cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ပိုတက်စီယမ်မြေဩဇာ အသုံးပြုရန် လိုအပ်ခြင်းအကြောင်း

. Plant Nutrition
အထင်ရှားဆုံးသော ပိုတက်စီယမ်ပါဝင်သည့် ဓါတ်မြေဩဇာ(Potassium Carrier) သုံးမျိုးမှာ ပိုတက်စီယမ်နိုက်ထရိုက်(NOP)၊ပိုတက်စီယမ်ဆာလ်ဖိတ်(Sulphate of Potassium SOP) နှင့် မြူးရီယိတ်အော့ဖ် ပိုတက် Muriate of Potassium MOP) တို့ဖြစ်သည်။
  • စိုက်ခင်း၏ မြေဆီလွှာအတွင်းတွင်ရှိနေသော ပိုတက်စီယမ်အနည်းငယ်ကိုသာ သီးနှံပင်များအနေဖြင့် စုပ်ယူစားသုံးနိုင်သည်။ ထိုသို့စားသုံးနိုင်သော ပိုတက်စီယမ်တို့မှာ မြေဆီလွှာမြေတွင် ပျော်ဝင်ပြီးသော ပိုတက်စီယမ်များသာြဖစ်သည်။ ထိုသို့ရောပျော်ပြီးသော ပိုတက်စီယမ် (သို့မဟုတ်) အပင်များကချက်ချင်းစားသုံးနိုင်သော ပိုတက်စီယမ်ပမာဏမှာ အပင်များက လိုအပ်သောပမာဏထက် များစွာလျော့နည်းနေသည်။ မြေဆီလွှာအတွင်းရှိနေသော အခြားပိုတက်စီယမ်များမှာ အပင်များကစားသုံးနိုင်သော ရေပျော်အဆင့်သို့ရောက်ရန် အချိန်အတန်ကြာလိုအပ်သည်။ထိုသို့ချက်ချင်းမစားသုံးနိုင်သော ပိုတက်စီယမ်များမှာ စားသုံးနိုင်သော ရေပျော်အဆင့်သို့ရောက်ရန်မှာ အချိန်လိုအပ်ခြင်း၊ပျော်ဝင်လာသော ပိုတက်စီယမ်ပမာဏထက် အပင်၏လိုအပ်မှုများစွာ ပိုနေခြင်းကြောင့် အခက်ကြုံရသည်။ ဤအခြေအနေတွင် ပိုတက်စီယမ်မြေဩဇာများကို အသုံးပြုခြင်းက အမှန်ကန်ဆုံးနှင့် အကောင်းဆုံးလုပ်ရပ်ဖြစ်သည်။ဒုတိယကမ္ဘာစစ်ကြီးပြီးစအချိန်အထိ ပိုတက်စီယမ်မြေဩဇာသုံးစွဲခြင်းကို အလေးမထားမိခဲ့ပေ။ ဓါတ်မြေဩဇာလုပ်ငန်းများတွင် နိုက်ထရိုဂျင်မြေဩဇာများကိုသာ အလေးထားသုံးစွဲလာကြသည်။ 

    ဓါတ်မြေဩဇာများအသုံးပြုရာတွင် မြေဆီလွှာကိုဓါတ်ခွဲခြင်း၊ကွန်ပြူတာများအသုံးပြု၍ အသုံးပြုရမည့်ပမာဏကို တိကျစွာမတွက်ချက်နိုင်သေးခင်ကာလများက မြေဩဇာအသုံးပြုမှုမှာ ပူးတွဲဆီနွှယ်စီမံအသုံးချမှု Integrated Fertilizer Management မရှိခဲ့ပေ။ ၁၉၉၅ ခုနှစ်လွန်သွားသောအခါမှ ထိုစနစ်ဖြင့်အသုံးပြုလာသောအခါ ဓါတ်မြေဩဇာအသုံးပြုမှု ပမာဏ လျော့ကျသွားသည်။ ဓါတ်မြေဩဇာလေလွင့်မှုလျှော့ချနိုင်ခြင်းကြောင့်ဖြစ်သည်။ ပိုတက်စီယမ်ဓါတ်မြေဩဇာအသုံးပြုရာတွင်လည်း မြေဆီလွှာမှ အပင်များက စုပ်ယူစားသုံးသောပမာဏနှင့် လိုက်လျောညီထွေသောပမာဏကိုသာ ထပ်ကျွေးရန်လိုအပ်သည်။ အကယ်၍ နိုက်ထရိုဂျင်သော်လည်းကောင်း၊ ဖော့ဖရပ်စ်သည်လည်းကောင်း လိုအပ်သည်ထက်ပိုပါက သီးနှံအား ဆိုးကျိုးဖြစ်စေသော်လည်း ပိုတက်စီယမ်မှာကား ထိုသို့မဖြစ်ပေ။ သို့သော် မလိုဘဲ ပိုသုံးလျှင် စီးပွားရေးဆုံးရှုံးမှုဖြစ်စေသည်။ 


