cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

နွေစပါး၊ မိုးစပါး ၂ မျိုးလုံးတွင် ကျရောက်တတ်သော စပါးဆစ်ပိုး

. Pests Management
ဆစ်ပိုးရဲ့ ဘဝစက်ဝန်းအပြည့်အစုံနဲ့ ကာကွယ်နှိမ်နှင်းနည်းများအတွက် လင့်ကိုနှိပ်ပြီး လေ့လာနိုင်ပါတယ်။
  • ဆစ်ပိုးဟာ အရေးကြီးတဲ့ စပါးဖျက်ပိုးတစ်မျိုးဖြစ်ပါတယ်။ လယ်စပါး၊ ယာစပါး၊ ရေနက်စပါးတွေမှာ နေရာဒေသအနှံ့ကျရောက်နိုင်ပါတယ်။ မျိုးစိပ်များစွာ ရှိလို့ ကျရောက်မှု များပါတယ်။ သူ့ရဲ့ ဘဝသံသရာဟာ ဥ၊ လောက်ကောင်၊ ရုပ်ဖုံး၊ အကောင်ကြီး ဆိုပြီး အဆင့် ၄ဆင့်နဲ့ ပွားများပေါက်ဖွားကြပါတယ်။

    ဥကနေ ပေါက်လာတဲ့ ပိုးလောက်ကောင်ဟာ စပါးပင်စည်ထဲကို ဝင်ပြီး အစာကြော၊ ရေကြောတွေ ကိုက်ဖြတ်စားပါတယ်။ ဒါကြောင့် စပါးပင်ရဲ့ စောပိုင်းအဆင့်မှာ ကျရင် ခေါင်ညွှန့်သေတာတွေ၊ နောက်ပိုင်းအဆင့်မှာ ကျရင် ထွက်လာတဲ့ အနှံတွေ မအောင်တာ၊ နှံဖြူတာတွေ တွေ့ရနိုင်ပါတယ်။ အူပုပ်တာပါ ဖြစ်စေတတ်ပါတယ်။ စပါးနှံတစ်ခုလုံး အဆံမတည်ဘဲ ခြောက်သွားတာက စပါးပင်ရဲ့ ပိုးဖောက်ထားတဲ့ ပင်စည်ကို ခွဲကြည့်ရင် လောက်ကောင်ကို တွေ့ရပါမယ်။ ပင်စည်၊ ရွက်ဖုံး၊ အနှံအူတံတွေ ပြတ်ထွက်နေပါမယ်။

    ဆစ်ပိုးရဲ့ ဘဝစက်ဝန်းအပြည့်အစုံနဲ့ ကာကွယ်နှိမ်နှင်းနည်းများအတွက် ပုံကိုနှိပ်ပြီး လေ့လာနိုင်ပါတယ်။

    Video ကြည့်ပြီး ကြိုက်နှစ်သက်ပါက Like and Subscribe လုပ်ပေးကြပါအုံးခင်ဗျာ။

    https://youtu.be/ScY61OQ2-bU


  • article
likes14comments2
views1982