cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

နွယ်မြက်သစ်ပင် ဆေးဖက်ဝင် ကြက်သွန်နီစားသုံးမှုနှင့် ကျန်းမာရေး

. Health Articles
ကြက်သွန်နီသည် လေသလိပ်၊ ချောင်းဆိုးခြင်းနှင့် အော့အန်ခြင်းကိုပျောက်ကင်းစေပြီး ခွန်အားတိုးစေသည်ဟု ဆေးကျမ်း များက ဖွဲ့ဆိုထားကြပါသည်။ ကြက်သွန်နီဥကို အမောအပန်းခံ နိုင်စေရန်၊ ဆီးရောဂါများကင်းရှင်းစေရန်အတွက် ထမင်းစား သည့်အခါ အစိမ်းလိုက်စားကြသလို အချဉ်ထည့်ပြီးလည်းစားကြပါသည်။ အချို့ဆီးမထိန်းနိုင်သူများ ဆီးပူညောင်းကျ ဖြစ်သူများသည် ကြက်သွန်နီဥပြုတ်ရေကိုသောက်သုံးပါက ပျောက်ကင်းစေပါသည်။
  • ကြက်သွန်နီမှာ လူတိုင်း နေ့စဉ်စားသုံးနေသော အစားအစာတို့တွင် မပါမပြီး အလွန်အရေးပါသော စားဖိုဆောင်သီးနှံ တစ်မျိုး ဖြစ်ပါသည်။ ဟင်းလျာများကို အနံ့အရသာကောင်းမွန်စေရုံသာမက စားသုံးသူတို့၏ ကျန်းမာရေးကိုလည်း အထောက်အကူ ဖြစ်စေပါသည်။ ကြက်သွန်နီကို မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတစ်ဝှမ်းမှာပါ တွင်တွင်ကျယ်ကျယ်အသုံးပြုလျက်ရှိကြသည်။ ၎င်းကို အလွယ်တကူဝယ်ယူရရှိနိုင်ပြီး အစာအာဟာရအနေဖြင့်သာမက အစွမ်းထက်မြတ်မှုရှိသော ဆေးဖက်ဝင် ကြက်သွန်နီ ဖြစ်ပါသည်။

    ကြက်သွန်နီသည် ပိဋကတ်တော်လာ ဆေးဖက်ဝင်အပင်ထဲတွင် တစ်မျိုးအပါအဝင်ဖြစ်ပြီး မြတ်စွာဘုရားလက်ထက်တော် ကတည်းက ရဟန်း၊ ဘိက္ခူနီတို့ကိုလှူဒါန်းအပ်သော လှူဖွယ်စားပင်၊ ဆေးပင်များအဖြစ် ၎င်းကို ထင်ရှားစွာသုံးစွဲခဲ့ကြသည်။ ကြက်သွန်နီ၏ ရုက္ခဗေဒအမည်မှာ Allium Cepto ဖြစ်ပြီး Liaceae ဆိုသော နှင်းပန်းမျိုးရင်းပင်ဖြစ်ပါသည်။ အင်္ဂလိပ်လို ကတော့ Onion ဖြစ်ပါသည်။ ကြက်သွန်နီသီးနှံသည် ကမ္ဘာပေါ်မှာ မျိုးစိတ်ပေါင်းများစွာရှိပြီး အရောင်အပေါ်မူတည်ပြီး ခွဲထားတဲ့ မျိုးစိတ်(၃)မျိုးကို လူအများသိရှိကြသည်။ အနီရောင်ဥ (အနီမျိုး)၊ အဖြူရောင်ဥ (အဖြူမျိုး)၊ အဝါရောင်ဥ (အဝါမျိုး) ဖြစ်ပါသည်။ (၃)မျိုးထဲမှ ဆေးဖက်ဝင်အာနိသင်အကောင်းဆုံးဥမှာ အနီမျိုးဖြစ်ပြီး အနီရောင်ရင့်လေ အာနိသင် ပိုကောင်းလေ ဖြစ်ကြောင်း ရှေးမှတ်တမ်းများအရ လေ့လာသိရှိရပါသည်။