    ပိုတက်စီယမ်သည် အရွက်မှဆဲလ်များကို တင်းကာစေခြင်းကြောင့် အရွက်များပြန့်ကားခြင်း၊ပိုမိုထောင်မတ်ခြင်းကြောင့် အလင်းရောင်ပိုရရှိပြီး အဆုံးတွင် အလင်းမှီအစာဖွဲ့ခြင်းကို တိုးစေသည်။ ပိုတက်စီယမ်သည် အပင်များအား အခြားသောအဟာရဒြပ်စင်များကို ပိုမိုစုပ်ယူရန် အားပေးသည်။ အဆုံးတွင် အထွက်တိုးစေသည်။ ပိုတက်စီယမ်သည် ရေကို အပင်အတွင်း ထိန်းသိမ်းသိုမှီးရာတွင် အထောက်အကူဖြစ်စေသောကြောင့် အပင်အားရေငတ်ဒါဏ်မှကာကွယ်ပေးသည်။ ပိုတက်စီယမ်သည် အပင်၏ လေပေါက်ငယ် (Stoma) များ၏ အဖွင့်၊အပိတ်ကို ထိန်းချုပ်နိုင်ခြင်းကြောင့် အပင်မှ ရေဆုံးပါးမှုကို စတိုမာများပိတ်ခြင်းဖြင့် ကာကွယ်နိုင်သည်။ 

    ပိုတက်စီယမ်သည် အပင်များအတွင်းမှ ရေဆုံးပါးမှုကို ကာကယ်နိုင်သဖြင့် အသက်ရှင်စဉ်သာမက ခူးဆွတ်ပြီးစအပင်များ လွယ်ကူစွာ မနွမ်းဘဲ တာရှည်စွာ လန်းဆန်းစေနိုင်သည်။ ပိုတက်စီယမ်သည် အပင်များအား ရုပ်ပိုင်းဆိုင်ရာ ခိုင်ခံ့၍ အထောက်အကူဖြစ်စေသဖြင့် ရာသီဥတုပြင်းထန်သော ဝန်းကျင်တွင် လွယ်ကူစွာထိခိုက်မှုမဖြစ်စေပါ။ 

    ပိုတက်စီယမ်မြေဩဇာများ 

    အထင်ရှားဆုံးသော ပိုတက်စီယမ်ပါဝင်သည့် ဓါတ်မြေဩဇာ(Potassium Carrier) သုံးမျိုးမှာ ပိုတက်စီယမ်နိုက်ထရိုက်(NOP)၊ပိုတက်စီယမ်ဆာလ်ဖိတ်(Sulphate of Potassium SOP) နှင့် မြူးရီယိတ်အော့ဖ် ပိုတက် Muriate of Potassium MOP) တို့ဖြစ်သည်။ ထိုပိုတက်ဓါတ်မြေဩဇာသုံးမျိုးအနက် ပိုတက်စီယမ်နိုက်ထရိုက်မှာ အကောင်းဆုံးဖြစ်ပြီး ဒုတိယအနေဖြင့်ပိုတက်စီယမ်ဆာလ်ဖိတ်ဖြစ်ပြီး ပိုတက်စီယမ်ကလိုရိုဒ်မှာအညံ့ဆုံးဖြစ်သည်။ ထို့ကြောင့်ရာသီဥတုပြောင်းလဲခြင်းကို ရင်ဆိုင်ဖြေရှင်းရာတွင် ပိုတက်စီယမ်ဓါတ်မြေဩဇာများ၏ အာနိသင်ကွာခြားမှုကို စိုက်ပျိုးသူများအနေဖြင့် သတိပြုသင့်သည်။ မြူးရီယိတ်အော့ဖ်ပိုတက်တွင် ပါဝင်သော ကလိုရင်းအဆိပ်သင့်မှုကို လျှော့ချရန် ကယ်လ်စီယမ်မြေဩဇာများကို အသုံးပြုကြသည်။ ကလိုရင်းပါသော အခြားဓါတ်မြေဩဇာများကိုလည်း ရှောင်ကြသည်။ 

