cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ဇန်နဝါရီလ စတုတ္ထပတ် ပျှမ်းမျှ ကွမ်းဈေးနှုန်းနှင့် ဈေးကွက်သုံးသပ်ချက်

. Market Price
အချုပ်အားဖြင့်ဆိုရသော် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ စတုတ္ထအပတ်အတွင်း ကွမ်းတစ်ပိဿာ ပျှမ်းမျှ ဈေးနှုန်းများမှာ ရန်ကုန်ဈေးကွက်မှလွဲ၍ ကျန်ဈေးကွက်အားလုံး ယခင် တတိယပတ်ထက် ဈေးနှုန်း သိသိသာသာ မြင့်တက်နေပါကြောင်း သတင်းကောင်းပါးလိုပါတယ် ခင်ဗျာ။
  • ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၂.၁.၂၀၂၄)ရက်နေ့မှ (၂၆.၁.၂၀၂၄)ရက်နေ့အထိ ပျှမ်းမျှ ကွမ်းဈေးနှုန်းများကို လေ့လာသော် ရန်ကုန်ဈေးကွက်တွင် တစ်ပိဿာလျှင် ၁၁,၅၀ဝိ/-ကျပ်၊ မန္တလေးဈေးကွက်တွင် တစ်ပိဿာလျှင် ၉,၀၀ဝိ/-ကျပ်မှ ၂၁,၀၀ဝိ/-ကျပ်၊ မုံရွာဈေးကွက်တွင် ၈,၅၀ဝိ/-ကျပ်မှ ၁၉,၀၀ဝိ/-ကျပ်၊ ကျောက်ဆည်တွင် ၁၁,၀၀ဝိ/-ကျပ်မှ ၁၉,၀၀ဝိ/-ကျပ်၊ ရွှေဘိုမြို့တွင် ၁၀,၇၅ဝိ/-ကျပ်မှ ၂၁,၀၀ဝိ/-ကျပ်၊ မတ္တရာတွင် ၁၈,၀၀ဝိ/-ကျပ်မှ ၃၀,၀၀ဝိ/-ကျပ်၊ ခင်သာမြို့တွင် ၁၃,၀၀ဝိ/-ကျပ်မှ ၂၄,၀၀ဝိ/-ကျပ်ဖြင့် အသီးသီးဈေးဖြစ်နေပါတယ်။

    ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်နှင့် စတုတ္ထပတ် ပျှမ်းမျှ ကွမ်း ဈေးနှုန်းနှိုင်းယှဉ်ခြင်း

    ဇန်နဝါရီလ စတုတ္ထပတ်အတွင်း ပျှမ်းမျှ ကွမ်းဈေးနှုန်းကို လေ့လာသော် ရန်ကုန်ဈေးကွက်တွင် တစ်ပိဿာလျှင် ပျှမ်းမျှ ၁၁,၅ဝဝိ/-ကျပ်၊ မန္တလေးဈေးကွက်တွင် ၁၅,၄၀ဝိ/-ကျပ်၊ မုံရွာဈေးကွက်တွင် ၁၄,၄၀ဝိ/-ကျပ်၊ ကျောက်ဆည်တွင် ၁၅,၄၀ဝိ/-ကျပ်၊ ရွှေဘိုတွင် ၁၆,၅၀ဝိ/-ကျပ်၊ မတ္တရာတွင် ၂၀,၄ဝဝိ/-ကျပ်နှင့် ခင်သာ မြို့တွင် ၁၉,၂၀ဝိ/-ကျပ်ဖြင့် အသီးသီး ဈေးဖြစ်နေပါတယ်။

    ယခင် တတိယပတ် ပျှမ်းမျှဈေးနှုန်းများမှာ ရန်ကုန်ဈေးကွက်တွင် တစ်ပိဿာလျှင် ပျှမ်းမျှ ၁၂,၅ဝဝိ/-ကျပ်၊ မန္တလေးဈေးကွက်တွင် ၉,၀၀ဝိ/-ကျပ်၊ မုံရွာဈေးကွက်တွင် ၈,၅၀ဝိ/-ကျပ်၊ ကျောက်ဆည်တွင် ၁၁,၀၀ဝိ/-ကျပ်၊ ရွှေဘိုတွင် ၁၀,၇၅ဝိ/-ကျပ်၊ မတ္တရာတွင် ၁၈,၀ဝဝိ/-ကျပ်နှင့် ခင်သာမြို့တွင် ၁၃,၀၀ဝိ/-ကျပ်ဖြင့် အသီးသီးဈေးဖြစ်ခဲ့ပါတယ်။

    ဈေးကွက်သုံးသပ်ချက်

    အချုပ်အားဖြင့်ဆိုရသော် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ စတုတ္ထအပတ်အတွင်း ကွမ်းတစ်ပိဿာ ပျှမ်းမျှ ဈေးနှုန်းများမှာ ရန်ကုန်ဈေးကွက်မှလွဲ၍ ကျန်ဈေးကွက်အားလုံး ယခင် တတိယပတ်ထက် ဈေးနှုန်း သိသိသာသာ မြင့်တက်နေပါကြောင်း သတင်းကောင်းပါးလိုပါတယ် ခင်ဗျာ။

    ပြည့်ဖြိုးအောင်

    ထွက်တိုး

    Data Soure: AMIA ၏ (၂၂.၁.၂၀၂၄) ရက်နေ့မှ (၂၆.၁.၂၀၂၄)ရက်နေ့အထိ တစ်ပတ်တာ ပေါက်ဈေးနှုန်းများ အပေါ် အခြေခံထားခြင်း ဖြစ်ပါသည်။

    --------------------


  • article
  • article
likes10comments0
views1085