cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

“မျိုစေ့အကြောင်းသိကောင်းစရာများ - အပိုင်း (၂)”

. Seed Selection/Variety Selection
၁။ မိဘမျိုးစေ့ (Breeder Seed)
၂။ ဆင့်ပွားမျိုးစေ့ ( Foundation Seed)
၃။ မျိုးသန့်မျိုးပွားမျိုးစေ့ ( Registered Seed)
၄။ စီးပွားဖြစ်မျိုးသန့်မျိုးစေ့ (Certified Seed)
  • (က) မျိုးစေ့အဆင့်များ သတ်မှတ်ခြင်း

    - ပင်တည်းဝတ်မှုန်ကူးသီးနှံများ (Self-Pollinated Crops)

    ၁။ မိဘမျိုးစေ့ (Breeder Seed)

    ၂။ ဆင့်ပွားမျိုးစေ့ ( Foundation Seed)

    ၃။ မျိုးသန့်မျိုးပွားမျိုးစေ့ ( Registered Seed)

    ၄။ စီးပွားဖြစ်မျိုးသန့်မျိုးစေ့ (Certified Seed)

    - ပင်ခြားဝတ်မှုန်ကူးသီးနှံများ (Cross-Pollinated Crops)

    ၁။ မိဘမျိုးစေ့ (Breeder Seed)

    ၂။ ဆင့်ပွားမျိုးစေ့ ( Foundation Seed)

    ၃။ စီးပွားဖြစ် မျိုးသန့်မျိုးစေ့ (Certified Seed)

    (ခ) မိဘမျိုးစေ့(Breeder Seed)

    သီးနှံမွေးမြူသူ (Plant Breeder) ကိုယ်တိုင်ကြီးကြပ်၍ ပွားများရရှိသော မျိုးစေ့ဖြစ်သည်။ မူလဗီဇအရည် အချင်းများနှင့်ပြည့်စုံ၍ အရည်အသွေးအဆင့်အတန်းမြင့်မားသော မျိုးစေ့ဖြစ်သည်။ ဆက်လက်ပွားများမည့် မျိုးစေ့များအတွက် မူလဇစ်မြစ်ဖြစ်သည်။

    (ဂ) ဆင့်ပွားမျိုးစေ့(Foundation Seed)

    မိဘမျိုးစေ့ (၁) မှ ပွားများရရှိသော ပထမဦးဆုံး သားဆက်မျိုးစေ့ဖြစ်သည်။ ၎င်းသားဆက်ကို သီးနှံမွေး မြူသူ၏ကြီးကြပ်မှုဖြင့်လည်းကောင်း မျိုးစေ့သိပ္ပံပညာရှင် (Seed Scientist) သို့မဟုတ်) စိုက်ပျိုးရေးပညာရှင် (Agronomist) ကိုယ်တိုင်သော လည်းကောင်းပွားများထုတ်လုပ်ရပါမည်။ မူလဗီဇအရည်အချင်းအတိုင်း အရည် အသွေးမြင့်မားမှုကိုရှေ့ရှု၍ ဆက်လက်ပွားများရမည့် အဆင့်ဆင့်အတွက် အခြေခံအကျဆုံးအဆင့်ဖြစ်သည်။

    (ဃ) မျိုးသန့်မျိုးပွားမျိုးစေ့ ( Registered Seed)

    ဆင့်ပွားမျိုးစေ့ပွားများရရှိသော သားဆက်မျိုးဆက်ဖြစ်သည်။ တောင်သူလယ် သမားလက်ဝယ်သို့ မဖြန့် ဝေမီ ဗီဇအရည်အချင်းနှင့် အရည်အသွေးအဆင့်အတန်းများကို မှတ်ပုံတင်ထားရှိပြီးလျှင် မျိုးစေ့ပညာရှင်၏ တိုက်ရိုက်ကြီးကြပ်မှုဖြင့် ပွားများထုတ်လုပ်ရပါမည်။ မိဘမျိုးစေ့မှထွက်သော ဒုတိယသားဆက်ဖြစ်၍ မူလဗီဇ နှင့် အရည်အသွေးများ ကိုက်ညီရန် အထူးဂရုပြုဆောင်ရွက်ရပါမည်။

    (င) စီးပွားဖြစ် မျိုးသန့်မျိုးစေ့ (Certified Seed)

    ဆင့်ပွားမျိုးစေ့သော်လည်ကောင်း၊ မျိုးသန့်မျိုးပွားမျိုးစေ့မှသော်လည်းကောင်း မျိုးပွားများရရှိသော သားဆက်မျိုးစေ့ဖြစ်သည်။ ပင်ခြားဝတ်မှုန်ကူးသီးနှံများတွင် ဆင့်ပွားမျိုးစေ့မှ တိုက်ရိုက်ပွားများပါသည်။