    လူနှင့်တိရစ္ဆာန်များအတွက် ပိုတက်စီယမ် 

    ရာသီဥတုပြောင်းလဲခြင်းဒါဏ်ကို စိုက်ပျိုးသီးနှံများသာမက လူနှင့်တိရစ္ဆာန်များလည်းခံစားရသည်။ ပိုတက်စီယမ်ချို့တဲ့မှုကြောင့် (သို့မဟုတ်) ပိုတက်စီယမ်ချို့တဲ့သော စိုက်ပျိုးရေးထွက်ကုန်များကို စားသုံးသော လူနှင့် တိရစ္ဆာန်များ၏ ကျန်းမာရေးကို ကြီးမားစွာထိခိုက်စေသည်။ ပိုတက်စီယမ်မှာ လူနှင့်တိရစ္ဆာန်တို့၏ ခန္ဓာကိုယ်ထဲတွင် ဆိုဒီယမ်(အိမ်သုံးဆား) နှင့် ၂း၁ ရှိရန် လိုအပ်ကြောင်း ဆေးပညာရှင်မျာ၏ သုတေသနအရ သိရှိရသည်။ အကယ်၍ ပိုတက်စီယမ်နှင့်ဆိုဒီယမ်အချိုးမှာ ၂း၁ မဟုတ်ဘဲ ဆိုဒီယမ်က လိုအပ်သည်ထက်များလာပါက သွေးတိုးရောဂါဖြစ်စေပါသည်။ အာရုံကြောများ၊ကြွက်သားများနှင့် နှလုံးခုန်ခြင်းကိုပါထိခိုက်စေသည်။ သာမန်လူတစ်ယောက်၏ ခန္ဓာကိုယ်တွင် ပိုတက်စီယမ် ဂရမ် ၁၂၀ ရှိရန်လိုအပ်သည်။ အကယ်၍ လူနှင့် တိရစ္ဆာန်များအနေဖြင့် ပိုတက်စီယမ်ကိုလုံလောက်စွာစားသုံးရပါက ရာသီဥတုပြောင်းလဲခြင်းဒါဏ်ကို ပို၍ခံနိုင်ရည်ရှိမည်ဖြစ်သည်။ သီးနှံအမျိုးအစားပေါ်လိုက်၍ ၎င်းတို့အတွင်းပါဝင်သော ပိုတက်စီယမ်ပမာဏ မတူကြပေ။ 

    ဦးဖရက်သိန်းဖေ ပိုတက်စီယမ်မြေဩဇာ အသုံးပြုရန် လိုအပ်ခြင်းအကြောင်း 

    စိုက်ခင်း၏ မြေဆီလွှာအတွင်းတွင်ရှိနေသော ပိုတက်စီယမ်အနည်းငယ်ကိုသာ သီးနှံပင်များအနေဖြင့် စုပ်ယူစားသုံးနိုင်သည်။ ထိုသို့စားသုံးနိုင်သော ပိုတက်စီယမ်တို့မှာ မြေဆီလွှာမြေတွင် ပျော်ဝင်ပြီးသော ပိုတက်စီယမ်များသာြဖစ်သည်။ ထိုသို့ရောပျော်ပြီးသော ပိုတက်စီယမ် (သို့မဟုတ်) အပင်များကချက်ချင်းစားသုံးနိုင်သော ပိုတက်စီယမ်ပမာဏမှာ အပင်များက လိုအပ်သောပမာဏထက် များစွာလျော့နည်းနေသည်။ မြေဆီလွှာအတွင်းရှိနေသော အခြားပိုတက်စီယမ်များမှာ အပင်များကစားသုံးနိုင်သော ရေပျော်အဆင့်သို့ရောက်ရန် အချိန်အတန်ကြာလိုအပ်သည်။ထိုသို့ချက်ချင်းမစားသုံးနိုင်သော ပိုတက်စီယမ်များမှာ စားသုံးနိုင်သော ရေပျော်အဆင့်သို့ရောက်ရန်မှာ အချိန်လိုအပ်ခြင်း၊ပျော်ဝင်လာသော ပိုတက်စီယမ်ပမာဏထက် အပင်၏လိုအပ်မှုများစွာ ပိုနေခြင်းကြောင့် အခက်ကြုံရသည်။ ဤအခြေအနေတွင် ပိုတက်စီယမ်မြေဩဇာများကို အသုံးပြုခြင်းက အမှန်ကန်ဆုံးနှင့် အကောင်းဆုံးလုပ်ရပ်ဖြစ်သည်။ဒုတိယကမ္ဘာစစ်ကြီးပြီးစအချိန်အထိ ပိုတက်စီယမ်မြေဩဇာသုံးစွဲခြင်းကို အလေးမထားမိခဲ့ပေ။ ဓါတ်မြေဩဇာလုပ်ငန်းများတွင် နိုက်ထရိုဂျင်မြေဩဇာများကိုသာ အလေးထားသုံးစွဲလာကြသည်။ 

