cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ထိုင်းနိုင်ငံမှ မြန်မာ့ဆေးရွက်ကြီး တစ်ကီလို ဘတ် ၂၅၀ အထိ ဈေးပေးဝယ်

. All News
မြန်မာနိုင်ငံ စိုက်ပျိုးထွက်ရှိတဲ့ ဆေးရွက်ကြီးတွေကို ထိုင်းနိုင်ငံက ဆေးဝါးထုတ်လုပ်တဲ့ နေရာတွေနဲ့ ဓာတ်မြေဩဇာထုတ်လုပ်တဲ့ နေရာတွေမှာ သုံးစွဲလေ့ရှိပါတယ်။
  • ကရင်ပြည်နယ်ထွက် တပိုင်တနိုင် စီးပွားရေးဖြစ်တဲ့ မြန်မာ့ဆေးရွက်ကြီး ဒေသအခေါ် ဓားလှီးဆေးတွေကို ထိုင်းနိုင်ငံက ဈေးကောင်းပေးဝယ်နေတယ်လို့ ဆေးရွက်ကြီးစိုက် တောင်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

    တစ်ဧကအထွက်နှုန်း ၃၂၄ ပိဿာအထိ ထွက်ရှိပြီး မြဝတီခရိုင်၊ စုကလိဒေသပေါက်ဈေးအနေနဲ့ တစ်ကီလိုဈေး ထိုင်းဘတ်ငွေ ၂၅၀ အထိ ဈေးကောင်းရရှိနေပါတယ်။

    “ဒီနှစ်မှာတော့ အရင်နှစ်ထက် ဈေးပိုရပါတယ်။ အရင်နှစ်ကတော့ လုပ်အားခဖယ်ပြီး တစ်ကီလိုဈေး ဘတ် ၂၀၀ ပေါ့ အခုနှစ်ကတော့ အလုပ်သမားခဖယ်ပြီး တစ်ကီလို ထိုင်းဘတ်ငွေ ၂၅၀ ရရှိတာကြောင့် တော်တော်လေး အဆင်ပြေတယ်”လို့ ဆေးရွက်ကြီးစိုက် တောင်သူတစ်ဦးက ပြောပါတယ်။

    ဆေးရွက်ကြီးပင်တွေကို မြစ်နားချောင်းနား ကမ်းနားတွေက သဲနုန်းမြေတွေပေါ်မှာ အစေ့ချစိုက်ပျိုးကြပြီး အပင်ပေါက်သက်တမ်း ၂ ပတ်ခန့်အကြာမှာ အပင်ပေါက်စုံပြီဖြစ်လို့ တစ်ပင်တစ်ကျင်းနှုန်း ပြောင်းရွှေ့စိုက်ပျိုးရတာပါ။

    အပင်သက်တမ်း ၆ လကနေ ၇ လအကြာတွင် ခူးဆွတ်လှီးဖြတ် အခြောက်ခံပြီး ဈေးကွက်ကို တင်ပို့ရောင်းချကြပါတယ်။

    မြန်မာနိုင်ငံ စိုက်ပျိုးထွက်ရှိတဲ့ ဆေးရွက်ကြီးတွေကို ထိုင်းနိုင်ငံက ဆေးဝါးထုတ်လုပ်တဲ့ နေရာတွေနဲ့ ဓာတ်မြေဩဇာထုတ်လုပ်တဲ့ နေရာတွေမှာ သုံးစွဲလေ့ရှိပါတယ်။

    ဆေးရွက်ကြီးကို မကွေး၊ မန္တလေး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့က ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ဘေးမှာရှိတဲ့ မြစ်ရေဝင်သော ကိုင်းကျွန်းမြေနုတွေမှာ ဒေသစီးပွားအဖြစ် အများဆုံးစိုက်ပျိုးကြပါတယ်။

    ဆေးရွက်ကြီးအမျိုးအစားတွေဖြစ်တဲ့ ဗာဂျီးနီးယား (ခေါ်) ကုလားဆေးရွက်နဲ့ မြန်မာ့ဆေးရွက်ကြီးနှစ်မျိုးကို နှစ်စဉ်နှစ်တိုင်းစိုက်ပျိုးပြီး မြန်မာဆေးရွက်ကြီးကို အများဆုံးစိုက်ပျိုးကြပါတယ်။

    ဆေးရွက်ကြီးကို ဆေးလိပ်ခုံတွေ၊ ကွမ်းယာဆိုင်တွေမှာ ကွမ်းစားဆေးအဖြစ်အသုံးပြုကြပြီး အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ ဓါတ်မတည့်ခြင်းတွေကို ပျောက်ကင်းစေတဲ့ အာနိသင်ရှိပါတယ်။

    ယခုနှစ်ပိုင်းအတွင်း ဆေးလိပ်ခုံလုပ်ငန်းတွေ နည်းပါးသွားခြင်း၊ ကုန်ကြမ်းဝယ်ယူသုံးစွဲမှု နည်းပါးသွားခြင်းနဲ့ ဝယ်လိုအားနည်းပြီး ဈေးကွက်မရှိခြင်းတို့ကြောင့် ဆေးရွက်ကြီးစိုက်ပျိုးမှုလုပ်ငန်းများ လျော့နည်းသွားပါတယ်။

    BETV Business မှ ကူးယူဖော်ပြပါသည်။

    -------------------------------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes9comments1
views1556