cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ပိန်းဥစိုက်ပျိုးနည်း🌱🌱

. Cultivation Methods
ရိတ်သိမ်းခြင်း

- စိုက်ပျိုးပြီး (၅-၁၁) လကြာလျှင် ( အပူပိုင်းဒေသ)

- စိုက်ပျိုးပြီး (၆-၁၅) လကြာလျှင် (မိုးများသည့်ဒေသ) များတွင် ရိတ်သိမ်းနိုင်သည်။
  • ပိန်းဥ၏ မူရင်းဒေသသည် အိန္ဒိယတောင်ပိုင်းနှင့် အရှေ့တောင်အာရှဖြစ်သည်။ စပါးစိုက် လယ်မြေများ၊ မိုးများသည်းသည့် ဒေသတွင် သဘာဝ အလျှောက် စိုက်ပျိုးဖြစ်ထွန်းသည်။ မိုးနည်းသည့် အထက် မြန်မာပြည် ယာမြေတွင်လည်း ရေသွင်း စိုက်ပျိုးပါက ကောင်းစွာ စိုက်ပျိုး ဖြစ်ထွန်းနိုင်သည်။

    နှစ်သက်သောရာသီဥတု

    - မိုးရေချိန်- (၈-၁၀) လက်မ အထက် ရွာသွန်းသော ဒေသများတွင် အကောင်းဆုံး ဖြစ်ထွန်းသည်။

    - နေ့အပူချိန် (၂၇-၃၅) ဒီဂရီ စင်တီဂရိတ်၊ ညအပူချိန် ( ၂၀-၂၂) ဒီဂရီ စင်တီဂရိတ်တွင် ကောင်းစွာ ဖြစ်ထွန်းသည်။

    မြေအမျိုးအစား

    - ပိန်းဥသည် နုံးမြေနှင့် ရေစီးဆင်းမှု ကောင်းမွန်သည့် မြေအမျိုးအစားကို ကြိုက်သည်။

    - မြေချဉ်ငံဓါတ် (၅.၅-၆ ) အတွင်း စိုက်ပျိုး ဖြစ်ထွန်းသည်။

    - မြေအမျိုးအစား မရွေး စိုက်ပျိုးနိုင်သည်။

    မျိုးရွေးချယ်ခြင်း

    - ပိန်းဥ၏ဥမွှာနှင့် သားတက်(၂)မျိုးလုံး သုံးနိုင်သည်။

    - ဥမွှာ၏ အရွယ်အစားပေါ် မူတည်၍ တစ်ဧက အထွက်နှုန်း ကွာခြားသည်။

    အရွယ်အစား - အထွက်နှုန်း

    (၂) လက်မအထက် ( ၉.၀၄) တန် / ဧက

    (၁-၂) လက်မကြား (၈.၁) တန်/ ဧက

    (၂) လက်မအောက် (၇.၄) တန် / ဧက

    - မျိုးဥရွေးချယ်ရာတွင် ရောဂါပိုးမွှား ကင်းသော မိခင်ပင်မှ ယူရမည်။

    - မှိုသတ်ဆေး ကပ်တန် (၄၀ ဂရမ် / လီတာ) တွင် (၂)မိနစ်ခန့်စိမ်ပြီး စိုက်ပါက ဥပုပ်ရောဂါ ( corn rot) ကိုကာကွယ်နိုင်သည်။

    ပိန်းဥစိုက်ပျိုးနည်း

    မြေသြဇာထည့်သွင်းခြင်း

    - မြေသြဇာ အနေဖြင့် ဖော့စဖရပ်(စ်) မြေသြဇာ လုံလောက်ရန် လိုအပ်သည်။

    - ဥပုပ်ရောဂါကို ကာကွယ်နိုင်ရန် စိုက်ဘောင်များ အတွင်းတွင် ပိုတက်ဆီယမ်ကို (၂၆ ပေါင်/ဧက) နှုန်းထည့်သွင်းပေးသင့်သည်။

