cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

စားအုန်းဆီ အခြေခံဈေးနှုန်း ဆက်တိုက် မြင့်တက်နေ

. Market Price
အချို့ နေရာဒေသများ တွင် အချိန် ၁၀ ပုံးပါ စျေး ၆၈၀၀၀ မှ ၇၀၀၀၀ ကျော်ထိ ရောင်းချနေကြောင်း သိရပြီး နေရာဒေသအလိုက် စျေးနှုန်းများ ကွာဟနိုင်သည်။
  • အခြေခံလူတန်းစားများ အဓိက ဝယ်ယူသုံးစွဲနေသည့် စားအုန်းဆီ အခြေခံဈေးနှုန်း ဆက်တိုက်မြင့်တက်နေ ကြောင်း ဆီလုပ်ငန်းရှင်နှင့် စားသုံးသူများ ထံမှ သိရသည်။

    စားအုန်းဆီ အဓိကတင်သွင်းနေသည့် မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံများတွင် စျေးနှုန်းမြင့်တက် နေခြင်းကြောင့် အဆိုပါနိုင်ငံများ၏ ဈေးကွက်နှင့် ဈေးနှုန်းများ အပေါ် တွက်ချက်ကာ ပြည်တွင်း၌ ပြန်လည်ရောင်းချနေရခြင်းကြောင့် ပြည်တွင်းစျေးပါ မြင့်တက်နေရခြင်း ဖြစ်ကြောင်း သိရသည်။

    အခြေခံ ရည်ညွှန်းစျေး မှာ ဇန်နဝါရီလ အစ က တစ်ပိဿာကို၄၉၅၅ ကျပ် သာရှိခဲ့ရာ မှ လ အလယ်ပိုင်း တွင်း တစ်ပိဿာကို ၅၂၅၀ မှတဆင့် အခု စတုတ္ထအပတ်တွင် တစ်ပိဿလျှင် ၅၃၈၀ အထိ ဆက်တိုက် ဆိုသလိုစျေးနှုန်း များ မြင့် တက်ခဲ့ခြင်း ကြောင်းစားသုံးဆီတင်သွင်း သိုလှောင် ဖြန်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ မှ သိရသည်။

    “ အခု ရန်ကုန် သင်္ဃန်းကျွန်း မြို့နယ်က ခွဲတမ်းရတဲ့ ဆိုင်တွေ မှာ ကဒ်စနစ်နဲ့ ရောင်း ပေးတာတွေ့ရတယ်။ တစ်ယောက်ကိုတစ်ကဒ် နှုန်း နဲ့ တစ်ပိဿာ ကို ၆၀၀၀ ဆိုပြီး ရောင်းပေးနေတယ် ။ ဆီကုန် လို့ ထပ်သွားဝယ်တာ ကဒ်မပါလဲ ၆၀၀၀ နှုန်း နဲ့ အခု ရောင်းပေးနေတယ်။” ဟု သင်္ဃန်းကျွန်း မြို့နယ် နေ စားသုံးသူတစ်ဦး ကပြောသည်။

    လက်ရှိ အချို့ ဆိုင်များ အနေဖြင့် စာအုန်းဆီ တစ်ပိဿာလျှင် ၆၄၀၀ မှ ၆၅၀၀ကျပ် နှုန်း ဖြင့် ရောင်း ချလျက်ရှိ ကြောင်း သိရသည်။

    ထို့အပြင် အချို့ နေရာဒေသများ တွင် အချိန် ၁၀ ပုံးပါ စျေး ၆၈၀၀၀ မှ ၇၀၀၀၀ ကျော်ထိ ရောင်းချနေကြောင်း သိရပြီး နေရာဒေသအလိုက် စျေးနှုန်းများ ကွာဟ နိုင်သည်။

    “ လအစ နဲ့ယှဉ်ရင် အခြေခံ ရည်ညွန်းစျေး ၄၀၀ ကျော် တက်သွားတယ်။ ဆီတင်သွင်းတဲ့ နိုင်ငံတွေ မှာ ဆီ အထွက်နှုန်းနည်းလာသလို တင်သွင်း လို့ရတဲ့ ပမာဏကလဲ နည်းလာတယ်။ ဒေါ်လာစျေးလဲ တက်တော့ နိုင်ငံတကာ စျေး ကလဲ တက်မယ်။ အဲ့တော့ ပြည်တွင်း စျေးတက်နေရတာ “ ဟု ဆီလုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။

    လက်ရှိ ဆီစျေးကွက်တွင် စာအုန်းဆီ အပြင် ပြည်တွင်းထုတ်ကုန်ဖြစ်သည့် နှမ်းဆီ ၊မြေပဲဆီ စျေးနူန်းများ မှာ လည်း အမြင့်စျေးတွင် ရှိနေပြီး နေကြာဆီ၊ ဟင်းသီးဟင်းရွက်ဆီ၊ ပဲပိစပ်ဆီစျေးများလည်း မြင့်တက်လျက်ရှိသည်။

    စားသုံးဆီတင်သွင်း သိုလှောင် ဖြန်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ အနေဖြင့်စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ် နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ၊ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်ကာ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းများ အား ထုတ်ပြန်လျက်ရှိကြောင်းသိရသည်။

    စားအုန်းဆီအား ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

    စားအုန်းဆီ အဓိကတင်သွင်း နေသည့် မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့မှ ပြည်ပတင်ပို့မှုခွင့်ပြုသည့် ပမာဏကို လျော့ချထားခြင်းကြောင့် တင်သွင်းသူများမှ ပြည်တွင်း လက်လီ၊လက်ကား အရောင်းဆိုင်များ ဆီသို့ အကန့်သတ်ဖြင့်သာ ဖြန့်ဖြူးနေရခြင်း ဖြစ်ကြောင်း ဆီလုပ်ငန်းရှင် တစ်ချို့က သုံးသပ်ကြသည်။

    ပြည်တွင်း၌ စားအုန်းဆီသုံးစွဲမူ တစ်နှစ်လျှင် တန်ချိန် ၁၀သိန်းကျော် အထိရှိသောကြောင့် နှစ်စဉ်တန်ချိန် ၆သိန်း မှ ၇ သိန်အား တင်သွင်းနေရခြင်း ဖြစ်သည်။

    ဖိုးချဲ(AMIA)

    -------------------------------------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes7comments0
views1614