်းဖြစ်သည်။

    အိန္ဒိယနိုင်ငံမှ ပါကစ္စတန် နိုင်ငံအပါအဝင် အာဖရိကနိုင်ငံများ တွင် သွားရောက်စိုက်ပျိုးသည့် ပဲ စင်းငုံအထွက်နှုန်းကျဆင်းမှုနှင့် အတူ သယ်ယူစရိတ်မြင့်မားလာ တာကြောင့် အိမ်ချင်းမြန်မာနိုင်ငံမှ ထွက်ရှိသည့် ပဲစင်းငုံကို ရသ လောက်ဝယ်ယူမည့် အခြေအနေ ရှိကြောင်း ကုန်သည်များက သုံး သပ်ထားသည်။

    ပဲစင်းငုံလှိုင်လှိုင်မပေါ်မီက တည်းက ကြိုရောင်းကြိုဝယ်စနစ် ဖြင့် တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀ ဝန်းကျင်ဖြင့် ရောင်းချ ထားသည့် ပဲအိတ်အရေအတွက် များပြားခဲ့ကြောင်း လက်ရှိစံချိန် တင်ပေါက်ဈေးအရ တစ်အိတ် လျှင် ငွေကျပ် ၃၅၀၀၀၀ အထိ ပေါက်ဈေးရှိလာရာ ကြိုရောင်း သမားအနေဖြင့် ပစ္စည်းအပ်ရန် အခက်ခဲရှိလာနိုင်ပြီး ဆုံးရှုံးမှုများ နိုင်ကြောင်း ပဲကုန်သည်များထံက သိရသည်။

    `` ဇန်နဝါရီ ၂၂ ရက်တွင် မန္တလေးကုန်စည်ဒိုင်၌ ပဲစင်းငုံ ငွေကျပ် ၃၅၀၀၀၀ ဈေးဖြင့် စံချိန် တင်ပေါက်ဈေးဖြစ်လာပါတယ်။ အိန္ဒိယ၏ ဝယ်လက်များ နယ်စုံ အထိ ဆင်းဝယ်ယူမှုတွေရှိနေပါ တယ်။ ယခင်က ကြိုရောင်းကြို ဝယ်ဖြင့် တစ်အိတ်လျှင် ၃၀၀၀၀၀ ဝန်းကျင်ပေါက်ဈေးနဲ့ အိတ်ရေ ထောင်ချီပြီး ရောင်းချထားတာ အခုလို စံချိန်တင်ဈေးမြင့်လာတော့ ကြိုရောင်းသမားတွေ ဒုက္ခရောက် နိုင်ပါတယ်။ လက်ရှိမှာတော့ ဒေသစုံမှ ပဲစင်းငုံအသစ်တွေ ဝင် ရောက်နေပါတယ်။နယ်ဈေးကွက် အထိ ဆင်းပြီး ဝယ်ယူနေတာ ကြောင့် ဒီဈေးက ကျဆင်းမှုမရှိ နိုင်တော့သလို ဆက်လက်မြင့် တက်ဖို့ပဲ ရှိပါတယ်´´ ဟု ရွှေစင် သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောသည်။

    မန္တလေးကုန်စည်ဒိုင်က ဇန်န ဝါရီ ၁ရက်တွင် ပဲစင်းငုံ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၃၀၅၀၀၀ သာ ပေါက်ဈေးရှိခဲ့ရာ ဇန်နဝါရီ ၂၂ ရက်တွင် စံချိန် တင်ပေါက်ဈေး ငွေကျပ် ၃၅၀၀၀၀ အထိ ပေါက်ဈေးဖြစ်လာပြီး ယင်း ပေါက်ဈေးထက် ဆက်လက် မြင့် တက်နိုင်ကြောင်း ပဲကုန်သည်များ က သုံးသပ်ထားသည်။

    ၂၀၂၂-၂၀၂၃ ပဲသစ်ရာသီ တွင် ပဲစင်းငုံဝယ်လိုအားမှာ အကောင်းကြီးမဟုတ်ခဲ့သော်လည်း ဒေါ်လာဈေးမြင့်တက်မှုကြောင့် ပဲဈေးကောင်း ရရှိခဲ့သလို လက်ရှိ ၂၀၂၄ ခုနှစ် ပဲသစ်ရာသီတွင် တောင်သူများအနေဖြင့် စံချိန်တင်ပေါက်ဈေး ရရှိလာခြင်းဖြစ်သည်။

    မကွေးဂျာနယ် မှ ကူးယူဖော်ပြပါသည်။


  • article
likes8comments0
views1603