    ကြက်သွန်နီပေါ်ပေါက်လာပုံနှင့် စားသုံးမှု

    ကြက်သွန်နီကို လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာကပင် လူသားတို့စားသုံးလာခဲ့ကြသည်။ ရှေးဟောင်းသုတေသနဆိုင်ရာ ခိုင်လုံသောအထောက်အထားများအရ လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင်ကျော်က အီဂျစ်ပြည်တွင် ကြက်သွန်နီစတင် စိုက်ပျိုး ခဲ့ကြောင်း အထောက်အထားများအရသိရှိရသည်။ ရှေးခေတ်အီဂျစ်လူမျိုးများသည် ကြက်သွန်နီ၏ လုံးဝန်းကျစ်လစ်သော ပုံပန်းနှင့် အလွှာအထပ်ထပ်ရှိနေခြင်းကြောင့် အသက်ရှည်စေသည်ဟုယုံကြည်ကာ ကြက်သွန်နီကို အလေးထားသုံးစွဲခဲ့ ကြသည်။ အရှေ့တိုင်းသားများက ကြက်သွန်နီကို ဟင်းထဲထည့်ချက်စားသည့်အပြင် ပါးပါးလှီး၍ လတ်လတ်ဆတ်ဆတ် အစိမ်းစားကြသော်လည်း ဥရောပတိုင်းသားများကမူ ဟင်းထဲတွင်သာထည့်ချက်၍ စားလေ့ရှိကြသည်။ ကြက်သွန်နီမျိုး ပေါ်မူတည်၍ အချို၊ အစပ်၊ အမွှေး၊ အရသာအစုံရှိသည်။ ဩစတြေးလျနိုင်ငံတွင် အရန်ဟင်းခတ်အမွှေးအကြိုင်အဖြစ် ငါးဟင်းတွင်ထည့်သုံးကြသည်။ ဗြိတိန်တွင် ဒိန်ခဲ(Cheese)နှင့်ရောနှယ်၍ သနပ်ပြုလုပ်စားလေ့ရှိသည်။ အီလန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေရှ့်၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်နှင့် ပါကစ္စတန်တို့တွင် နေ့စဉ်စားသုံးသော အခြေခံအစားအစာအဖြစ် သတ်မှတ်ထားကြောင်းသိရှိရသည်။

    မြန်မာနိုင်ငံတွင် ကြက်သွန်နီအား ရှေးပဝေသဏီကပင် စိုက်ပျိုးစားသုံးခဲ့ကြောင်းသိရှိရပါ သည်။ ကြက်သွန်နီမှာ (၁၉၅၈၊ ၁၉၅၉) ခုနှစ်ခန့်တွင် ပြည်တွင်းစားသုံးရန် ဖူလုံမှုမရှိသဖြင့် ၎င်းကို ပြည်ပမှ မှာယူတင်သွင်းခဲ့ရပါသည်။ (၁၉၆၂)ခုနှစ်မှစ၍ ပြည်တွင်းတွင် စိုက်ပျိုးထုတ်လုပ်မှုများလာကြရာ စားသုံးမှုဖူလုံလာပြီး နေ့စဉ်စားသုံးသော အခြေခံအစားအစာအဖြစ် စားသုံးကြပါသည်။

    ကြက်သွန်နီသီးနှံသည် ဟင်းချက်ရန်တစ်ခုတည်းမဟုတ်ဘဲ အခြားနေရာများတွင်လည်း ကျန်းမာရေးအတွက် အသုံးဝင် လျက်ရှိသည်။ ကြက်သွန်နီအခွံမှစ၍ ကြက်သွန်မြိတ်၊ ကြက်သွန်ဥအထိ အားလုံးကိုအသုံးပြုနိုင်ပါသည်။ ကြက်သွန်နီကို အစိမ်းသုပ်စား၍ရသလို ဟင်းချက်ရာတွင် ထည့်ပေးခြင်းဖြင့်လည်း မွှေးပျံ့တဲ့ရနံ့ကိုရရှိစေပြီး အသားဟင်းတွေရဲ့ အညှီနံ့ ကိုလည်း ပျောက်စေပါသည်။ ကမ္ဘာပေါ်ရှိ လူမျိုးပေါင်းစုံတို့သည် ကြက်သွန်နီကို ဥအပြင် ကြက်သွန်မြိတ်ကို လည်းစားသုံးကြသည်။ ကြက်သွန်မြိတ်ကို စားသုံးပေးခြင်းဖြင့်လည်း အရွက်တွင် ဗီတာမင်အေပြည့်ဝစွာပါရှိခြင်းကြောင့် ကျန်းမာရေးအတွက် အထောက်အကူဖြစ်၍ မကြာခဏစားသုံးပေးကြပါသည်။ ယခုအခါတွင် ကြာရှည်ခံအောင် အအေးခံ၍လည်းကောင်း၊ ရေစစ်အခြောက်ခံပြီး အမှုန့်ပြုလုပ်၍လည်း သိုလှောင်ထိန်းသိမ်း၍ အချိုမှုန့်အစားထိုးအသုံးပြု၍ စားသုံးလျက်ရှိကြသည်။

    ဆေးဖက်ဝင်ကြက်သွန်နီ

    ကြက်သွန်နီသည် အနံ့စူးရှသော၊ ချို၍မွှန်စပ်သော ဟင်းခတ်ဥပင်တစ်မျိုးဖြစ်သည်။ အစေ့ကိုပျိုးထောင်၍ စိုက်သော ကြက်သွန်နှင့် ကြက်သွန်ဥသေးများကို မြေတွင်ချစိုက်သော အမြိတ်ထောင်ကြက်သွန်ဟူ၍ နှစ်မျိုးရှိပါသည်။ ကြက်သွန်နီဥ နှစ်မျိုးစလုံးမှာ ဆေးဖက်ဝင်ပင်ဖြစ်သော်လည်း အစေ့ပျိုးထောင်၍စိုက်သော ကြက်သွန်နီဥမှာ ပို၍ဆေးစွမ်းထက်မြက် ကြောင်းသိရှိရသည်။

