cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

မိုးစပါးစိုက်တောင်သူအများစု ဈေးကောင်းရရှိ🌾🌾

. Market Price
ဒီနှစ်စပါးဈေးက ဒီနှင်ဘာလလယ်လောက်မှာ တင်း ၁၀၀ ကို ငွေကျပ် ၂၂ သိန်း ပေါက်ဈေးရှိခဲ့ပါတယ်။ အခု လက်ရှိမှာ တင်း ၁၀၀ လျှင် ငွေ ကျပ် ၃၂ သိန်းထိ ပေါက်ဈေး ရှိလာပါတယ်´´ ဟု ၄င်းကပြောသည်။
  • ယခုနှစ် အတွင်းရှိ မိုးစပါးစိုက် ပျိုးနိုင်သည့် တောင်သူအများစု စပါးဈေး ကောင်းရရှိကြကြောင်း တောင်သူ များထံက သိရသည်။

    မိုးစပါးစတင်ထွက်ရှိချိန် ဒီဇင်ဘာလလယ်လောက်က တင်း ၁၀၀ စပါးပေါက်ဈေးမှာ ငွေကျပ် ၂၂ သိန်းသာ ပေါက်ဈေးရှိခဲ့သော် လည်း ယခုအချိန် မိုးစပါးသိမ်း ပြီးချိန်တွင် တင်း ၁၀၀ လျှင် ငွေကျပ် ၃၂ သိန်းထိ ပေါက်ဈေး ရှိလာရာ တောင်သူအများစု စပါး ဈေးကောင်းရရှိကြကြောင်း ပုသိမ်ကြီးမြို့နယ်၊ ဆင်ရွာကြီး ကျေးရွာအုပ်စုမှ စပါးစိုက်တောင် သူ ဦးချစ်ဝေက ပြောသည်။

    `` ဒီနှစ်ကတော့ စပါး ပုံမှန် ပဲ ထွက်ပါတယ်။ တစ်ဧက ၇၅ တင်း ပတ်ဝန်းကျင်ပဲ ထွက်ပါ တယ်။ ဂရုစိုက်မှုကောင်းတဲ့ စပါး ခင်းကတော့ ၈၅-၉၀ တင်း ထွက်ပါတယ်။ ဒီနှစ်စပါးဈေးက ဒီနှင်ဘာလလယ်လောက်မှာ တင်း ၁၀၀ ကို ငွေကျပ် ၂၂ သိန်း ပေါက်ဈေးရှိခဲ့ပါတယ်။ အခု လက်ရှိမှာ တင်း ၁၀၀ လျှင် ငွေ ကျပ် ၃၂ သိန်းထိ ပေါက်ဈေး ရှိလာပါတယ်´´ ဟု ၄င်းကပြောသည်။

    မိုးစပါး တစ်ဧကစိုက်ပျိုး စရိတ်မှာ ပျိုးနုတ်ကောက်စိုက် မြေဩဇာ၊ ရိတ်သိမ်းစရိတ်က၊ သယ်ယူစရိတ်၊ ပေါင်းနုတ်၊ အမှိုက်ကောက်၊ ပိုးသတ်ဆေးဖျန်း၊ မျိုးစရိတ်၊ စုစုပေါင်း ငွေကျပ် ၇၅၀၀၀၀ ဝန်းကျင်ခန့် ကုန်ကျ ခဲ့သည်။

    ဒီနှစ် မိုးစပါးစပေါ်ချိန် ကတည်းက တင်း ၁၀၀ ဈေး ငွေကျပ် ၂၂ သိန်းဖြစ်လာပြီး တောင်သူအချို့ ရောင်းချမှုရှိခဲ့ သော်လည်း လက်ရှိစပါးသိမ်းချိန် မှာတော့ တင်း ၁၀၀ ငွေကျပ် ၃၂ ဖြင့် တောင်သူအများစု ဈေး ကောင်းရရှိခဲ့သည်။

    ယခုနှစ်စပါးဈေးကောင်း ရရှိတာကြောင့် တောင်သူအချို့ မှာ စပါးအကုန်မရောင်းချဘဲ ဆက်လက်ဈေးကောင်းနိုင်ကြောင်း မျှော်မှန်းကာ သိမ်းဆည်းထားသူ များလည်းရှိသည်။ ယခင်နှစ် မိုးစပါးမစိုက်ပျိုးမီက တင်း ၁၀၀ လျှင် ငွေကျပ် ၁၃-၁၅သိန်းခန့် သာ ပေါက်ဈေးရှိခဲ့ရာမှ တင်း ၁၀၀ လျှင် ငွေကျပ် ၂၂ သိန်းထိ ပေါက်ဈေးရှိခဲ့တာကြောင့် ယခု နှစ်တွင်လည်း စပါးဈေးကောင်း ရရှိရန် မျှော်မှန်းထားကြသည်။

    မိုးစပါးစိုက်ပျိုးမှုပြီးစီးပြီး ဆောင်းစိုက်သီးနှံ စိုက်ပျိုးချိန် မမီတာကြောင့် နွေစပါးစိုက် ပျိုးရန်သာ ပြင်ဆင်ကြရသည်။

    စပါးပေါက်ဈေး မြင့်တက်မှု နှင့်အတူ စိုက်ပျိုးစရိတ်မှာလည်း မြင့်တက်လာရာ တစ်ဧက ငွေကျပ် ၁၅၀၀၀၀ ခန့် ယခင်နှစ်များထက် ပိုမိုလာကြောင်း တောင်သူများ ထံက သိရသည်။ အဓိကအားဖြင့် စက်သုံးဆီ ဈေးကြီးမြင့်လာမှု ကြောင်း ရိတ်သိမ်းစရိတ်၊ သယ် ယူစရိတ်၊ ထွန်ထယ်စရိတ်များ တွင် ပိုမိုလာခြင်းဖြစ်သော်လည်း ယခုနှစ်တွင် မြေဩဇာသုံးစွဲမှု စရိတ်မှာ အနည်းငယ်လျော့ကျ ကြောင်း စပါးစိုက်တောင်သူများ ထံက သိရသည်။

    ပုသိမ်ကြီးမြို့နယ်တွင် ထွက် ရှိသည့် မိုးစပါးကောက်ကြီးမှာ မဂျမ်းတော(ဧရာမင်း)စပါးမျိုး ဖြစ်ပြီး ပြည်တွင်းစားသုံးမှုကောင်း သည့် စပါးမျိုးဖြစ်တာကြောင့် လည်း ဈေးကောင်းလာခြင်း ဖြစ် သည်။

    ယခုနှစ်မှာ ကမ္ဘာ့ဆန်ဈေး ကွက်တွင်လည်း ရာသီဥတု ဖောက်ပြန်မှုများကြောင့် စပါး ထွက်နှုန်းလျော့ကျခဲ့ပြီး ဆန်ဈေး နှုန်းမြင့်တက်လာခဲ့သည်။

    မြန်မာနိုင်ငံအနေဖြင့် မိုးစပါး၊ နွေစပါးထွက်ရှိမှုတန်ချိန် ၁၃ သန်းခန့်ရှိပြီး ၉ ဒသမ ၅ သန်း ကို ပြည်တွင်းစားသုံးမှုအတွက် သုံးစွဲကာ ပိုလျှံတန်ချိန် ၃ သန်း ကျော်ကို ကမ္ဘာ့ဆန်ဈေးကွက် သို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

    မကွေးဂျာနယ်မှ ကူးယူဖော်ပြပါသည်။

    ------------------------------------------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes7comments0
views1916