cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ပဲမြစ်ဖုဇီဝမြေဩဇာ(Rhizobium)၏ အကျိုးကျေးဇူး

. Plant Nutrition
ပဲမြစ်ဖုဇီဝမြေဩဇာဆိုသည်မှာလေထဲမှနိုက်ထရိုဂျင်ဖမ်းယူနိုင်သောဘက်တီးရီးယား(Rhizobium)များသည်ပဲမျိုးရင်းဝင်အပင်များ၏ အမြစ်များတွင်ပဲမြစ်ဖုများကို ဖြစ်ပေါ်စေပြီး အပင်ကြီး ထွားမှုကိုအားပေးသည့် ဇီဝမြေဩဇာဖြစ်သည်။
  • ပဲမြစ်ဖုဇီဝမြေဩဇာဆိုသည်မှာလေထဲမှနိုက်ထရိုဂျင်ဖမ်းယူနိုင်သောဘက်တီးရီးယား(Rhizobium)များသည်ပဲမျိုးရင်းဝင်အပင်များ၏ အမြစ်များတွင်ပဲမြစ်ဖုများကို ဖြစ်ပေါ်စေပြီး အပင်ကြီး ထွားမှုကိုအားပေးသည့် ဇီဝမြေဩဇာဖြစ်သည်။

    စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ပဲမြစ်ဖု ဇီဝမြေသြဇာထုတ်လုပ်ရာတွင် ပဲတီစိမ်း၊ မတ်ပဲ၊ မြေပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲပုတ်၊ ပဲလွမ်းစသည့် ပဲ(၇)မျိုးအတွက် သီးခြားစီထုတ်လုပ်ထားပြီး တောင်သူများကို ဖြန့်ဝေပေးလျက်ရှိပါသည်။ တစ်ထုပ်လျှင် အလေးချိန် (၁၅၀ ဂရမ်)ပါဝင်ပြီး တစ်ဧကအတွက် ပဲမြစ်ဖုဇီဝမြေဩဇာ(၁-၂)ထုပ်နှုန်း အသုံးပြုနိုင်ပါသည်။ တစ်ထုပ်လျှင်(၁၀၀၀) ကျပ်နှုန်းဖြင့် ဝယ်ယူအသုံးပြုနိုင်ပါသည်။

    ပဲမြစ်ဖု ဇီဝမြေဩဇာကို အသုံးပြုရာတွင် တစ်ဧကစာအတွက် လိုအပ်သော မျိုးစေ့နှင့် ဇီဝ မြေဩဇာ(၂)ထုတ်ကို လူးနယ်၍ ရေကိုအပေါ်မှ စိုစွတ်ရုံ ဖျန်းပေးပြီး နှံ့စပ်အောင်နယ်ပါ။ မျိုးစေ့ကို လူးနယ်ပြီး ချက်ချင်းစိုက်၍ မြေဖုံးပါ။ လူးနယ်ခြင်းကို အရိပ်အောက်တွင် ဆောင်ရွက်ပါ။

    ပဲမြစ်ဖု ဇီဝမြေဩဇာကို အသုံးပြုခြင်းသည် ပဲပင်အတွက်လိုအပ်သော နိုက်ထရိုဂျင်ကို စျေး နှုန်းချိုသာစွာဖြင့် ဖြည့်ဆည်းပေးနိုင်ခြင်း၊ မြေမှ နိုက်ထရိုဂျင်လျော့ပါးမှုကို ကာကွယ်ခြင်း၊ ပဲ အပြီး သီးထပ်စိုက်ပျိုးထားသော ဒုတိယသီးနှံ၏ အထွက်တိုးရေးကို သွယ်ဝိုက်အကျိုးပြုခြင်း၊ နိုက်ထ ရိုဂျင် မြေသြဇာအသုံးပြုရန် မလိုတော့သဖြင့် နိုက်ထရိုဂျင်မြေသြဇာကို အခြားသီးနှံများတွင် ပိုမို သုံးစွဲနိုင်ခြင်း၊ပဲမျိုးအလိုက်(၂၇- ၄၈)ရာခိုင်နှုန်းအထိအထွက်တိုးစေခြင်းစသည့်အကျိုးကျေးဇူး များရရှိနိုင်ပါသည်။

    Source: https://www.moali.gov.mm/en/node/294

    ----------------------------

    မွေးမြူရေးဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://htwettoe.com/download လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။


  • article
likes14comments0
views1714