    - အခြား အနည်းလို အာဟာရများဖြစ်သော ဇင့်၊ ကယ်ဆီယမ် နှင့် ဆာလဖာဓါတ်များ ချို့တဲ့ပါက ပိန်းအရွက်နှင့် ရိုးတံတို့တွင် လက္ခဏာများ ထင်ရှားစွာပြနေတက်သည်။

    စိုက်ခင်းကိုပြုစုခြင်း

    - ပိန်းဥကို သားတက် (sucker) မှ၎င်း၊ ဥမွှာမှ ၎င်း၊ ပိန်းရိုး၏ အရင်းမှ၎င်း၊ ပိန်းဥ၏ထိပ်ဖျားမှ (ဝ.၅-၁) လက်မခန့်ဖြတ်၍၎င်း စိုက်ပျိုးနိုင်သည်။

    - သားတက်မှ စိုက်ပျိုးပါက ပျိုးခင်းတွင် အညှောင့်ပေါက်စေရန် အရင်ပျိုးထောင်ပြီးမှ စိုက်ခင်းထဲသို့ချရမည်။

    - မြေသားနက်၍ လေဝင်လေထွက်ကောင်းပြီး ရေမဝင်စေရန် စိုက်ခင်းဘောင်များကို စနစ်တကျ ပြင်ဆင်ရန် လိုအပ်သည်။

    ရိတ်သိမ်းခြင်း

    - စိုက်ပျိုးပြီး (၅-၁၁) လကြာလျှင် ( အပူပိုင်းဒေသ)

    - စိုက်ပျိုးပြီး (၆-၁၅) လကြာလျှင် (မိုးများသည့်ဒေသ) များတွင် ရိတ်သိမ်းနိုင်သည်။

    - လက်ဖြင့်ရိတ်သိမ်းခြင်းမှာ စက်ဖြင့်ရိတ်သိမ်းခြင်းထက် အရည်အသွေးနှင့် ထိခိုက်ဒဏ်ရာရမှုကို သက်သာစေသည်။

    - အေး၍ ခြောက်သွေ့သောဒေသများတွင် (၁၂.၆) တန်/ဧကနှုန်း အထိရရှိသည်။

    အာဟာရဓါတ်များဆုံးရှုံးမှု မရှိစေရန် သိုလှောင်နည်းစနစ်

    - ဒေသထွက်ပစ္စည်းများဖြစ်သော လွှစာမှုံ့/ရေပေါ်စာများကို စိုစွတ်အောင်ပြုလုပ်၍ ပိန်းဥများကို ပလတ်စတစ်အိတ်ပါး(သို့) ပီနန်အိတ်ဘေးပတ်လည်တွင် ဝိုင်းရံပေးထားခြင်းဖြင့် စိုထိုင်းဆကောင်းမွန်စေသောကြောင့် ရက်သတ် (၄-၆) ပတ်ထိ အာဟာရဓါတ်များ ပျက်စီးဆုံးရှုံးမှု မရှိဘဲ သိုလှောင်နိုင်သည်။

    - စိုက်ခင်းမှ တူးပြီးသော ပိန်းဥများအား အေး/မှောင်/ခြောက်သွေ့သော နေရာတွင် ကျင်းများတူ၍ အုန်းခွံ/ငှက်ပျောရွက်များအောက်မှာခင်း၍ ပိန်းဥများကို အလယ်တွင်ထားပြီး အပေါ်မှခြောက်သွေ့သော သမြေ (၆) လက်မခန့်ဖုံးအုပ်၍ သိုလှောင်ပါက (၂-၃) လခန့်အထိ အရည်အသွေးမပျက်သိုလှောင်နိုင်သည်။

    Sources: MOALI

    ✦✦✦✦✦✦✦✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်


  • article
likes14comments0
views2051