    ဓါတ်မြေဩဇာများအသုံးပြုရာတွင် မြေဆီလွှာကိုဓါတ်ခွဲခြင်း၊ကွန်ပြူတာများအသုံးပြု၍ အသုံးပြုရမည့်ပမာဏကို တိကျစွာမတွက်ချက်နိုင်သေးခင်ကာလများက မြေဩဇာအသုံးပြုမှုမှာ ပူးတွဲဆီနွှယ်စီမံအသုံးချမှု Integrated Fertilizer Management မရှိခဲ့ပေ။ ၁၉၉၅ ခုနှစ်လွန်သွားသောအခါမှ ထိုစနစ်ဖြင့်အသုံးပြုလာသောအခါ ဓါတ်မြေဩဇာအသုံးပြုမှု ပမာဏ လျော့ကျသွားသည်။ ဓါတ်မြေဩဇာလေလွင့်မှုလျှော့ချနိုင်ခြင်းကြောင့်ဖြစ်သည်။ ပိုတက်စီယမ်ဓါတ်မြေဩဇာအသုံးပြုရာတွင်လည်း မြေဆီလွှာမှ အပင်များက စုပ်ယူစားသုံးသောပမာဏနှင့် လိုက်လျောညီထွေသောပမာဏကိုသာ ထပ်ကျွေးရန်လိုအပ်သည်။ အကယ်၍ နိုက်ထရိုဂျင်သော်လည်းကောင်း၊ ဖော့ဖရပ်စ်သည်လည်းကောင်း လိုအပ်သည်ထက်ပိုပါက သီးနှံအား ဆိုးကျိုးဖြစ်စေသော်လည်း ပိုတက်စီယမ်မှာကား ထိုသို့မဖြစ်ပေ။ သို့သော် မလိုဘဲ ပိုသုံးလျှင် စီးပွားရေးဆုံးရှုံးမှုဖြစ်စေသည်။ 


    ပိုတက်စီယမ်သည် အရွက်မှဆဲလ်များကို တင်းကာစေခြင်းကြောင့် အရွက်များပြန့်ကားခြင်း၊ပိုမိုထောင်မတ်ခြင်းကြောင့် အလင်းရောင်ပိုရရှိပြီး အဆုံးတွင် အလင်းမှီအစာဖွဲ့ခြင်းကို တိုးစေသည်။ ပိုတက်စီယမ်သည် အပင်များအား အခြားသောအဟာရဒြပ်စင်များကို ပိုမိုစုပ်ယူရန် အားပေးသည်။ အဆုံးတွင် အထွက်တိုးစေသည်။ ပိုတက်စီယမ်သည် ရေကို အပင်အတွင်း ထိန်းသိမ်းသိုမှီးရာတွင် အထောက်အကူဖြစ်စေသောကြောင့် အပင်အားရေငတ်ဒါဏ်မှကာကွယ်ပေးသည်။ ပိုတက်စီယမ်သည် အပင်၏ လေပေါက်ငယ် (Stoma) များ၏ အဖွင့်၊အပိတ်ကို ထိန်းချုပ်နိုင်ခြင်းကြောင့် အပင်မှ ရေဆုံးပါးမှုကို စတိုမာများပိတ်ခြင်းဖြင့် ကာကွယ်နိုင်သည်။ 

    ပိုတက်စီယမ်သည် အပင်များအတွင်းမှ ရေဆုံးပါးမှုကို ကာကယ်နိုင်သဖြင့် အသက်ရှင်စဉ်သာမက ခူးဆွတ်ပြီးစအပင်များ လွယ်ကူစွာ မနွမ်းဘဲ တာရှည်စွာ လန်းဆန်းစေနိုင်သည်။ ပိုတက်စီယမ်သည် အပင်များအား ရုပ်ပိုင်းဆိုင်ရာ ခိုင်ခံ့၍ အထောက်အကူဖြစ်စေသဖြင့် ရာသီဥတုပြင်းထန်သော ဝန်းကျင်တွင် လွယ်ကူစွာထိခိုက်မှုမဖြစ်စေပါ။ 