    ကြက်သွန်နီစားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်၏ ဗီတာမင်ဆီဓာတ်ကို မြှင့်တင်ပေးခြင်းဖြစ်သည့်အတွက် ချောင်းဆိုးခြင်း၊ ဖျားနားခြင်းနှင့် အအေးမိခြင်းကို ခုခံကာကွယ်ပေးနိုင်သည်။ ဦးနှောက်၏အကြောများကို ဖွံ့ဖြိုးစေခြင်းဖြစ်၍ မှတ်ဉာဏ် ပိုမိုကောင်းစေပါသည်။ ထို့ပြင် ရင်ကြပ်ရောဂါကုသရာမှာလည်း ကြက်သွန်နီကို အသုံးပြုနိုင်သည်။ အူမကြီးကင်ဆာ၊ ဦးနှောက် ကင်ဆာနှင့်လည်ချောင်း ကင်ဆာတို့အတွက်လည်းအရေးပါတဲ့ အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်ပါသည်။ ကြက်သွန်နီကို နေ့တိုင်း အစိမ်းလိုက်စားသုံးပေးခြင်းဖြင့် ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကိုလျှော့ချပေးခြင်း၊ နှလုံးအားကောင်းစေခြင်း၊ ကောင်းစွာအိပ်စက်အနားယူနိုင်ခြင်း၊ အစာအဆိပ်သင့်ခြင်းမှကာကွယ်ပေးခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်ပါသည်။ ကြက်သွန်နီသတ္တုရေသည် အင်ဆူလင်ဓာတ်ချို့တဲ့သော ဆီချိုသွေးချိုလူနာများတွင် သွေးတွင်းသကြားဓာတ်ကိုလျော့ချစေပြီး ဆီချိုရောဂါအတွက် ကြက်သွန်နီကိုစားသုံးပေးခြင်းဖြင့် ကုသမှုကို ထိရောက်စေသော အကျိုးကျေးဇူးများကိုရရှိစေပါသည်။

    ကြက်သွန်နီသည် လေသလိပ်၊ ချောင်းဆိုးခြင်းနှင့် အော့အန်ခြင်းကိုပျောက်ကင်းစေပြီး ခွန်အားတိုးစေသည်ဟု ဆေးကျမ်း များက ဖွဲ့ဆိုထားကြပါသည်။ ကြက်သွန်နီဥကို အမောအပန်းခံ နိုင်စေရန်၊ ဆီးရောဂါများကင်းရှင်းစေရန်အတွက် ထမင်းစား သည့်အခါ အစိမ်းလိုက်စားကြသလို အချဉ်ထည့်ပြီးလည်းစားကြပါသည်။ အချို့ဆီးမထိန်းနိုင်သူများ ဆီးပူညောင်းကျ ဖြစ်သူများသည် ကြက်သွန်နီဥပြုတ်ရေကိုသောက်သုံးပါက ပျောက်ကင်းစေပါသည်။ ဆီးချုပ်တတ်သော ကလေး၊ လူကြီးများ သည် ကြက်သွန်နီဥအနေတော်ကို မီးဖုတ်၍ ဓားဖြင့် ထပ်ခြမ်းခွဲကာ ကြက်သွန်နီပူပူနွေးနွေးကို ဆီးအိမ်ပေါ်တင်ပေးပါက ချက်ချင်းပျောက်ကင်းစေပါသည်။ ကြက်သွန်နီကို ထန်းလျက်နှင့်ကြော်စားခြင်းဖြင့် ဝမ်းကိုက်ရောဂါကို ပျောက်ကင်းစေသည့် ကျန်းမာရေးအကျိုးကျေးဇူးများရရှိစေပါသည်။

    ကြက်သွန်နီသည် လူများအတွက်သာ ဆေးဖက်ဝင်သည်မဟုတ်ဘဲ ကျွဲ၊ နွား၊ မြင်း စသည့်တိရိစ္ဆာန်များအတွက်လည်း ဆေးဖက်ဝင်လျက်ရှိပါသည်။ တိရိစ္ဆာန်များတွင် ဖြစ်လေ့ရှိသော ဝဲရောဂါ၊ ဆီးချုပ် ဝမ်းချုပ်၊ အကြိတ်ရောင်ရောဂါ၊ ခွာနာလျှာနာရောဂါများကိုလည်းပျောက်ကင်းစေပါသည်။ သို့ဖြစ်ပါ၍ ကြက်သွန်နီသည် သာမန်စားသုံးရသောဥမဟုတ်ဘဲ လွန်စွာအဖိုးထိုက်တန်လှသော ဆေးဖက်ဝင်ကြက်သွန်နီဥဖြစ်၍ မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတစ်ဝှမ်းမှာပါ တွင်ကျယ်စွာ အသုံးပြုလျက်ရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

    DOCA (မကွေး)

    Source: https://www.doca.gov.mm/my/node/16998

    ----------------------------

    မွေးမြူရေးဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://htwettoe.com/download လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။


  • article
likes10comments1
views1711