    (စ) 'မျိုးစေ့ အဆင့်အလိုက် တာဝန်ယူဆောင်ရွက်သည့် အဖွဲ့အစည်းများ'

    (၁) မိဘမျိုးစေ့ (Breeder Seed)-စိုက်ပျိုးရေးသုတေသနဦးစီးဌာန

    (၂) ဆင့်ပွားမျိုးစေ့ (Foundation Seed)-စိုက်ပျိုးရေးသုတေသနဦးစီးဌာန+ စိုက်ပျိုးရေးဦးစီးဌာန (မျိုးစေ့ဌာနခွဲ)

    (၃) မျိုးသန့်မျိုးပွားမျိုးစေ့ (Registered Seed)-စိုက်ပျိုးရေးဦးစီးဌာန (မျိုးစေ့ဌာနခွဲ)

    (၄) စီးပွားဖြစ်မျိုးသန့်မျိုးစေ့ (Certified Seed)- စိုက်ပျိုးရေးဦးစီးဌာန (စိုက်ပညာ) + မျိုးစေ့ထုတ်ကုမ္ပဏီများနှင့် အကျိုးဆောင်တောင်သူများ။

    (ဆ) မျိုးကွဲ (Offtype)

    မျိုးကွဲအပင်ဆိုသည်မှာ မိမိစိုက်ပျိုးထားသည့်အပင်နှင့် မျိုးပြားမတူသောအပင်၊ မျိုးစိတ်ချင်း တူသော် လည်း ပြင်ပရုပ်သွင်လက္ခဏာ (Morphological Character)ကွဲပြားခြားနားသောအပင်၊ အပင်ပုံသဏ္ဍာန် (အနိမ့်/ အမြင့်) ၊ ပင်ပွားထွက်ရှိပုံအနေအထား ကွဲပြားခြားနားသောအပင်၊ အရွက်ပုံသဏ္ဍာန်၊ အရှည်၊ အကျယ် (ဗျက်)၊ အရောင်၊ အမွှေးအထူအပါး၊ အမွှေးပါ မပါ၊ ပင်စည်နှင့်အရွက်ကြား ထောင်မတ်နေပုံအနေအထား၊ ပန်းပွင့်ချိန်၊ အလံရွက်တည်နေပုံ၊ အနှံပုံသဏ္ဍာန်၊ စပါးစေ့အရွယ် အစား၊ အရောင်၊ ပုံသဏ္ဍာန်၊ အမြီးပါ မပါ စသည်တို့ကိုဆို လိုသည်။

    (ဇ) မျိုးရောကာကွယ်မှုနယ်နမိတ်ပေ (အနည်းဆုံး)

    မျိုးစေ့ထုတ်စိုက်ခင်းတစ်ခုသည် အခြားစိုက်ခင်းတစ်ခုမှ မျိုးတူသည်ဖြစ်စေ၊ မျိုး မတူသည်ဖြစ်စေ အနည်းဆုံးထားရှိရမည့် အကွာအဝေးသတ်မှတ်ချက်ကို ဆိုလိုပါသည်။ စပါးအတွက် မျိုးရောမှု ကာကွယ်ရေး နယ်နိမိတ်သတ်မှတ်ချက်မှာ ( ၁၀ ) ပေ ဖြစ်ပါသည်။ သတ်မှတ်ချက်နှင့် မကိုက်ညီပါက ကန်သင်းပတ်လည်နှင့် ကပ်လျက် ၅ တန်း (သို့) ၆ တန်း ကို မျိုးစေ့အဖြစ်အသုံးမပြုသင့်ပါ။

    (ဥပမာ- ဂျုံ ၁၀-ပေ၊ မြေပဲ ၁၁-ပေ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ကုလားပဲ၊ ထောပတ်ပဲ ၁၀-ပေ၊ ဝါ ၁၅၀/၁၀၀ ပေ၊ ပဲစဉ်းငုံ ၆၀/၃၀ ပေ၊ အစေ့ထုတ်ပြောင်း ၆၀၀/၃၀၀၊ နှမ်း ၃၀၀/၁၅၀၊ နေကြာ ၂၆၄၀ ပေ)

    Source: စိုက်ပျိုး‌ရေးဦးစီးဌာန၊ MOALI

    "မျိုးစေ့အကြောင်းသိကောင်းစရာများ - အပိုင်း (၁)" ကို ဖတ်ရန် လင့်ကို နှိပ်ပါ- https://htwettoe.com/post/47692

    -------------------------

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://htwettoe.com/download လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။


  • article
  • article
likes
16
comments
1
views
2980