    ပိုတက်စီယမ်မြေဩဇာများ 

    အထင်ရှားဆုံးသော ပိုတက်စီယမ်ပါဝင်သည့် ဓါတ်မြေဩဇာ(Potassium Carrier) သုံးမျိုးမှာ ပိုတက်စီယမ်နိုက်ထရိုက်(NOP)၊ပိုတက်စီယမ်ဆာလ်ဖိတ်(Sulphate of Potassium SOP) နှင့် မြူးရီယိတ်အော့ဖ် ပိုတက် Muriate of Potassium MOP) တို့ဖြစ်သည်။ ထိုပိုတက်ဓါတ်မြေဩဇာသုံးမျိုးအနက် ပိုတက်စီယမ်နိုက်ထရိုက်မှာ အကောင်းဆုံးဖြစ်ပြီး ဒုတိယအနေဖြင့်ပိုတက်စီယမ်ဆာလ်ဖိတ်ဖြစ်ပြီး ပိုတက်စီယမ်ကလိုရိုဒ်မှာအညံ့ဆုံးဖြစ်သည်။ ထို့ကြောင့်ရာသီဥတုပြောင်းလဲခြင်းကို ရင်ဆိုင်ဖြေရှင်းရာတွင် ပိုတက်စီယမ်ဓါတ်မြေဩဇာများ၏ အာနိသင်ကွာခြားမှုကို စိုက်ပျိုးသူများအနေဖြင့် သတိပြုသင့်သည်။ မြူးရီယိတ်အော့ဖ်ပိုတက်တွင် ပါဝင်သော ကလိုရင်းအဆိပ်သင့်မှုကို လျှော့ချရန် ကယ်လ်စီယမ်မြေဩဇာများကို အသုံးပြုကြသည်။ ကလိုရင်းပါသော အခြားဓါတ်မြေဩဇာများကိုလည်း ရှောင်ကြသည်။ 

    လူနှင့်တိရစ္ဆာန်များအတွက် ပိုတက်စီယမ် 

    ရာသီဥတုပြောင်းလဲခြင်းဒါဏ်ကို စိုက်ပျိုးသီးနှံများသာမက လူနှင့်တိရစ္ဆာန်များလည်းခံစားရသည်။ ပိုတက်စီယမ်ချို့တဲ့မှုကြောင့် (သို့မဟုတ်) ပိုတက်စီယမ်ချို့တဲ့သော စိုက်ပျိုးရေးထွက်ကုန်များကို စားသုံးသော လူနှင့် တိရစ္ဆာန်များ၏ ကျန်းမာရေးကို ကြီးမားစွာထိခိုက်စေသည်။ ပိုတက်စီယမ်မှာ လူနှင့်တိရစ္ဆာန်တို့၏ ခန္ဓာကိုယ်ထဲတွင် ဆိုဒီယမ်(အိမ်သုံးဆား) နှင့် ၂း၁ ရှိရန် လိုအပ်ကြောင်း ဆေးပညာရှင်မျာ၏ သုတေသနအရ သိရှိရသည်။ အကယ်၍ ပိုတက်စီယမ်နှင့်ဆိုဒီယမ်အချိုးမှာ ၂း၁ မဟုတ်ဘဲ ဆိုဒီယမ်က လိုအပ်သည်ထက်များလာပါက သွေးတိုးရောဂါဖြစ်စေပါသည်။ အာရုံကြောများ၊ကြွက်သားများနှင့် နှလုံးခုန်ခြင်းကိုပါထိခိုက်စေသည်။ သာမန်လူတစ်ယောက်၏ ခန္ဓာကိုယ်တွင် ပိုတက်စီယမ် ဂရမ် ၁၂၀ ရှိရန်လိုအပ်သည်။ အကယ်၍ လူနှင့် တိရစ္ဆာန်များအနေဖြင့် ပိုတက်စီယမ်ကိုလုံလောက်စွာစားသုံးရပါက ရာသီဥတုပြောင်းလဲခြင်းဒါဏ်ကို ပို၍ခံနိုင်ရည်ရှိမည်ဖြစ်သည်။ သီးနှံအမျိုးအစားပေါ်လိုက်၍ ၎င်းတို့အတွင်းပါဝင်သော ပိုတက်စီယမ်ပမာဏ မတူကြပေ။ 

    ဦးဖရက်သိန်းဖေ 


  • article
likes18comments0
views1833